Wednesday 23 April 2014

ငွေချေးသက်သေခံလက်မှတ် နည်းဥပဒေ ရေးဆွဲပြီးဟုဆို

အရင်းအနှီး ဈေးကွက်ကို ကိုင်တွယ် ကြပ်မတ်မည့် အရေးကြီး နည်းဥပဒေဖြစ်သော ငွေချေး သက်သေခံ လက် မှတ်များ လဲလှယ် ရောင်းဝယ်ရေး နည်းဥပဒေကို ရေးဆွဲပြီးပြီ ဖြစ်ကြောင်း မြန်မာငွေချေး သက်သေခံ လက်မှတ်များ ရောင်းဝယ်ရေး ကုမ္ပဏီ (MSEC) မှ ညွှန်ကြားရေးမှူး ဒေါ်တင်မေဦးက The Voice သို့ ပြော ကြားသည်။
အဆိုပါ နည်းဥပဒေကို ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ရှေ့နေချုပ်ရုံးတို့ကို တင်ပြထားပြီး ထွက်ပေါ်လာမည့် စတော့အိတ်ချိန်း တစ်ခုလုံးကို ကြီးကြပ် ကွပ်ကဲမည့် ငွေချေး သက်သေခံ လက်မှတ်များ လဲ လှယ်ရောင်းဝယ်ရေး ကော်မရှင် (SEC) ဖွဲ့စည်းနိုင်ရန်လည်း ဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါနည်းဥပဒေ၊ SEC ကော်မတီ ဖွဲ့စည်းမှုနှင့် စတော့အိတ်ချိန်း ကုမ္ပဏီ တည်ထောင်မှုတို့ကို ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း အပြီးသတ် လုပ်ဆောင်သွားမည်ဟု ယခုနှစ် ဇန်နဝါရီလ အတွင်းက ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြား ထားသော်လည်း ယနေ့ထိ ဆောင် ရွက်နိုင်ခြင်း မရှိသေးပေ။

စတော့အိတ်ချိန်းနှင့် ယင်းတွင် ပါဝင်ကြမည့် ကုမ္ပဏီများ၊ စတော့ရှယ်ယာ ပွဲစားများနှင့် အခြား အဖွဲ့အစည်း များအတွက် လိုအပ်သော စည်းမျဉ်း စည်းကမ်းများကို နည်းဥပဒေတွင် ထည့်သွင်း ရေးဆွဲထားပြီး Securities ကုမ္ပဏီများအတွက် မတည်ငွေရင်းနှင့် ကျန်အချက်အလက်များကို SEC ကော်မရှင် ဖွဲ့စည်း ပြီးနောက်မှ အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်၍ ဆက်လက် ဆောင်ရွက်မည်ဟု ဒေါ်တင်မေဦးက ဆိုသည်။

၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် ရန်ကုန် စတော့အိတ်ချိန်း ကုမ္ပဏီကို မြန်မာ့စီးပွားရေးဘဏ်၊ တိုကျို စတော့အိတ်ချိန်းနှင့် ဒိုင်ဝါ လုပ်ငန်းစုတို့ ပူးပေါင်း၍ ဖက်စပ် ကုမ္ပဏီအဖြစ် တည်ထောင် သွား ဖြစ်ကြော င်း ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားထားသည်။

The Voice Weekly

No comments:

Post a Comment