Wednesday 23 April 2014

ကချင်စစ်ပွဲဒဏ်ခံကလေးများကို ထောက်ပံ့ကူညီရန် UNICEF စတင်

ကေအိုင်အေနှင့် တပ်မတော်အကြား ဧပြီလဆန်းက စတင်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော ကလေးသူငယ်များအတွက် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများနှင့် လူမှုရေး ဝန်ထမ်းများ စေလွှတ်ရန် စတင်လုပ်ဆောင်နေ ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ UNICEF ဌာနေကိုယ်စားလှယ် မစ္စတာ ဘက်ထရန်ဗိန်းဘဲလ် က ပြောကြားသည်။
ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် UNICEF တို့ပူးပေါင်း ကာ လက်နက်ကိုင် ပဋိပက္ခ ဒေသအတွင်း ကလေးသူငယ်များ၏ လိုအပ်ချက်များကို ဆန်းစစ်ရှာဖွေကာ အသက်ကယ် ပစ္စည်းများ ပြင်ဆင်ထားခြင်း ဖြစ်သော်လည်း လိုအပ်သော နေရာများသို့ အဆိုပါ ပစ္စည်းများ ပို့ဆောင်ရေးအတွက် ခွင့်ပြုချက်များ လိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းတိုက်ပွဲများ ပြန်လည် စတင်ခြင်းကြောင်း မြေမြုပ်မှိုင်း အန္တရာယ်နှင့် ကလေးစစ်သား စုဆောင်းမှုများ ပိုမို များပြားနိုင်ပြီး ကလေးသူငယ် အခွင့်အရေးကို ထိခိုက်စေကြောင်း၊ အဆိုပါ ပဋိပက္ခကြောင့် ကလေးသူ ငယ် တစ်ထောင်နီးပါး ယာယီနေထိုင်သော နေရာများမှ ဘေးလွတ်ရာ ကိုပြောင်းရွေ့ခဲ့ကြပြီး အရေးပေါ် ကျန်းမာရေး လိုအပ်ချက်များ ရှိနေကြောင်း ဧပြီလ ၂၂ ရက်နေ့တွင် ကုလသမဂ္ဂ သတင်းပြန်ကြားရေးဌာန က ထုတ်ပြန်ထားသည်။

“ဝမ်းနည်းဖို့ ကောင်းတယ် တိုက်ပွဲတွေ ရပ်ဆိုင်းသွားပေမယ့် ကလေးသူငယ်တွေအတွက် အန္တ ရာယ်တွေ လျော့မသွားသေးဘူး။ နှစ်ဖက်စလုံးက သုံးတဲ့ မြေမြုပ်မိုင်းတွေ၊ လက်နက် ကိုင်တပ်ဖွဲ့တွေက တပ် သား စုဆောင်းတာတွေ ရှိတယ်” ဟု မစ္စတာ ဘက်ထရန် ဗိန်းဘဲလ်က ပြောဆိုသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) သည် မြန်မာနိုင်ငံတွင် မြေမြုပ်မှိုင်း အများဆုံး တွေ့ရှိ ရသော ဒေသ များဖြစ်ပြီး ကျန်ရှိနေသော မြေမြုပ်မိုင်းများနှင့် တိုက်ပွဲကြောင့် အသစ်ထောင် ခဲ့သော မြေမြုပ် မိုင်း တို့ကြောင့် ကလေးသူငယ်များအတွက် အန္တရာယ် ပိုကျရောက်စေကြောင်း UNICEF ၏ အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ ဒေသတွင်း တည်ငြိမ် အေး ချမ်းရေးနှင့် ငြိမ်းချမ်းရေးကို ရှေးရှုပြီး အပစ်အခတ် ရပ်ဆိုင်းရန် ယင်းထုတ်ပြန်ချက်တွင် တိုက်တွန်း ထား သည်။

လက်ရှိတွင် ကေအိုင်အေနှင့် တပ်မတော်တို့အကြား အပြန်အလှန် ပစ်ခတ်မှုများကြောင့် ဒေသခံများသည် မန်စီမြို့နှင့် ၁၀ မိုက်ကျော်ခန့် ဝေးသော မြို့ပေါ် စစ်ရှောင်စခန်းများသို့ ပြောင်း ရွေ့နေ ထိုင်နေရကြောင်း ဗန်းမော် မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

ကချင်ပြည် နယ်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေသောကြောင့် စစ်ဘေးရှောင် ဒုက္ခသည် ဦးရေသောင်းကျော် ထပ်မံတိုးမြှင့်လျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment