Wednesday 23 April 2014

လေယာဉ်ဘီးထဲမှာ လိုက်ပါသွားတဲ့ ဆယ်ကျော်သက်တစ်ဦး

Photo: လေယာဉ်ဘီးထဲမှာ လိုက်ပါသွားတဲ့ ဆယ်ကျော်သက်တစ်ဦး
Wednesday, April 23, 2014

တာဝန်ရှိသူတွေရဲ့ အဆိုအရ ဆယ်ကျော်သက်တစ်ဦးဟာ ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း(သုံးသောင်းရှစ်ထောင်)အထက်မှာ
အောက်ဆီဂျင်မရှိခဲ့သလို အပူချိန် အနုတ်ဇီးရိုးအောက်မှာ (၅)နာရီနီးပါး လေယာဉ်ဘီးရဲ့ အကန့်ထဲမှာ လိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။
 
(၁၆)နှစ်အရွယ် အဲ့ဒီသူဟာ ကယ်လီဖိုးနီးယားပြည်နယ် ဆန်းဂျို့မြို့ကနေ ဟာဝိုင်ရီပြည်နယ် ရဲ့ ဒုတိယအကြီးဆုံးကျွန်းဖြစ်တဲ့ မာဝီကျွန်းကို ဘိုးအင်း(၇၆၇)ရဲ့ ဘီးထဲကနေ လိုက်ပါသွားခဲ့တာ ဖြစ်ပါတယ်။ စောင့်ကြည့်ရေးကင်မရာတွေအရ သူဟာ ဆန်းဂျို့လေဆိပ်မှာ ခြံစည်းရုံးကို ခုန်ကျော် ၀င်ရောက်ခဲ့ပြီး ဟာဝါရီကို သွားမယ့်လေယာဉ်ဆီကို လမ်းလျှောက်သွားခဲ့တယ်လို့ သိရပါတယ်။
 
အဲ့ဒီဆယ်ကျော်သက်ဟာ အိမ်ကနေ ထွက်ပြေးလာပုံရပြီး ဘီးတစ်ချောင်းသာ ယူဆောင်လာခဲ့တယ် လို့ဆိုပါတယ်။ အခုလောလောဆယ်မှာတော့ သူ့ကို ဟာဝိုင်ရီမှာရှိတဲ့ လူငယ်ထိန်းသိမ်းရေးစခန်းမှာ ထားရှိထားတယ်လို့သိရပါတယ်။ ၁၉၅၇ ခုနှစ်ကတည်းက အခုလို လေယာဉ်ဘီးထဲမှာ လိုက်ပါ သွားသူဦးရေ(၁၀၅)ဦးရှိခဲ့ပြီး အသက်ရှင်မှု ရာခိုင်နှုန်း(၂၄)ရာခိုင်နှုန်း ရှိခဲ့တယ်လို့လည်း သိရပါသည်။

MRTV-4
တာဝန်ရှိသူတွေရဲ့ အဆိုအရ ဆယ်ကျော်သက်တစ်ဦးဟာ ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း (သုံးသောင်းရှစ်ထောင်)အထက်မှာ အောက်ဆီဂျင်မရှိခဲ့သလို အပူချိန် အနုတ်ဇီးရိုးအောက်မှာ (၅) နာရီ နီးပါး လေယာဉ် ဘီးရဲ့ အကန့်ထဲမှာ လိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။
(၁၆)နှစ်အရွယ် အဲ့ဒီသူဟာ ကယ်လီဖိုးနီးယားပြည်နယ် ဆန်းဂျို့မြို့ကနေ ဟာဝိုင်ရီပြည်နယ် ရဲ့ ဒုတိယ အကြီးဆုံးကျွန်းဖြစ်တဲ့ မာဝီကျွန်းကို ဘိုးအင်း(၇၆၇)ရဲ့ ဘီးထဲကနေ လိုက်ပါသွားခဲ့တာ ဖြစ်ပါ တယ်။ စောင့်ကြည့်ရေး ကင်မရာတွေအရ သူဟာ ဆန်းဂျို့လေဆိပ်မှာ ခြံစည်းရုံးကို ခုန်ကျော် ၀င်ရောက် ခဲ့ပြီး ဟာဝါရီကို သွားမယ့်လေယာဉ်ဆီကို လမ်းလျှောက်သွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဆယ်ကျော်သက်ဟာ အိမ်ကနေ ထွက်ပြေးလာပုံရပြီး ဘီးတစ်ချောင်းသာ ယူဆောင်လာခဲ့တယ် လို့ဆို ပါတယ်။ အခုလောလောဆယ်မှာတော့ သူ့ကို ဟာဝိုင်ရီမှာရှိတဲ့ လူငယ်ထိန်းသိမ်းရေးစခန်းမှာ ထားရှိထား တယ်လို့သိရပါတယ်။ ၁၉၅၇ ခုနှစ်ကတည်းက အခုလို လေယာဉ်ဘီးထဲမှာ လိုက်ပါ သွားသူဦးရေ (၁၀၅)ဦး ရှိခဲ့ပြီး အသက်ရှင်မှု ရာခိုင်နှုန်း(၂၄)ရာခိုင်နှုန်း ရှိခဲ့တယ်လို့လည်း သိရပါသည်။

MRTV-4

No comments:

Post a Comment