Tuesday 1 July 2014

လာလာနာကို လီဗာပူးလ် အပြီးသတ်ခေါ်ယူ

လီဗာပူးလ်အသင်းသည် ဆောက်သမ်တန် ကွင်းလယ်လူ အဒမ်လာလာနာကို အပြီးသတ် ခေါ်ယူလိုက်ပြီ ဖြစ်သည်။


အသက်(၂၆)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်သည် ပေါင်စတာလင် (၂၅)သန်းတန် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် လီဗာပူးလ်သို့ ကူးပြောင်းခဲ့ခြင်းဖြစ်ကြောင်း The Sunသတင်းစာက ဖော်ပြခဲ့သည်။ ၎င်းသည် လီဗာပူးလ်နှင့် ဆေးစစ်မှု အောင်မြင်ပြီးမြောက်ပြီးနောက် အသင်းနှင့် စာချုပ်လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ လာလာနာသည် လီဗာပူးလ် အသင်းတွင် ကျောနံပါတ် (၂၀)ကို ဝတ်ဆင်မည်ဟုလည်း သိရသည်။ 

"ခုလိုမျိုး ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်ခုမှာ ကစားချင်တဲ့ ကျွန်တော့်ဆန္ဒ လက်တွေ့ ဖြစ်မြောက်လာပါပြီ။ ချန်ပီယံလိဂ်မှာ ပါဝင်ကစားပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ကြိုးစား တိုက်ပွဲဝင်သွားချင်ပါတယ်"ဟု လာလာနာက The Sunသို့ ပြောကြားခဲ့သည်။ အစောပိုင်းက လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာက ကစားသမားသစ်တစ်ဦး ခေါ်ယူရန် အလွန်နီးစပ်နေပြီဟု ပြောဆိုခဲ့ပြီးနောက် (၂၄)နာရီအတွင်း လာလာနာ အပြောင်းအရွှေ့အတွက် ဆောက်သမ်တန်နှင့် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

လီဗာပူးလ်သည် ယခုနွေရာသီ ဈေးကွက်တွင် ဆောက်သမ်တန် တိုက်စစ်မှူး ရစ်ကီလမ်းဘတ်ကို ခေါ်ယူထားပြီး ဘေယာလေဗာကူဆင် ကွင်းလယ် ကစားသမားလေး အမ်မရီကန်ကို ခေါ်ယူရန်လည်း အကြိုသဘောတူညီမှု ရရှိထားသည်။

Soccer Myanmar

No comments:

Post a Comment