Wednesday 23 April 2014

ငြိမ်းချမ်းရေးလမ်းနှင့် တားသောလက်များ

Photo: ငြိမ်းချမ်းရေးလမ်းနှင့် တားသောလက်များ

ဧပြီလ ၂၃ ရက် ၂၀၁၄ ခုနှစ်

KIA အကြောင်းပြောရင် ဒုစစ်ဦးချုပ်ဗိုလ်ချုပ်ဂွမ်မော်ကို မေ့ထားလို့မဖြစ်ပါဘူး။ အနာဂတ် ငြိမ်းချမ်းရေး လမ်းကြောင်းအတွက် မရှိမဖြစ်တဲ့သူလို့ မီဒီယာအတော်များများက တစ်ပေးထားတဲ့သူပါ။ ဗိုလ်ချုပ်ဂွမ်မော်ဟာ ကချင် တိုင်းရင်းသားမျိုးနွယ်ဝင် အဇီးအမျိုးသားတစ်ယောက်ဖြစ်ပါတယ်။ KIA ထဲမှာ ဂျိန်းဖောမျိုးနွယ်စုတွေ ကြီးစိုးနေချိန်မှာ ရှားရှားပါးပါး လူကြီးလာဖြစ်တဲ့ အဇီးတစ်ယောက်ပါပဲ။ ဒါ့ပြင် ကွန်ဆာဗေးတစ်တွေကြီးစိုးတဲ့ KIO ဌာနချုပ်မှာလည်း လစ်ဘရယ်သမား ဗိုလ်ချုပ်ဂွမ်မော်ဟာ ရုပ်သေးရုပ်ဘဝကို တွန်းလှန်ပြီး လမ်းသစ်ဖောက်ဖို့ ကြိုးစားတဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်ဂွမ်မော်ကို အစိုးရဘက်ကရော မီဒီယာတွေကပါ ယုံကြည်မှုတွေ ပေးခဲ့ ကြပါတယ်။ 

ဒါပေမယ့် မင်းခစားတစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ဂွမ်မော်ဟာ လက်ဝဲသုန္ဒရအမတ်ကြီးလို အန္တသူရိယ အမတ်ကြီးလို မင်းမျက်မကင်းရှာပါဘူး။ စောလူးမင်းကိုခစားပြီး နန်းတင်ဖို့ကြိုးစားတဲ့ ကျန်စစ်သားကိန်း ဆိုက်သွားရှာ ပါတယ်။ KIO ဥက္ကဋ္ဌ ဇောင်းဟားရားနှင့် စစ်ဦးစီးချုပ် ဂန်ရှောင်တို့က ဗိုလ်ချုပ်ဂွမ်မော်ကို မကြည်တော့ပါဘူး။ မြန်မာ့ မီဒီယာတွေအကြား တခမ်းတနားဖော်ပြခံရတဲ့ ဗိုလ်ချုပ်ဂွမ်မော်က ပြည်သူလူထုရဲ့ ယုံကြည်မှုရပြီး ပြည်ထောင်စု စိတ်ဓာတ်ကိန်းအောင်းသွားမှာကို မလိုလားကြပါဘူး။ ဒါ့ပြင် အစိုးရနှင့် သဘောတူညီမှုတွေရပြီး KIA တပ်ကိုခွဲထုတ် သွားမလားလို့လည်း စိုးရိမ်လာကြပါတယ်။ တကယ်လို့ အစိုးရနှင့် ပြေလည်ပြီး ငြိမ်းချမ်းရေးရခဲ့လို့ KIA ဟာ နိုင်ငံရေး လမ်းကြောင်းပေါ်တည့်သွားပြီး ရွေးကောက်ပွဲဝင်ခဲ့ရင်လည်း အနာဂတ်ရဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ်ဆိုတဲ့ လမ်းကြောင်း ဟာ တန်းနေပါတယ်။ ဒါဘာ့ကြောင့်ပါလဲ… 

