Wednesday 23 April 2014

ပြန်လည်ဖြစ်ပွားလာသော တိုက်ပွဲများကြောင် KIA တပ်ဖွဲ့ဝင်များ အလင်းဝ င်ရောက်မှု ပိုမိုများပြား


အေပြီလဆန်းပိုင်းတွင် ပြန်လည်ဖြစ်ပွားလာသော တိုက်ပွဲများကြောင့် KIA တပ်ဖွဲ့ဝင်များ အလင်း ၀င်ရောက် လာကြရာ အေပြီ ၂၂ ရက်နေ့တွင် KIA တပ်ဖွဲ့ဝင် (၂) ဦး လက်နက်မဲ့ထပ်မံ အလင်းဝင်ရောက် လာ ခဲ့ကြောင်း မြစ်ကြီးနားမြို့ ဌာနဆိုင်ရာရုံးတစ်ရုံးမှ သိရှိရသည်။
အလင်းဝင်ရောက်လာသော KIA တပ်ဖွဲ့ဝင် (၂) ဦးမှာ KIA တပ်မဟာ (၁) ၊ တပ်ရင်း (၁၀) မှ ကိုယ်ပိုင် အမှတ် A – ၅၇၀၀၇ တပ်သားအဆင့်ရှိ လဂျွန်အောင်းခေါင်နှင့် ကိုယ်ပိုင်အမှတ် A - ၅၇၀၁၂ တပ်သားအဆင့်ရှိ မန်ပျော့ခေါင်ဟောင်းတို့ ဖြစ်ကြသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လဂျွန်ဇောင်းခေါင်သည် မန်ပျော့ကျေးရွာရှိ နေ အိမ်မှ တောင်ယာ ထဲသို့ တောင်ယာလုပ်ရန်သွားစဉ် KIA အဖွဲ့တစ်ဖွဲ့မှ ၎င်းနှင့်အတူရွာသား (၈) ဦးအား လူသစ် အဖြစ် အတင်း အကြပ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ၎င်း အနေဖြင့် KIA တွင် ဆက်လက် တာဝန်မထမ်းဆောင်ချင် တော့သဖြင့် လက်နက်မဲ့ အလင်းဝင်လာခြင်းဖြစ်ကြောင်းနှင့် အတူဖမ်းဆီးခံရသော ရွာသားများမှာ ယနေ့အချိန် ထိ KIA အဖွဲ့ထဲ၌ တာဝန်ထမ်းဆောင်နေရကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မန်ပျော့ကျေးရွာနေ မန်ပျော့ခေါင်ေ ဟာင်းနှင့် ရွာသား (၄) ဦးအား KIA မှ လူသစ်အဖြစ် ထပ်မံဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း၊ လတ်တလောဖြစ်ပွားလာသော တိုက်ပွဲများတွင် KIA တပ်ဖွဲ့ဝင်များမှာ ထိခိုက်ကျဆုံးမှုများပြီး စိတ်ဓါတ်ကျဆင်းမှု၊ အနေအထိုင်ဆ င်းရဲမှုတို့ ကြောင့် ဆက်မနေရဲတော့ဘဲ ယခုကဲ့သို့ အလင်းဝင်လာခြင်ြး ဖစ်ကြောင်း သိရသည်။

“ ဒီအေပြီလဆန်းပိုင်းထဲမှာ တိုက်ပွဲတွေ ပြန်ဖြစ်တာကြောင့် KIA စခန်းတွေ အသိမ်းခံရတယ်၊ KIA ခေါင်းဆောင်ပိုင်းက အောက်လက်ငယ်သားတွေကို ပြန်မကြည့်ဘူးလို့ ယူဆနေကြတယ်၊ လစာလည်း မရ၊ အနေအထိုင်ကလည်း ဆင်းရဲ၊ စားစရာသောက်စရာကလည်း အပြည့်အ၀မရှိတော့ KIA တပ်ဖွဲ့ဝ င်တွေ စိတ်ဓါတ်ကျလာကြတာပေါ့၊ တိုက်ပွဲတွေ ဆက်ဖြစ်နေရင် အသက်အန္တ ရာယ်အတွက် အာမခံချက်မရှိတာ ကြောင့် အလင်းဝင်လာတာလို့ သူတို့က ပြောပါတယ် ” ဟု ယင်းရုံးမှ အရာရှိတစ်ဦးက ဆိုသည်။

ကချင်ပြည်နယ်နေရာအချို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမှုကြောင့် အေပြီလဆန်းပိုင်းမှစ၍ KIA တပ်ဖွဲ့ဝင်များ လက်နက်မဲ့ အလင်းဝင်ရောက်မှု ပိုမိုများပြားလာကြောင်းနှင့် တိုက်ပွဲများတွင် အသက် အန္တရာယ်စိုး ရိမ်ရသ ည့်အတွက် နောက်ထပ်အလင်းဝင်လာမည့် KIA တပ်ဖွဲ့ဝင်များလည်း အများအပြား ရှိ နေကြောင်း၊ အလင်းဝင်ရောက်လာသော KIA တပ်ဖွဲ့ဝင် (၂) ဦး၏ ထွက်ဆိုချက်အား ယင်းအရာရှိမှ ဆက်လက်ပြောကြား ခဲ့သည်။

ဇော်မိုင်
From : KDN

No comments:

Post a Comment