အသက် ၃၇ နှစ်အရွယ် Naomi Michelle Coleman ဆိုသူ ဗြိတိန်အမျိုးသမီးခရီးသွားတစ်ယောက်ကို သီရိ လင်္ကာနိုင်ငံ ၊ ကိုလံဘိုမြို့ တော်က Bandaranaike အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သီရိလင်္ကာ အာဏာပိုင် တွေက တင်္နလာနေ့ က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူမဟာ အိန္ဒိယနိုင်ငံကနေ သီရိ လကာင်္နိုင်ငံ ကို လေယာဉ်နဲ့  ရောက်ရှိလာသူပါ။
သူမ ကိုဖမ်းဆီးပြီးမကြာမီမှာပဲ သီရိလင်္ကာရာဇ၀တ်တရားသူကြီးက ပြည်နှင်ဒဏ်အမိန့် ချမှတ်ခဲ့တယ်လို့  သိရ ပါတယ်။ လက်ရှိတော့ နိုင်ငံခြားသားထိန်းသိမ်းရေးစင်တာမှာ သူမကို ထိန်းသိမ်းထားတယ်လို့  သိရ ပါတယ်။
သိရီလင်္ကာနိုင်ငံဟာ ဗုဒ္ဓဘာသာကို အလေးထားကိုးကွယ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အာဏာပိုင်တွေဟာ ဗုဒ္ဓ ဘာသာကို စော်ကားရာရောက်တဲ့ အပြုအမူတွေအပေါ် ပြင်းထန်တဲ့ပြစ်ဒဏ်ချမှတ်လေ့ရှိပါတယ်။
လွန်ခဲ့တဲ့နှစ်တုန်းကလည်း Notthingham မြို့ သား Anthony Ratcliffe ကို ဗုဒ္ဓရုပ်ပွားတော်ပုံ ဆေးမင် ပါရှိမှုကြောင့် နိုင်ငံထဲ ၀င်ခွင့်တားမြစ်ခဲ့ပြီး ပြင်သစ်ခရီးသွားသုံးယောက်ကိုလည်း ဗုဒ္ဓရုပ်ပွားတော်ကို နမ်းရှုံ့ ခဲ့ မှုကြောင့် ထောင်ဒဏ်ချမှတ်ခဲ့ပါသေးတယ်။
Trend Myanmar
No comments:
Post a Comment