KIA တပ်ထဲမှာ ပညာတတ်ပြီး အောက်ခြေကတက်လာပေမယ့် ကချင်မျိုးနွယ်စုထဲမှာ အနှိမ်ခံအဇီးလူမျိုးစု တစ်ယောက်ဖြစ်နေတာက ပြဿနာရဲ့ အခြေခံပါ။ ဗိုလ်ချုပ်ဂွမ်မော်ဟာ KIA တပ်အပေါ် သြဇာညောင်းပြီး ခေါင်းဆောင် ပီသတဲ့ တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ ပါးနပ်မှုရှိသလို ရဲဘော်တွေကိုလည်း ကောင်းကောင်း ထိန်းနိုင်ပါတယ်။ ရခိုင်တပ်ရင်းက ဖားကန့် ကုလားပြဿနာမှာ KIA က မွတ်ဆလင်တွေကို လက်နက်ထုတ်ပေးတာနှင့် ပတ်သက်ပြီး မကျေမနပ်ဖြစ်ခဲ့တာကို ဗိုလ်ချုပ်ဂွမ်မော်ကပဲ တာဝန်ယူ ဖြေရှင်းပေးခဲ့တာပါ။ သူက အဲလို နိုင်ငံရေးပါးလည်း ဝပါတယ်။ အစိုးရဘက်ကလည်း ယုံကြည်မှုရှိလို့ ရန်ကုန်ကိုဆင်းလာပြီး ကုန်သည်ကြီးများ ဟိုတယ်မှာ သတင်းထောက်တွေနှင့် ကျကျနနတွေ့နိုင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း သူပဲတက်ခဲ့တာမို့ အစိုးရဘက်ကလည်း လေးစား ယုံကြည်မှုရှိပါတယ်။ ဒီလိုအောင်မြင်မှုရတာကို KIO ဥက္ကဋ္ဌ နှင့် စစ်ဦးစီးချုပ်က သံသယဖြစ်လာပါတယ်။ ဘာလို့လည်း ဆိုတော့ KIO ထဲမှာသူ့လောက် ပြည်သူကြိုက်တဲ့သူ တစ်ယောက်မှ မရှိသလို ပြည်မကတိုင်းရင်းသားတွေ၊ တောင်ပေါ် က လက်နက်ကိုင်တိုင်းရင်းသားတွေနှင့် နိုင်ငံရေးပါတီတွေကြားမှာ ရေပန်းစားသူဖြစ်လို့ သူသာခွဲထွက်သွားရင် ကျိန်းသေ တစ်စင်ထောင်နိုင်လို့ပါပဲ။ 

ဒီလိုအနာဂတ်အလားအလာတွေကြောင့် သူ့အထက်လူကြီးတွေက ဗိုလ်ချုပ်ဂွမ်မော်ကို ကြောက်လာကြ ပါတယ်။ ဒါကြောင့် ဖယ်ရှားဖို့ကြံတယ်ဆိုတဲ့ သတင်းတွေထွက်လာပြီး အကျယ်ချုပ်ကျခံနေရတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒါ့ပြင် KIA ရဲ့ သစ်လမ်းကြောင်းများပိတ်ဆို့ခံရခြင်းဟာလည်း ဗိုလ်ချုပ် ဂွမ်မော်ရဲ့ ပေါ့ဆမှု ကြောင့်လို့ ယူဆထားကြပါတယ်။ ဒါကြောင့် အကျယ်ချုပ်ကျတာဟာ သူ့ပြစ်မှုထက်စာရင် သက်သာတယ်လို့ KIO နှင့် နီးစပ်သူတွေက ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကို ဦးဘရန်ဆိုင်းလက်ထက်ကချမှတ်ခဲ့တဲ့ သေဒဏ်ထိုက်တဲ့ စည်းကမ်းချက်(၁၈)ချက်ရှိခဲ့ပြီး၊ ဗိုလ်ချုပ် ဂွမ်မော်က အချက် (၂) ချက်နဲ့ ငြိစွန်းအပြစ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်နေသော်လည်း အစိုးရတပ်နဲ့ တိုက်ပွဲတွေပြန်ဖြစ်နေတာ စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုရှိတာတွေကြောင့် သွေးချင်းညီအစ်ကိုများနှင့် ပြေလည်အောင် မဆက်ဆံဘူး၊ တပ်ဖွဲ့အတွက်မဟုတ်ဘဲ ကိုယ်ကျိုးစီးပွားရှာတယ်ဆိုတဲ့ စည်းကမ်းချက်တွေနဲ့ အပြစ်ရှိတယ်လို့ ဆိုပါတယ်။ 

