Wednesday 23 April 2014

ပုဂံဘုရားအချို့ပေါ်သို့ နိုင်ငံခြားသားများ ခိုးဝှက်တက်ရောက်

Photo: ပုဂံဘုရားအချို့ပေါ်သို့ နိုင်ငံခြားသားများ ခိုးဝှက်တက်ရောက်
Wednesday, April 23, 2014

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ လာရောက်ကြသည့် ပြည်ပ ခရီးသွား အချို့သည် တက်ရောက် ကြည့်ရှုခွင့် တားမြစ်ထားသော စေတီပုထိုးများပေါ်သို့ ခိုးဝှက် တက်ရောက်မှုများ ရှိနေသည်ကို မြင်တွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။

စဥ့်သုတ်အုတ်၊ ဘီလူးပန်းဆွဲများ ပျက်စီးနိုင်သည့်အတွက် တက်ရောက် ကြည့်ရှုခွင့် ပိတ်ပင်ထားသော မင်္ဂလာ စေတီပေါ်သို့ နိုင်ငံခြားသား ခရီးသွား ဆယ်ဂဏန်းခန့် နေဝင်ချိန် ရှုခင်းကြည့်ရန် လာရောက်လေ့ ရှိကြောင်း စေတီအနီးရှိ ဒေသခံများနှင့် မျက်မြင် တွေ့ရှိသူ ဘုရားဖူးအချို့က ဆိုသည်။

နိုင်ငံခြားသား ခရီးသွားအချို့မှာ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ဝင်ကြေး (Zone Fees) မပေးဆောင်လိုသဖြင့် တရားဝင် တက်ရောက်ခွင့် ပြုထားသော စေတီပုထိုးများကို ရှောင်ရှားကာ ယင်းသို့ ပိတ်ပင်ထားသော စေတီများပေါ်သို့ ခိုးဝှက် တက်ရောက်ခြင်း ဖြစ်ကြောင်း ပုဂံ ရှေးဟောင်း သုတေသန ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အစိုးရက အများကြီး လျှော့ပေးထားတော့ သူတို့က လူပါးဝနေတာ။ ဒီလို ကိစ္စရပ်တွေကို အရေးယူနိုင်တဲ့ ဥပဒေတွေလည်း မရှိသေးဘူး။ ဒါအစိုးရနဲ့ ဆိုင်တယ်” ဟု ၎င်းကဆိုသည်။

ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရန် ကာကွယ် တားမြစ်ထားသော်လည်း ယင်းသို့ ကျူးကျော်မှုများကို တားဆီးရန် လိုကြောင်း၊ ဥပဒေများ မရှိသေးသည့်အတွက် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအရ ရှင်းပြ ပြောဆိုမှုသာ ပြုလုပ်နိုင်ကြောင်း နေပြည်တော်ရှိ ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ရှင်းပြသည်။
“ဒီလို ဖြစ်ရပ်တွေအတွက် ရှေးသုတစ်ဌာနတည်းနဲ့ လုံးဝဥဿုံ မကာကွယ်နိုင်ဘူးလေ။ ဝိုင်းဝန်း တားမြစ်ဖို့ လိုပါတယ်။ တာဝန်သိသူတွေက ဒီလို ဖြစ်ရပ်တွေတွေ့ရင် ဝိုင်းဝန်းတား မြစ်စေလိုတယ်” ဟု ၎င်းကဆိုသည်။

ပုဂံဒေသတွင် အပေါ်သို့တက် ရောက်ကြည့်ရှုနိုင်သော စေတီပုထိုးပေါင်း သုံးဆယ်ကျော် ရှိပြီး ပုဂံမျှော်၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ သိကြားပုန်း၊ သစ္စာဝတီ အမည်ရှိ စေတီ ၅ ဆူပေါ်သို့သာ တက်ရောက် ကြည့်ရှုခွင့် ပြုထားကြောင်း ဒေသခံများက ဆိုသည်။

