Tuesday 1 July 2014

ယာဉ်ထိန်းတပ်ဖွဲ့နှင့် ပို့ဆောင်ရေးစီမံကိန်းဦးစီးတို့ပူးပေါင်း၍ ကြားကားပြေးဆွဲမှုအရေးယူနေ

ရန်ကုန်၊ ဇွန် ၃၀- ရန်ကုန်တိုင်း ဒေသကြီး၊ စည်ပင်သာယာနယ်နိမိတ် အတွင်း လုပ်ငန်းလိုင်စင်မရှိဘဲကြား ကားပြေးဆွဲမှု များအား တိုင်းဒေသ ကြီး ယာဉ်ထိန်းတပ်ဖွဲ့မှ အရေးယူ နေသည့်အပြင် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနကလည်း ဒဏ်ငွေများချ မှတ်အရေးယူနေသည်ဟု အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ သိရှိရ သည်။

လုပ်ငန်းလိုင်စင်မရှိဘဲ ကြားကား ပြေးဆွဲမှု အများဆုံးမြို့နယ်များမှာ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက် ဥက္ကလာပမြို့နယ်နှင့် သင်္ဃန်းကျွန်း မြို့နယ်များဖြစ်ပြီး ပိုမိုထိရောက်သော အပြစ်ဒဏ်များချမှတ်ပြီး ယခုထက် ပို၍ ဖမ်းဆီးမှုများဆက် လက်လုပ် ဆောင်သွားမည်ဟု အမှတ်(၂)ယာဉ် ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးကြီး လင်းထွဋ်က ပြောသည်။

''လုပ်ငန်းလိုင်စင်မရှိဘဲ ကြား ကားပြေးဆွဲနေမှုကို ဖမ်းဆီးပြီးယာဉ် ထိန်းတရားရုံးတွေမှာ ပုဒ်မ ၃/၆၃ အရဒဏ်ငွေ ၁၅၀၀ ချမှတ်တဲ့အပြင် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနက လဲ လုပ်ငန်းလိုင်စင်မရှိတဲ့အတွက် ဒဏ်ငွေ ၃၀၀၀၀ ချမှတ်ပြီး ထိရောက် ပြင်းထန်တဲ့ အပြစ်ဒဏ်များချမှတ် ဆောင်ရွက်သွားမယ်''ဟု ဒုရဲမှူး ကြီးလင်းထွဋ်က ပြောသည်။

ကြားကားများတိမ်းမှောက်မှု ဖြစ်ပါက မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံထိန်းသိမ်းကြီးကြပ်မှုကော် မတီ-မထသ၌ မှတ်ပုံတင်ထားခြင်း မရှိသည့်အတွက် ခရီးသည်များ အပေါ် တာဝန်ယူမှုနည်းပါးမည်ဖြစ် ကြောင်း၊ သာမန်လိုင်းကား များထက် ဈေးပိုပေးနေရသောကြောင့် ပုံမုန် ပြေးဆွဲနေသည့် မထသမော်တော် ယာဉ်လိုင်းများညဘက်၌ ပိုမိုပြေး ဆွဲပေးစေလိုသည်ဟု ရွှေပြည်သာ မြို့နယ်နေကိုမင်းဆက်က ဆိုသည်။

''အလုပ်နောက်ကျလို့ ပြန်တဲ့ နေ့ကဆိုရင် လိုင်းကားကလဲမရှိ၊ ကြား ကားပြေးဆွဲနေတဲ့ လိုက်ထရက်တစ်စီး ပဲရှိတယ်။ ကားခလည်း ၅၀၀ တောင် ပေးရတယ်။ လိုင်းကားတွေကခေါက် ရေပြည့်သွားတော့ မထွက်ကြတာ လဲရှိတယ်၊ ဒီကြားကားတွေက အာမ ခံချက်မရှိတာတော့သိတယ်။ ဒါပေမဲ့ စီးနေရတယ်။ လိုင်းကားတွေကို နည်းနည်းညဉ့်နက်တဲ့ အထိ ပြေးဆွဲ ပေးစေချင်တယ်''ဟု ကိုမင်းဆက်က ပြောသည်။

ဇွန်လတတိယအပတ် ရန်ကုန် စည်ပင်သာ ယာနယ်နမိတ်အတွင်း လုပ်ငန်းလိုင်းစင်မဲ့ ပြေးဆွဲနေသည့် ကြားကား ပေါင်း ၂၄ စီးကို ဖမ်းဆီး ခဲ့ပြီး ဇွန်၂၄ ရက်မှစတင်ကာ စံပြ ဈေးအနီးယာဉ်စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့များမှ စည်ကမ်းမဲ့ယာဉ် ရပ်နားမှုများကို ဖမ်းဆီးရာ သုံးရက် အတွင်း စည်းကမ်းမဲ့ယာဉ် ၇၂ မှု ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

Yangon Media Group 

No comments:

Post a Comment