သို့သော်လည်း အစိုးရနှင့် အနာဂတ်ဆွေးနွေးစရာများ ကျန်ရှိနေသေးတဲ့အတွက် သေဒဏ်မပေးဘဲ ကျန်းမာရေးကို အကြောင်းပြပြီး မီဒီယာများရဲ့မျက်စေ့အောက်က ဖယ်ထုတ်ကာ အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့ဟန် ရှိပါတယ်။ သို့သော်လည်း ဘွမ်ဝန် လရော်နှင့် KIO ၏ နယ်ဘက်ဌာနဖြစ်တဲ့ KIC ဒုဥက္ကဋ္ဌ အင်ဘန်လတို့ မတ်လ ၁၉ ရက်နေ့မှာ စင်ကာပူမှ လိုင်ဇာသို့ ပြန်ရောက်လာပြီး ဗိုလ်ချုပ် ဂွမ်မော်ကို ရာထူးပြန်ခန့်ဖို့ ဖိအားပေးခဲ့လို့ အကျယ်ချုပ်ကလွှတ်ပြီး မူလရာထူးကို ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ကျန်းမာရေးအရ အနားယူခဲ့ခြင်း ဖြစ်ကြောင်း သက်သေပြဖို့ ယူနီဖောင်းဖြင့် အွန်လိုင်းမှဓာတ်ပုံထုတ်ပြန်ကာ ပုံမှားရိုက်ခဲ့ကြပါသေးတယ်။ ဒါ့ကြောင့် ပြင်ပမီဒီယာများအကြား ဗိုလ်ချုပ် ဂွမ်မော် ထိန်းသိမ်းခံရခြင်းမှာ ကောလာဟလသဖွယ်ဖြစ်ခဲ့ရပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် လာမည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်တော့ ဗိုလ်ချုပ်ဂွမ်မော် တက်ရောက်ဆွေးနွေးလိမ့်ဦး မှာဖြစ်ပါတယ်။ သို့သော် သူ၏ လွတ်လပ်သောသဘောထားအမြင်များ၊ ငြိမ်းချမ်းရေးစိတ်ဓာတ်များ၊ လစ်ဘရယ်ဆန် သော ပျော့ပြောင်းသည့်အယူအဆများကတော့ အချုပ်အချယ်အကန့်
အသတ်ခံနေရပြီ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး အတွက် ဆောင်ကျဉ်းနိုင်မည်လား၊ အထက်ပုဂ္ဂိုလ်တို့၏ ကွန်ဆာဗေးတစ် အယူအဆများအကြား နစ်မြှုပ်ခံရမည်လား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမည့် ကိစ္စတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ် ဂွမ်မော်ကို ငြိမ်းချမ်းရေး ဆောင်ကြဉ်း နိုင်မယ့်သူလို့ ကချင်ပြည်သူများက မျှော်လင့်လျက်ရှိကြပေမယ့် KIO ခေါင်းဆောင်ပိုင်းက ရှေးရိုးစွဲအယူအဆများ ကိုင်စွဲပြီး ထိပ်တိုက်ရင်ဆိုင်ရေး လမ်းကြောင်းဆီသို့သာ ဦးတည်နေပါတယ်။ 

KIO/KIA အဖွဲ့ဟာ ၀န်ကြီးချုပ် ဦးနုရဲ့ အစိုးရလက်ထက်မှာ ဘာသာရေး လူမျိုးရေးကို အခြေခံပြီး လက်နက်စွဲကိုင် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စုက ခွဲထွက်ပြီး သီးခြားဝမ်ပေါင်နိုင်ငံ ထူထောင်ဖို့ စိတ်ကူးယဉ်ခဲ့တာပါ။ ခုနောက်ပိုင်းမှာတော့ ပြည်နယ်အတွင်းက သယံဇာတတွေကို KIO ခေါင်းဆောင်ပိုင်းက လက်ဝါးကြီးအုပ်လိုမှု၊ အာဏာယစ်မူးမှု၊ အာဏာကို လက်မလွှတ်လိုမှုတွေကြောင့် မူလရည်မှန်းချက်တွေ ပျောက်ကွယ် သွားပြီး KIA တပ်ဖွဲ့တွေကို သူတို့ရဲ့လက်ရှိရာထူး အာဏာတည်မြဲရေးနှင့် ပုဂ္ဂလိကအကျိုးစီးပွား အတွက်သာအသုံးချပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုတဲ့ အသံကောင်းကိုသာဟစ်ရင်း ငြိမ်းချမ်းရေး၏ အခြားတစ်ဘက်မှ ကြိုးဆွဲနေဦးမည် သာဖြစ်ပါ တယ်။ 

ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်တို့မှာ ဒိုင်ယာလော့ခ်စားပွဲဝိုင်းဆွေးနွေးပွဲများ မအောင်မြင်ပါလျှင် စစ်ရေး နည်းလမ်းဖြင့်ဖြေရှင်းခြင်းဆိုတဲ့ နောက်ဆုံးနည်းလမ်းကို ပြန်လည်ကူးပြောင်းသွားတတ်ပါတယ်။ စစ်ပွဲများ တစ်ဖန် ဖြစ်ပွားလာရင်တော့ ကချင်တိုင်းရင်းသားတို့အတွက် မျှော်လင့်ချက်များ
ဆုံးရှုံးရမှာဖြစ်သလို ပြည်ထောင်စုအတွက် လည်း တိမ်ညိုမှိုင်းသည့်ရက်များ ဖြစ်လာကြဦးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကချင်ပြည်သူတွေကတော့ ဗိုလ်ချုပ် ဂွမ်မော်ကို အစိုးရနှင့် ရင်ကြားစေ့နိုင်မယ့် တစ်ဦးတည်းသော ခေါင်းဆောင်အဖြစ် ရှုမြင်မိပါတယ်။ ဒါကို ဥက္ကဋ္ဌတို့ မသိတာလဲမဟုတ်သလို မကျေနပ်စရာလည်း မဟုတ်ဘူးလို့ မြင်ပါတယ်။ KIO လမ်းစဉ်ကို မချစ်ပေမယ့် ဗိုလ်ချုပ် ဂွမ်မော်ကို ချစ်ပါတယ်။ သူသာ ငြိမ်းချမ်းရေးပန်းကို ပြည်သူ့အတွက်ယူဆောင်ခဲ့လျှင် အနာဂတ်ရဲ့ ပြည်နယ်ဝန်ကြီးချုပ် ဟာ သူပါပဲလို့ ကြိုတင်ဟောကိန်းထုတ်လိုက်ချင်ပါတယ်…ဒါပေမယ့် လမ်းဖောက်သူရှေ့မှာ တားနေတဲ့လက်တွေက သွေးဆာနေတယ်လေ… 

ငြိမ်းချမ်းရေးအတွက် ဘုရားသခင်ထံဆုပန်ရင်း 

Credit To:ဘရန်ဘောက်လာ
KIA အကြောင်းပြောရင် ဒုစစ်ဦးချုပ်ဗိုလ်ချုပ်ဂွမ်မော်ကို မေ့ထားလို့မဖြစ်ပါဘူး။ အနာဂတ် ငြိမ်းချမ်းရေး လမ်းကြောင်း အတွက် မရှိမဖြစ်တဲ့သူလို့ မီဒီယာအတော်များများက တစ်ပေးထားတဲ့သူပါ။ ဗိုလ်ချုပ်ဂွမ်မော် ဟာ ကချင် တိုင်းရင်းသားမျိုးနွယ်ဝင် အဇီးအမျိုးသားတစ်ယောက်ဖြစ်ပါတယ်။ KIA ထဲမှာ ဂျိန်းဖောမျိုးနွယ် စုတွေ ကြီးစိုးနေချိန်မှာ ရှားရှားပါးပါး လူကြီးလာဖြစ်တဲ့ အဇီးတစ်ယောက်ပါပဲ။ ဒါ့ပြင် ကွန်ဆာဗေး တစ်တွေကြီးစိုးတဲ့ KIO ဌာနချုပ်မှာလည်း လစ်ဘရယ်သမား ဗိုလ်ချုပ်ဂွမ်မော်ဟာ ရုပ်သေးရုပ်ဘဝကို တွန်း လှန်ပြီး လမ်းသစ်ဖောက်ဖို့ ကြိုးစားတဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်ဂွမ်မော်ကို အစိုးရဘက်ကရော မီဒီယာတွေကပါ ယုံကြည်မှုတွေ ပေးခဲ့ ကြပါတယ်။
ဒါပေမယ့် မင်းခစားတစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ဂွမ်မော်ဟာ လက်ဝဲသုန္ဒရအမတ်ကြီးလို အန္တသူရိယ အမတ်ကြီးလို မင်းမျက်မကင်းရှာပါဘူး။ စောလူးမင်းကိုခစားပြီး နန်းတင်ဖို့ကြိုးစားတဲ့ ကျန်စစ်သားကိန်း ဆိုက် သွားရှာ ပါတယ်။ KIO ဥက္ကဋ္ဌ ဇောင်းဟားရားနှင့် စစ်ဦးစီးချုပ် ဂန်ရှောင်တို့က ဗိုလ်ချုပ်ဂွမ်မော်ကို မကြည်တော့ပါဘူး။ မြန်မာ့ မီဒီယာတွေအကြား တခမ်းတနားဖော်ပြခံရတဲ့ ဗိုလ်ချုပ်ဂွမ်မော် က ပြည်သူ လူထုရဲ့ ယုံကြည်မှုရပြီး ပြည်ထောင်စု စိတ်ဓာတ်ကိန်းအောင်းသွားမှာကို မလိုလားကြပါဘူး။ ဒါ့ပြင် အစိုးရနှင့် သဘောတူညီမှုတွေရပြီး KIA တပ်ကိုခွဲထုတ် သွားမလားလို့လည်း စိုးရိမ်လာကြပါတယ်။ တကယ် လို့ အစိုးရနှင့် ပြေလည်ပြီး ငြိမ်းချမ်းရေးရခဲ့လို့ KIA ဟာ နိုင်ငံရေး လမ်းကြောင်းပေါ် တည့် သွားပြီး ရွေးကောက်ပွဲဝင်ခဲ့ရင်လည်း အနာဂတ်ရဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ်ဆိုတဲ့ လမ်းကြောင်း ဟာ တန်းနေ ပါတယ်။ ဒါဘာ့ကြောင့်ပါလဲ…

