Wednesday 23 April 2014

In Your Eyes ရုပ်ရှင်ဇာတ်ကားသစ် အွန်လိုင်းမှ တစ်ဆင့် ဖြန့်ချိ

Photo: In Your Eyes ရုပ်ရှင်ဇာတ်ကားသစ် အွန်လိုင်းမှ တစ်ဆင့် ဖြန့်ချိ
Wednesday, April 23, 2014

Avengers ရုပ်ရှင်ကား ရိုက်ကူးသည့် ဒါရိုက်တာ Joss Whedon သည်
သူ၏ ဇာတ်ကားသစ် In Your Eyes ကို အွန်လိုင်းမှတစ်ဆင့် ဖြန့်ချိခဲ့ကြောင်း သိရသည်။ ပရိသတ်များ တိုက်ရိုက် ကြည့်ရှုနိုင်မည့် ဒစ်ဂျစ်တယ် ဖြန့်ဖြူးရေး စနစ်ဖြင့် In Your Eyes ဇာတ်ကားကို ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး ပရိသတ်များ အနေဖြင့် ၎င်းဇာတ်ကား ကိုကြည့်ရှုရန် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာသာ ကုန်ကျမည်ဖြစ်သည်။

In Your Eyes ဇာတ်ကားကို ဧပြီ ၂ဝ ရက်ညနေပိုင်းက Tribeca ရုပ်ရှင်ပွဲတော်တွင် ပွဲဦးထွက် ရုံတင် ပြသခဲ့သည်။ ရုပ်ရှင်ဖြန့်ချိရေး စနစ်သစ်ဖြင့် စတင် ဖြန့်ချိခြင်းဖြစ်သည့် အတွက် စိတ်လှုပ်ရှားမိကြောင်း Joss Whedon က ပြောကြားခဲ့သည်။

In Your Eyes ဇာတ်ကားသည် အရှေ့ဘက် ကမ်းရိုးတန်းဒေသမှ ရေဗက္ကာ အမည်ရှိ အိမ်ရှင်မ တစ်ဦး၏ အချစ် ဇာတ်လမ်းကို ရိုက်ကူး ပုံဖော်ထားခြင်းဖြစ်သည်။ In Your Eyes ဇာတ်ကားတွင် ရေဗက္ကာ ဇာတ်ကောင် အဖြစ် Revolutionary Road နှင့် It's Complicated ဇာတ်ကားတို့မှ မင်းသမီး ဇိုးကာဇန်က သရုပ်ဆောင်ထားပြီး ရေဗက္ကာနှင့် ချစ်ကြိုက်မိသူ ထောင်ထွက်သမားအဖြစ် Cloverfield နှင့် The Congress ဇာတ်ကားတို့မှ မိုက်ကယ်စတာခ်ျလ်ဒေးဗစ်တို့က ပါဝင် သရုပ်ဆောင်ထားသည်။

In Your Eyes ဇာတ်ကားကို Youreyes movie.com နှင့် အမေရိကန် အခြေစိုက် ဗီဒီယိုဖြန့်ချိရေး ဝက်ဘ်ဆိုက် တစ်ခုဖြစ်သော Vimeo ဝက်ဘ်ဆိုက်တို့တွင် ဝင်ရောက် ကြည့်ရှုနိုင်သည်ဟု သိရသည်။

မြ၀တီ
Avengers ရုပ်ရှင်ကား ရိုက်ကူးသည့် ဒါရိုက်တာ Joss Whedon သည် သူ၏ ဇာတ်ကားသစ် In Your Eyes ကို အွန်လိုင်းမှတစ်ဆင့် ဖြန့်ချိခဲ့ကြောင်း သိရသည်။ ပရိသတ်များ တိုက်ရိုက် ကြည့်ရှုနိုင်မည့် ဒစ်ဂျစ် တယ် ဖြန့်ဖြူးရေး စနစ်ဖြင့် In Your Eyes ဇာတ်ကားကို ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး ပရိသတ်များ အနေဖြင့် ၎င်း ဇာတ်ကား ကိုကြည့်ရှုရန် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာသာ ကုန်ကျမည်ဖြစ်သည်။
In Your Eyes ဇာတ်ကားကို ဧပြီ ၂ဝ ရက်ညနေပိုင်းက Tribeca ရုပ်ရှင်ပွဲတော်တွင် ပွဲဦးထွက် ရုံတင် ပြသခဲ့သည်။ ရုပ်ရှင်ဖြန့်ချိရေး စနစ်သစ်ဖြင့် စတင် ဖြန့်ချိခြင်းဖြစ်သည့် အတွက် စိတ်လှုပ်ရှား မိကြောင်း Joss Whedon က ပြောကြားခဲ့သည်။

In Your Eyes ဇာတ်ကားသည် အရှေ့ဘက် ကမ်းရိုးတန်းဒေသမှ ရေဗက္ကာ အမည်ရှိ အိမ်ရှင်မ တစ်ဦး၏ အချစ် ဇာတ်လမ်းကို ရိုက်ကူး ပုံဖော်ထားခြင်းဖြစ်သည်။ In Your Eyes ဇာတ်ကားတွင် ရေဗက္ကာ ဇာတ်ကောင် အဖြစ် Revolutionary Road နှင့် It's Complicated ဇာတ်ကားတို့မှ မင်းသမီး ဇိုးကာဇန်က သရုပ်ဆောင်ထားပြီး ရေဗက္ကာနှင့် ချစ်ကြိုက်မိသူ ထောင်ထွက်သမားအဖြစ် Cloverfield နှင့် The Congress ဇာတ်ကားတို့မှ မိုက်ကယ်စတာခ်ျလ်ဒေးဗစ်တို့က ပါဝင် သရုပ်ဆောင်ထားသည်။

In Your Eyes ဇာတ်ကားကို Youreyes movie.com နှင့် အမေရိကန် အခြေစိုက် ဗီဒီယိုဖြန့်ချိရေး ဝက်ဘ်ဆိုက် တစ်ခုဖြစ်သော Vimeo ဝက်ဘ်ဆိုက်တို့တွင် ဝင်ရောက် ကြည့်ရှုနိုင်သည်ဟု သိရသည်။

မြ၀တီ

No comments:

Post a Comment