Tuesday 1 July 2014

ဝမ်းတွင်းမြို့ မှာ ဆိုင်ကယ်ဘေးချင်းယှဉ် လုယက်မှုကြောင့် အလုခံရသူ သေဆုံး

မန္တဘေးတိုင်း ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ၀မ်းတွင်းမြို့နယ်မှာ (၃၀-၆-၂၀၁၄)နေ့ နံနက်-၇-နာရီခန့်အချိန်က ရွှေတောင်တိုက်နယ်အပိုင်  မိုင်တိုင် ၃၇၂ မှာ မင်္ဂလာဆောင် သွားတဲ့ ဆိုင်ကယ်တစီးအား လုယက်မှုဖြစ် ပွားရာ လုယက်ခံရသူ အမျိုးသမီး တဦး သေဆုံးသွားကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါတယ်။

မင်္ဂလာဆောင် အသွား ဆိုင်ကယ်နောက်မှ လိုက်စီးလာသော ဒေါ်တင်မေ၏ လက်ထဲ ကိုင်ဆောင် ထား သော ပတ္တာအိတ်အား စူပါကပ် အစိမ်းရောင်နှင့် အမျိုးသား တစ်ဦး နောက်မှ လိုက်ကျော်ကာ လက်ထဲ ကိုင်ဆောင် ထားသော ပတ္တာအိတ်ကိုလုယူ ကြောင်း မျက်မြင်တွေ့ ရှိ သူတွေက ပြောပါတယ်။

အဆိုပါ လုယက်မှုကြောင့် ဒေါ်တင်မေ ဆိုင်ကယ်ပေါ်မှ လိမ့်ကျခါ ဦးခေါင်းဒဏ်ရာနှင့် ၀ဲဘက် လက်ကျိုး ခဲ့ရပါတယ်။ ဒဏ်ရာပြင်းထန် တာကြောင့် ၀မ်းတွင်းဆေးရုံမှ မန္တလေးဆေးရုံ အသွားလမ်းမှာ တင် သေဆုံး ပါတယ်။

ရွှေတောင်ရဲစခန်း အပိုင်အနီးတွင် ဖြစ်ပွားသောကြောင့် ရွှေတောင်စခန်းမှာ လုယက်မှု သေဆုံးမှုပုဒ်မ ၃၇၉ (ခါး) ၃၀၄(က)ဖြင့် အမှုဖွင့် စုံစမ်းလျှက်ရှိကြောင်း သစ်ထူးလွင် က စုံစမ်းသိရှိ ရပါတယ်။

From : Thit Htoo Lwin

No comments:

Post a Comment