KIA တပ်ထဲမှာ ပညာတတ်ပြီး အောက်ခြေကတက်လာပေမယ့် ကချင်မျိုးနွယ်စုထဲမှာ အနှိမ်ခံအဇီးလူမျိုးစု တစ်ယောက်ဖြစ်နေတာက ပြဿနာရဲ့ အခြေခံပါ။ ဗိုလ်ချုပ်ဂွမ်မော်ဟာ KIA တပ်အပေါ် သြဇာညောင်း ပြီး ခေါင်းဆောင် ပီသတဲ့ တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ ပါးနပ်မှုရှိသလို ရဲဘော်တွေ ကိုလည်း ကောင်းကောင်း ထိန်းနိုင်ပါတယ်။ ရခိုင်တပ်ရင်းက ဖားကန့် ကုလားပြဿနာမှာ KIA က မွတ် ဆလင်တွေ ကို လက်နက်ထုတ်ပေးတာနှင့် ပတ်သက်ပြီး မကျေမနပ်ဖြစ်ခဲ့တာကို ဗိုလ်ချုပ်ဂွမ်မော်ကပဲ တာဝန်ယူ ဖြေရှင်းပေးခဲ့တာပါ။ သူက အဲလို နိုင်ငံရေးပါးလည်း ဝပါတယ်။ အစိုးရဘက်ကလည်း ယုံကြည်မှု ရှိလို့ ရန်ကုန်ကိုဆင်းလာပြီး ကုန်သည်ကြီးများ ဟိုတယ်မှာ သတင်းထောက်တွေနှင့် ကျကျနနတွေ့နိုင်ခဲ့ ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း သူပဲတက်ခဲ့တာမို့ အစိုးရဘက်ကလည်း လေးစား ယုံကြည်မှု ရှိပါတယ်။ ဒီလိုအောင်မြင်မှုရတာကို KIO ဥက္ကဋ္ဌ နှင့် စစ်ဦးစီးချုပ်က သံသယဖြစ်လာပါတယ်။ ဘာလို့လည်း ဆိုတော့ KIO ထဲမှာသူ့လောက် ပြည်သူကြိုက်တဲ့သူ တစ်ယောက်မှ မရှိသလို ပြည်မက တိုင်းရင်းသားတွေ၊ တောင်ပေါ် က လက်နက်ကိုင်တိုင်းရင်းသားတွေနှင့် နိုင်ငံရေးပါတီတွေကြား မှာ ရေပန်းစားသူဖြစ်လို့ သူသာခွဲထွက်သွားရင် ကျိန်းသေ တစ်စင်ထောင်နိုင်လို့ပါပဲ။

