Wednesday 23 April 2014

ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို သီးခြားအဖွဲ့အစည်းအဖြစ် ရပ်တည်ရန် စီစဉ်

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင် ကို သီး ခြား အဖွဲ့အစည်းအဖြစ် ရပ်တည် ရန် သက်ဆိုင်ရာသို့ တင်ပြထား ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင် ညွှန်ကြားရေး မှူးချုပ်ဦးအောင်နိုင်ဦးက ပြော ကြားသည်။
‘‘အတည်ပြုချက်ရရင် ဘယ် ၀န်ကြီးဌာနအောက်မှ မဟုတ် တော့ဘူး။ သီးခြားဖြစ်သွားမယ်’’ ဟု ဦးအောင်နိုင်ဦး က ပြောသည်။ လက်ရှိမြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်မှာ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာနအောက်တွင် ရှိပြီး ကော်မရှင်ဥက္ကဋ္ဌအဖြစ် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည် ထောင်စုဝန်ကြီးဦးဝင်းရှိန်က တာ ၀န်ယူလျက်ရှိသည်။

‘‘ဘာလုပ်ပေးမလဲ ပေါ်မူ တည်တယ်။ ပိုပြီးမြန်ဆန်မလား။ ကြိုးနီစနစ်ပျောက်မလား။ အဲဒါ က အရေးကြီး တာ အဲဒါဖြစ်ရင် ကြိုဆိုတယ်’’ ဟု မြန်မာနိုင်ငံ ဆန် စပါးလုပ်ငန်းအသင်းချုပ် တွဲဖက် အထွေထွေ အတွင်းရေး မှူး ဒေါက် တာစိုးထွန်းက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံ ရင်း နှီးမြှုပ်နှံမှု ကော်မရှင်ရုံးကို ရန်ကုန်မြို့၌ ပြောင်းလဲဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

‘‘မေလ ၁၇-၁၈ ရက်မှ စရွှေ့မယ်။ မေလ ၁၉ ရက်မှာ တစ်ဖွဲ့လုံး စအလုပ်လုပ်မယ်’’ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင်မှ အဆင့်မြင့်ဝန်ထမ်း တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို တပ်မတော် အစိုးရလက်ထက် ၁၉၈၉ ခုနှစ်က စတင်ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။

7daydaily

No comments:

Post a Comment