Wednesday 23 April 2014

မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်မှုအရှိန်မြှင့်

မြောက်ကိုရီးယားတို့ဘက်မှ နျူ ကလီးယားစမ်းသပ်မှု အရှိန်မြှင့် လျက်ရှိကြောင်း တောင်ကိုရီးယား သမ္မတ က ပြော ကြားလိုက်သည်။
Punggye-riနျူကလီးယားစမ်း သပ်ရာနေရာတစ်ဝိုက်နှင့် ၄င်းဒေသ တွင် လတ်တလောစမ်းသပ်မှု အများ အပြားကို တွေ့နေရကြောင်း တောင် ကိုရီးယား ကာ ကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
မြောက်ကိုရီးယားသည် ပြီးခဲ့ သည့်ကာလ နျူကလီးယားစမ်းသပ် မှု သုံးကြိမ်တိုင်ပြုလုပ်ခဲ့ပြီးဖြစ်သည်။

နောက်ဆုံးစမ်းသပ်မှုမှာ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလကတည်းကဖြစ်ပြီး ယင်းအချိန်က ကိုရီးယားကျွန်းဆွယ် အရေး လများစွာကြာတင်းမာနေချိန် ဖြစ်သည်။ လွန်ခဲ့သည့် ၂ဝဝ၆ ခုနှစ်၊ ၂ဝဝ၉ ခုနှစ်ကလည်း အလားတူ  စမ်းသပ်မှုပြုလုပ်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့်လကလည်း မြောက် ကိုရီးယားတို့သည် နျူကလီးယား စမ်းသပ်မှု ပုံစံသစ်တစ်မျိုးဖြင့် ခြိမ်း ခြောက် မှု များပြုလုပ်ခဲ့ပြီး မည်သည့် အဓိပ္ပာယ်ကြောင့်ဟု ရှင်းရှင်း လင်းလင်းမသိရပေ။

ဘီဘီစီ

No comments:

Post a Comment