ဒီလိုအနာဂတ်အလားအလာတွေကြောင့် သူ့အထက်လူကြီးတွေက ဗိုလ်ချုပ်ဂွမ်မော်ကို ကြောက်လာကြ ပါတယ်။ ဒါကြောင့် ဖယ်ရှားဖို့ကြံတယ်ဆိုတဲ့ သတင်းတွေထွက်လာပြီး အကျယ်ချုပ်ကျခံနေရတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒါ့ပြင် KIA ရဲ့ သစ်လမ်းကြောင်းများပိတ်ဆို့ခံရခြင်းဟာလည်း ဗိုလ်ချုပ် ဂွမ်မော်ရဲ့ ပေါ့ဆမှု ကြောင့်လို့ ယူဆထားကြပါတယ်။ ဒါကြောင့် အကျယ်ချုပ်ကျတာဟာ သူ့ပြစ်မှုထက်စာရင် သက်သာတယ်လို့ KIO နှင့် နီးစပ်သူတွေက ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကို ဦးဘရန်ဆိုင်းလက်ထက်ကချမှတ်ခဲ့တဲ့ သေဒဏ်ထိုက်တဲ့ စည်းကမ်းချက်(၁၈)ချက်ရှိခဲ့ပြီး၊ ဗိုလ်ချုပ် ဂွမ်မော်က အချက် (၂) ချက်နဲ့ ငြိစွန်းအပြစ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေ ပြု လုပ်နေသော် လည်း အစိုးရတပ်နဲ့ တိုက်ပွဲတွေပြန်ဖြစ်နေတာ စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှု ရှိတာတွေကြောင့် သွေးချင်းညီအစ်ကိုများနှင့် ပြေလည်အောင် မဆက်ဆံဘူး၊ တပ်ဖွဲ့အတွက်မဟုတ်ဘဲ ကိုယ်ကျိုးစီးပွားရှာတယ်ဆိုတဲ့ စည်းကမ်းချက်တွေနဲ့ အပြစ်ရှိတယ်လို့ ဆိုပါတယ်။

သို့သော်လည်း အစိုးရနှင့် အနာဂတ်ဆွေးနွေးစရာများ ကျန်ရှိနေသေးတဲ့အတွက် သေဒဏ်မပေးဘဲ ကျန်းမာရေးကို အကြောင်းပြပြီး မီဒီယာများရဲ့မျက်စေ့အောက်က ဖယ်ထုတ်ကာ အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့ဟန် ရှိပါတယ်။ သို့သော်လည်း ဘွမ်ဝန် လရော်နှင့် KIO ၏ နယ်ဘက်ဌာနဖြစ်တဲ့ KIC ဒုဥက္ကဋ္ဌ အင်ဘန်လတို့ မတ်လ ၁၉ ရက်နေ့မှာ စင်ကာပူမှ လိုင်ဇာသို့ ပြန်ရောက်လာပြီး ဗိုလ်ချုပ် ဂွမ်မော်ကို ရာထူးပြန် ခန့်ဖို့ ဖိအားပေးခဲ့လို့ အကျယ်ချုပ်ကလွှတ်ပြီး မူလရာထူးကို ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါ တယ်။ ကျန်းမာရေးအရ အနားယူခဲ့ခြင်း ဖြစ်ကြောင်း သက်သေပြဖို့ ယူနီဖောင်းဖြင့် အွန်လိုင်းမှ ဓာတ်ပုံ ထုတ်ပြန်ကာ ပုံမှားရိုက်ခဲ့ကြပါသေးတယ်။ ဒါ့ကြောင့် ပြင်ပမီဒီယာများအကြား ဗိုလ်ချုပ် ဂွမ်မော် ထိန်းသိမ်း ခံရခြင်း မှာ ကောလာဟလသဖွယ်ဖြစ်ခဲ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လာမည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်တော့ ဗိုလ်ချုပ်ဂွမ်မော် တက်ရောက်ဆွေးနွေးလိမ့်ဦး မှာဖြစ်ပါတယ်။ သို့သော် သူ၏ လွတ်လပ်သောသဘောထားအမြင်များ၊ ငြိမ်းချမ်းရေးစိတ်ဓာတ်များ၊ လစ်ဘရယ်ဆန် သော ပျော့ပြောင်းသည့်အယူအဆများကတော့ အချုပ်အချယ်အကန့် အသတ်ခံနေရပြီ ဖြစ် ပါတယ်။ ငြိမ်းချမ်းရေး အတွက် ဆောင်ကျဉ်းနိုင်မည်လား၊ အထက်ပုဂ္ဂိုလ်တို့၏ ကွန်ဆာဗေးတစ် အယူအဆ များ အကြား နစ်မြှုပ်ခံရမည်လား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမည့် ကိစ္စတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ် ဂွမ်မော်ကို ငြိမ်းချမ်းရေး ဆောင်ကြဉ်း နိုင်မယ့်သူလို့ ကချင်ပြည်သူများက မျှော်လင့် လျက်ရှိကြပေ မယ့် KIO ခေါင်းဆောင်ပိုင်းက ရှေးရိုးစွဲအယူအဆများ ကိုင်စွဲပြီး ထိပ်တိုက်ရင်ဆိုင်ရေး လမ်းကြောင်းဆီသို့ သာ ဦးတည်နေပါတယ်။