မင်္ဂလာစေတီကို ပုဂံခေတ်နှောင်းပိုင်း အေဒီ ၁၂၆၀ ခုနှစ်တွင် တရုတ်ပြေးမင်းခေါ် နရသီဟပတေ့မင်းက တည်ထား ကိုးကွယ်ခဲ့ပြီး စဥ့်သုတ် ရုပ်ကြွများဖြင့် တန်ဆာ ဆင်ထားကြောင်း၊ စေတီရံများကိုလည်း စဥ့်သုတ်အုတ်၊ စဥ့်သုတ် ဘီလူးပန်းဆွဲများဖြင့် ဖုံးအုပ် တန်ဆာဆင်ထားသဖြင့် ထိခိုက်ပျက်စီး လွယ်သောကြောင့် တက်ရောက်ခွင့် ပိတ်ပင်ထားခြင်း ဖြစ်ကြောင်း ရှေးဟောင်း သုတေသန ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ လာရောက်ကြ သည့် ပြည်ပ ခရီးသွား အချို့သည် တက်ရောက် ကြည့်ရှုခွင့် တားမြစ်ထားသော စေတီပုထိုးများပေါ်သို့ ခိုးဝှက် တက်ရောက်မှုများ ရှိနေသည်ကို မြင်တွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။
စဥ့်သုတ်အုတ်၊ ဘီလူးပန်းဆွဲများ ပျက်စီးနိုင်သည့်အတွက် တက်ရောက် ကြည့်ရှုခွင့် ပိတ်ပင်ထားသော မင်္ဂလာ စေတီပေါ်သို့ နိုင်ငံခြားသား ခရီးသွား ဆယ်ဂဏန်းခန့် နေဝင်ချိန် ရှုခင်းကြည့်ရန် လာရောက်လေ့ ရှိကြောင်း စေတီအနီးရှိ ဒေသခံများနှင့် မျက်မြင် တွေ့ရှိသူ ဘုရားဖူးအချို့က ဆိုသည်။

နိုင်ငံခြားသား ခရီးသွားအချို့မှာ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ဝင်ကြေး (Zone Fees) မပေးဆောင် လိုသဖြင့် တရားဝင် တက်ရောက်ခွင့် ပြုထားသော စေတီပုထိုးများကို ရှောင်ရှားကာ ယင်းသို့ ပိတ်ပင် ထားသော စေတီများပေါ်သို့ ခိုးဝှက် တက်ရောက်ခြင်း ဖြစ်ကြောင်း ပုဂံ ရှေးဟောင်း သုတေသန ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အစိုးရက အများကြီး လျှော့ပေးထားတော့ သူတို့က လူပါးဝနေတာ။ ဒီလို ကိစ္စရပ်တွေကို အရေးယူနိုင်တဲ့ ဥပဒေတွေလည်း မရှိသေးဘူး။ ဒါအစိုးရနဲ့ ဆိုင်တယ်” ဟု ၎င်းကဆိုသည်။

ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရန် ကာကွယ် တားမြစ်ထားသော်လည်း ယင်းသို့ ကျူးကျော်မှုများကို တားဆီးရန် လိုကြောင်း၊ ဥပဒေများ မရှိသေးသည့်အတွက် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအရ ရှင်းပြ ပြောဆိုမှုသာ ပြုလုပ်နိုင်ကြောင်း နေပြည်တော်ရှိ ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ရှင်းပြသည်။

“ဒီလို ဖြစ်ရပ်တွေအတွက် ရှေးသုတစ်ဌာနတည်းနဲ့ လုံးဝဥဿုံ မကာကွယ်နိုင်ဘူးလေ။ ဝိုင်းဝန်း တားမြစ်ဖို့ လိုပါတယ်။ တာဝန်သိသူတွေက ဒီလို ဖြစ်ရပ်တွေတွေ့ရင် ဝိုင်းဝန်းတား မြစ်စေလိုတယ်” ဟု ၎င်းကဆို သည်။

ပုဂံဒေသတွင် အပေါ်သို့တက် ရောက်ကြည့်ရှုနိုင်သော စေတီပုထိုးပေါင်း သုံးဆယ်ကျော် ရှိပြီး ပုဂံမျှော်၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ သိကြားပုန်း၊ သစ္စာဝတီ အမည်ရှိ စေတီ ၅ ဆူပေါ်သို့သာ တက်ရောက် ကြည့်ရှုခွင့် ပြုထားကြောင်း ဒေသခံများက ဆိုသည်။

မင်္ဂလာစေတီကို ပုဂံခေတ်နှောင်းပိုင်း အေဒီ ၁၂၆၀ ခုနှစ်တွင် တရုတ်ပြေးမင်းခေါ် နရသီဟပတေ့မင်းက တည်ထား ကိုးကွယ်ခဲ့ပြီး စဥ့်သုတ် ရုပ်ကြွများဖြင့် တန်ဆာ ဆင်ထားကြောင်း၊ စေတီရံများကိုလည်း စဥ့်သုတ်အုတ်၊ စဥ့်သုတ် ဘီလူးပန်းဆွဲများဖြင့် ဖုံးအုပ် တန်ဆာဆင်ထားသဖြင့် ထိခိုက်ပျက်စီး လွယ်သောကြောင့် တက်ရောက်ခွင့် ပိတ်ပင်ထားခြင်း ဖြစ်ကြောင်း ရှေးဟောင်း သုတေသန ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment