Tuesday 1 July 2014

သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ

Photo: သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ
Tuesday, July 1, 2014

ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး မူငါးရပ် နှစ် (၆၀) ပြည့် အခမ်းအနားတက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည့် သမ္မတ ဦးသိန်းစိန်သည် ဇွန် ၃၀ ရက် ညပိုင်းက တရုတ်နိုင်ငံ လော့ရန်မြို့မှလေကြောင်းခရီးဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားသတင်း ထုတ်လွှင့်ချက်အရ သိရသည်။

တရုတ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်ကို သမ္မတဦးသိန်းစိန်သည် ဇွန် ၂၇ ရက်တွင် စတင်သွားရောက်ခဲ့ခြင်းဖြစ်ပြီး ကနဦးအဖြစ် တရုတ်သမ္မတ ရှီကျင်ပင်းနှင့်တွေ့ဆုံခဲ့ကာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နား လည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးမှု ပြုလုပ်ခဲ့သည်။

အဆိုပါ မြန်မာ-တရုတ်သဘောတူညီချက် နားလည်မှုစာချွန်လွှာများကို သမ္မတနှင့်အတူ လိုက်ပါသွားကြသည့် ၀န်ကြီးများနှင့် တရုတ်နိုင်ငံဘက်မှ သက်ဆိုင်ရာတာဝန်ရှိသူများက နှစ်နိုင်ငံခေါင်းဆောင်များရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့ကြပြီး မြန်မာ-တရုတ်ယဉ်ကျေးမှုစင်တာ အပြန်အလှန် ထူထောင်မှုဆိုင်ရာ နားလည်မှုသဘောတူညီချက်၊ ယဉ်ကျေးမှုအမွေအနှစ် အဆင့်မြှင့်တင်ရေးနှင့် ပူးပေါင်းရှာဖွေ ဖော်ထုတ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံစီမံချက်အတွက် ဖြစ်နိုင်စွမ်းလေ့လာမှုနှင့် နည်းပညာတက္ကသိုလ် (ရတနာပုံ) Cyber City အတွက် လိုအပ်သည့် ဆက်သွယ်ရေးကွန်ရက်ဆိုင်ရာ ပစ္စည်းများ အကူအညီပေးရေး ကိစ္စရပ်များ ပါဝင်ကြောင်း သိရသည်။

အလားတူ သမ္မတဦးသိန်းစိန်သည် တရုတ်အမျိုးသား ပြည်သူ့ကွန်ကရက်ဥက္ကဋ္ဌ မစ္စတာကျန်တဲကျန်းနှင့်လည်း ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေပြုရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံပြည်သူချင်း ဆက်ဆံမှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်သည် ဇွန် ၂၈ ရက်၌ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ ပြုလုပ်သည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီးငါးရပ်၏ နှစ်(၆၀) ပြည့် အထိမ်းအမှတ်ကွန်ဖရင့်သို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့်အိန္ဒိယနှစ်နိုင်ငံစလုံးသည် မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် ဆက်လက်ရပ်တည် သွားမည်ဟု ယုံကြည်ကြောင်းနှင့် အိမ်နီးချင်းကောင်း ဆက်ဆံရေးကို အလေးထားသွားမည်ဖြစ်ကြောင်း စသည့်ချစ်ကြည်ရေး မိန့်ခွန်းအား ပြောကြားခဲ့သည်။