KIO/KIA အဖွဲ့ဟာ ၀န်ကြီးချုပ် ဦးနုရဲ့ အစိုးရလက်ထက်မှာ ဘာသာရေး လူမျိုးရေးကို အခြေခံပြီး လက်နက်စွဲကိုင် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စုက ခွဲထွက်ပြီး သီးခြားဝမ်ပေါင်နိုင်ငံ ထူထောင်ဖို့ စိတ်ကူးယဉ်ခဲ့တာပါ။ ခုနောက်ပိုင်းမှာတော့ ပြည်နယ်အတွင်းက သယံဇာတတွေကို KIO ခေါင်းဆောင် ပိုင်းက လက်ဝါးကြီးအုပ်လိုမှု၊ အာဏာယစ်မူးမှု၊ အာဏာကို လက်မလွှတ်လို မှုတွေကြောင့် မူလရည်မှန်းချက်တွေ ပျောက်ကွယ် သွားပြီး KIA တပ်ဖွဲ့တွေကို သူတို့ရဲ့လက်ရှိရာထူး အာဏာတည်မြဲရေးနှင့် ပုဂ္ဂလိကအကျိုးစီးပွား အတွက်သာအသုံးချပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုတဲ့ အသံကောင်းကိုသာဟစ်ရင်း ငြိမ်းချမ်းရေး၏ အခြားတစ်ဘက်မှ ကြိုးဆွဲနေဦးမည် သာဖြစ်ပါ တယ်။

ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်တို့မှာ ဒိုင်ယာလော့ခ်စားပွဲဝိုင်းဆွေးနွေးပွဲများ မအောင်မြင်ပါလျှင် စစ်ရေး နည်းလမ်းဖြင့်ဖြေရှင်းခြင်းဆိုတဲ့ နောက်ဆုံးနည်းလမ်းကို ပြန်လည်ကူးပြောင်းသွားတတ်ပါတယ်။ စစ်ပွဲများ တစ်ဖန် ဖြစ်ပွားလာရင်တော့ ကချင်တိုင်းရင်းသားတို့အတွက် မျှော်လင့်ချက်များ ဆုံးရှုံးရမှာဖြစ် သလို ပြည်ထောင်စုအတွက် လည်း တိမ်ညိုမှိုင်းသည့်ရက်များ ဖြစ်လာကြဦးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကချင်ပြည်သူတွေကတော့ ဗိုလ်ချုပ် ဂွမ်မော်ကို အစိုးရနှင့် ရင်ကြားစေ့နိုင်မယ့် တစ်ဦး တည်းသော ခေါင်းဆောင် အဖြစ် ရှုမြင်မိပါတယ်။ ဒါကို ဥက္ကဋ္ဌတို့ မသိတာလဲမဟုတ်သလို မကျေနပ်စရာ လည်း မဟုတ်ဘူးလို့ မြင်ပါတယ်။ KIO လမ်းစဉ်ကို မချစ်ပေမယ့် ဗိုလ်ချုပ် ဂွမ်မော်ကို ချစ်ပါတယ်။ သူသာ ငြိမ်းချမ်းရေးပန်းကို ပြည်သူ့အတွက်ယူဆောင်ခဲ့လျှင် အနာဂတ်ရဲ့ ပြည်နယ်ဝန်ကြီးချုပ် ဟာ သူပါပဲလို့ ကြိုတင်ဟောကိန်း ထုတ်လိုက်ချင်ပါတယ်…ဒါပေမယ့် လမ်းဖောက်သူရှေ့မှာ တားနေတဲ့လက်တွေ က သွေးဆာနေ တယ်လေ…

ငြိမ်းချမ်းရေးအတွက် ဘုရားသခင်ထံဆုပန်ရင်း
Credit To:ဘရန်ဘောက်လာ
From : KDN

No comments:

Post a Comment