ယင်းအပြင် ဇွန် ၂၈ တွင် သမ္မတ ဦး သိန်းစိန်သည် တရုတ်ဝန်ကြီးချုပ် လီခကျန်းနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ-တရုတ် နှစ်ဖက်ခေါင်းဆောင်များ၏ ဆွေးနွေးချက်အကြောင်းအရာများမှာ အကြမ်းဖျင်းထုတ်ပြန်ချက်များအရ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ တရုတ် စီး ပွားရေးစင်္ကြန် တည်ထောင်နိုင်ရေး၊ မြန်မာ- တရုတ်ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုကဏ္ဍ မြှင့်တင်နိုင်ရေး၊ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာအကူအညီပေးရေး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ ပညာရေး၊ ကျန်း မာရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးအပ်ရေး၊ အာဆီယံ- တရုတ် ဆက်ဆံမှုတိုးမြှင့်ရေးနှင့် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ယဉ်ကျေးမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတို့စသည့် ကိစ္စရပ်များပါဝင်ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်သည် Lingguang ဗုဒ္ဓစွယ်တော် ဘုရားကျောင်းသို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံဘက်က ဘုရားကျောင်းသို့ ကျောက်စိမ်းဆင်းတုတော်တစ်ဆူ လက်ဆောင်ပေးခဲ့ကာ ဘုရားကျောင်းကလည်း လက်ဆောင်ပြန်လည် ပေးအပ်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံဘက်က ပေးအပ်ခဲ့သော လက်ဆောင်ပစ္စည်းများတွင် ကျောက်မျက်ရတနာများနှင့် ကျောက်စိမ်းများပါဝင်ခဲ့ပြီး တန်ကြေးအနေဖြင့် ဒေါ်လာ ၄၂၉၂၈၀ တန်ဖိုးရှိကြောင်း ချိုင်းနားဒေးလီး၏ သတင်းဖော်ပြချက်အရ သိရသည်။

ဇွန် ၃၀ ရက်တွင် သမ္မတဦးသိန်းစိန်နှင့် မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ပေကျင်းမြို့မှ အထူးလေယာဉ်ဖြင့် ဟီနန်ပြည်နယ် လော့ရန်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး လော့ရန်မြို့ရှိ  မဟာစိနပဘာ ရွှေတိဂုံပုံစံတူစေတီတော် ထီးတော်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညိုခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြား ထုတ်လွှင့်ချက်အရ သိရသည်။

Eleven Media Group 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား အိန္ဒိယဒုတိယသမ္မတ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဒုတိယသမ္မတအပါအ၀င် တာဝန်ရှိသူအချို့နှင့် ပေကျင်းမြို့တွင် ပြုလုပ်သည့် ‘ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူငါးရပ်’ နှစ် ၆၀ ပြည့် ဓာတ်ပုံပြပွဲတွင် ဇွန် ၂၉ ရက်က တွေ့ရစဉ် (Photo: AFP)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား အိန္ဒိယဒုတိယသမ္မတ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ အပါအ၀င် တာဝန်ရှိသူအချို့နှင့် ပေကျင်းမြို့တွင် ပြုလုပ်သည့် ‘ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူငါးရပ်’ နှစ် ၆၀ ပြည့်ဓာတ်ပုံပြပွဲတွင် ဇွန် ၂၉ ရက်က တွေ့ရစဉ် (Photo: AFP)
ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး မူငါးရပ် နှစ် (၆၀) ပြည့် အခမ်းအနားတက်ရောက်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည့် သမ္မတ ဦးသိန်းစိန်သည် ဇွန် ၃၀ ရက် ညပိုင်းက တရုတ်နိုင်ငံ လော့ရန်မြို့မှလေကြောင်းခရီးဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာကြောင်း နိုင်ငံပိုင် ရုပ်မြင် သံကြားသတင်း ထုတ်လွှင့်ချက်အရ သိရသည်။

တရုတ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်ကို သမ္မတဦးသိန်းစိန်သည် ဇွန် ၂၇ ရက်တွင် စတင်သွားရောက် ခဲ့ခြင်းဖြစ်ပြီး ကနဦးအဖြစ် တရုတ်သမ္မတ ရှီကျင်ပင်းနှင့်တွေ့ဆုံခဲ့ကာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နား လည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးမှု ပြုလုပ်ခဲ့သည်။

အဆိုပါ မြန်မာ-တရုတ်သဘောတူညီချက် နားလည်မှုစာချွန်လွှာများကို သမ္မတနှင့်အတူ လိုက်ပါသွားကြ သည့် ၀န်ကြီးများနှင့် တရုတ်နိုင်ငံဘက်မှ သက်ဆိုင်ရာတာဝန်ရှိသူများက နှစ်နိုင်ငံခေါင်းဆောင် များရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့ကြပြီး မြန်မာ-တရုတ်ယဉ်ကျေးမှုစင်တာ အပြန်အလှန် ထူထောင်မှု ဆိုင်ရာ နားလည်မှုသဘောတူညီချက်၊ ယဉ်ကျေးမှုအမွေအနှစ် အဆင့်မြှင့်တင်ရေးနှင့် ပူးပေါင်းရှာဖွေ ဖော်ထုတ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံစီမံချက်အတွက် ဖြစ်နိုင်စွမ်းလေ့လာမှုနှင့် နည်းပညာတက္ကသိုလ် (ရတနာပုံ) Cyber City အတွက် လိုအပ်သည့် ဆက်သွယ်ရေးကွန်ရက်ဆိုင်ရာ ပစ္စည်းများ အကူအညီပေးရေး ကိစ္စရပ်များ ပါဝင်ကြောင်း သိရသည်။

အလားတူ သမ္မတဦးသိန်းစိန်သည် တရုတ်အမျိုးသား ပြည်သူ့ကွန်ကရက်ဥက္ကဋ္ဌ မစ္စတာကျန်တဲကျန်းနှင့် လည်း ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေပြုရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံပြည်သူချင်း ဆက်ဆံမှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်သည် ဇွန် ၂၈ ရက်၌ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ ပြုလုပ်သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီးငါးရပ်၏ နှစ်(၆၀) ပြည့် အထိမ်းအမှတ်ကွန်ဖရင့်သို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့်အိန္ဒိယနှစ်နိုင်ငံစလုံးသည် မြန်မာနိုင်ငံ၏ မဟာ ဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် ဆက်လက်ရပ်တည် သွားမည်ဟု ယုံကြည်ကြောင်းနှင့် အိမ်နီး ချင်းကောင်း ဆက်ဆံရေးကို အလေးထားသွားမည်ဖြစ်ကြောင်း စသည့်ချစ်ကြည်ရေး မိန့်ခွန်းအား ပြောကြား ခဲ့သည်။

ယင်းအပြင် ဇွန် ၂၈ တွင် သမ္မတ ဦး သိန်းစိန်သည် တရုတ်ဝန်ကြီးချုပ် လီခကျန်းနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ-တရုတ် နှစ်ဖက်ခေါင်းဆောင်များ၏ ဆွေးနွေးချက်အကြောင်းအရာများမှာ အကြမ်းဖျင်းထုတ်ပြန်ချက် များ အရ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ တရုတ် စီး ပွားရေးစင်္ကြန် တည်ထောင်နိုင်ရေး၊ မြန်မာ- တရုတ် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု ကဏ္ဍ မြှင့်တင်နိုင်ရေး၊ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် နည်းပညာအကူအညီပေးရေး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင် အထည်ဖော်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ပိုမို ပူးပေါင်းဆောင် ရွက်ရေး၊ ပညာရေး၊ ကျန်း မာရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူ အညီပေးအပ်ရေး၊ အာဆီယံ- တရုတ် ဆက်ဆံမှုတိုးမြှင့်ရေးနှင့် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေး ချမ်းရေး ဆိုင်ရာ ကိစ္စရပ်များ၊ ယဉ်ကျေးမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတို့စသည့် ကိစ္စရပ်များ ပါဝင်ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်သည် Lingguang ဗုဒ္ဓစွယ်တော် ဘုရားကျောင်းသို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံဘက်က ဘုရားကျောင်းသို့ ကျောက်စိမ်းဆင်းတုတော်တစ်ဆူ လက်ဆောင်ပေးခဲ့ကာ ဘုရားကျောင်းကလည်း လက်ဆောင်ပြန်လည် ပေးအပ်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံဘက်က ပေးအပ်ခဲ့သော လက်ဆောင်ပစ္စည်း များ တွင် ကျောက်မျက်ရတနာများနှင့် ကျောက်စိမ်းများပါဝင်ခဲ့ပြီး တန်ကြေးအနေဖြင့် ဒေါ်လာ ၄၂၉၂၈၀ တန်ဖိုး ရှိကြောင်း ချိုင်းနားဒေးလီး၏ သတင်းဖော်ပြချက်အရ သိရသည်။

ဇွန် ၃၀ ရက်တွင် သမ္မတဦးသိန်းစိန်နှင့် မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ပေကျင်းမြို့မှ အထူးလေယာဉ်ဖြင့် ဟီနန်ပြည်နယ် လော့ရန်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး လော့ရန်မြို့ရှိ  မဟာစိနပဘာ ရွှေတိဂုံပုံစံတူစေတီတော် ထီးတော်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညိုခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြား ထုတ်လွှင့်ချက်အရ သိရသည်။

Eleven Media Group 

No comments:

Post a Comment