Wednesday 23 April 2014

ဧပြီလနောက်ဆုံးပတ် (၂၃-၃၀)ရက်အတွင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာ မိုးရွာဖို့ အလားအလာောကာင်းတွေတွေ့လာရပြီဖြစ်ပါတယ် Weather News Update

Photo: ဧပြီလနောက်ဆုံးပတ် (၂၃-၃၀)ရက်အတွင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာ မိုးရွာဖို့ အလားအလာောကာင်းတွေတွေ့လာရပြီဖြစ်ပါတယ်။

Weather News Update

23-4-2014

ခြောက်သွေ့ပူပြင်းလွန်းတဲ့ ရာသီဥတုပြင်းထန်မှုဒဏ်တွေ၊ ခရမ်းလွန်ရောင်ခြည်သင့်မှု လွန်လွန်ကဲကဲ ခံစားနေရမှုဒဏ်တွေ၊ အပူချိန်မြင့်တက်မှုခံစားနေရမှုဒဏ်တွေ ကို အလူးအလိမ့် ခံစားနေကြရတဲ့ ဒေသခံပြည်သူတွေအတွက် စိတ်သက်သာရာသက်သာကြောင်း သတင်းကောင်းပေးနှိုင်ဖို့ ကျွန်တော်စောင့်နေခဲ့တာ ကြပါပြီ။ ဒီကနေ့တော့ ဒီသတင်းကောင်းလေးပေးနှိုင်တော့မယ်ထင်ပါရဲ့။

ထိုင်းနိုင်ငံနဲ့ဆက်စပ်ဖြစ်ပေါ်နေတဲ့တိမ်တိုက်အစုအဝေးကြီးကြောင့် လာမယ့် ဧပြီလနောက်ဆုံးပတ်အတွင်းမြန်မာနိုင်ငံ အထူးသဖြင့် အရှေ့တောင်ပိုင်းဒေသတွေမှာ မိုးရွာဖို့ အခြေအနေကောင်းတွေ တွေ့လာနေရပြီဖြစ်ပါတယ်။ မိုးကြိုမိုးလို့ဆိုပါတော့ဗျာ။

အဲတစ်ခုတော့ပြောစရာရှိပါတယ်။ အဲဒါကတော့ ဒီမိုးတွေဟာ မိုးအမျိုးအစားအနေနဲ့ Convective Rain လို့ ပညာရပ်ဆိုင်ရာအမည်နဲ့ခေါ်တဲ့ "ပြန်ကျမိုး" တွေဖြစ်နေပါတယ်။ မိုးတိမ်တောင်တွေက ရွာတဲ့မိုး အမျိုးအစားပါ။ ဒီမိုးတွေရဲ့သဘာဝက အုံနဲ့ကျင်းနဲ့ ရွာတတ်ခြင်းပါဘဲ။ ဆိုလိုတာကတော့ ဒီမိုးတွေဟာ ရွာလိုက်ရင် မိုးခြိမ်းသံတွေ၊ လျပ်စီးလက်တာတွေ၊ မိုးသက်လေပြင်းတိုက်တွေ အမြဲလိုလို တွဲပါလာတတ်ပါတယ်။ ဂျိုးကနဲ ဂျိန်းကနဲ၊ ၀င်းကနဲ လက်ကနဲ နဲ့ ရွာတတ်လွန်းလို့ ဆရာမြု့မငြိမ်းကတော့ "သိကြား နဲ့ အသူရာ နတ်ပြည်စစ်တလင်း စစ်ခင်းကြတဲ့ အချိန်အခါ" လို့ တင်စားခဲ့ရတာပေါ့။ (စာသားမှားရင်ခွင့်လွှတ်ပါဗျာ။)

ဒီပြန်ကျမိုးတွေရဲ့ သဘာဝကို သိထားသင့်တယ်။ မွန်းလွဲညနေပိုင်းတွေမှာ ရွာတတ်တယ်။ ဒါကြောင့် ရန်ကုန်မှာဆိုရင် "ရုံးဆင်းမိုး" လို့တောင် ခေါ်ကြပါတယ်။ ရွာရင်ရေပါတယ်။ အရင်တုံးကတော့ ဒိမိုးမျိုးရွာပြီဆိုရင် ဆရာဝန်အသင်းတိုက်တို့၊ ကျိုက္ကဆံလမ်း တို့၊ တောင်ဥက္ကလာပ တို့ ရေမြှုပ်ပြီပေါ့။ ရွာရင် နာရီဝက်ထက် ပိုမကြာဘူး။ ဗြုန်းစားကြီးရွာတတ်တယ်။ Little warning လို့ခေါ်ရမှာပေါ့။ ဒါကြောင့်လည်း မထင်မှတ်တာတွေလုပ်တတ်လွန်းလို့ ရန်ကုန်မိုးနဲ့ရန်ကုန်သူလို့ ခေါ်ကြတာပေါ့။ (သီချင်းကိုပြောတာပါဗျာ)။

အမြဲတန်းလိုလို ဒီမိုးမျိုးမှာ လျပ်စီးလက်တာရယ်၊ မိုးခြိမ်းတာရယ်၊ မိုးသက်လေပြင်းတိုက်တာရယ်။ မိုးကြီးတာရယ် စတာတွေ ပါလာတတ်ပါတယ်။ ဒါက ဒီမိုးမျိုးမှာ ပုံမှန်လောက်ဘဲ။ မိုးတိမ်တောင်က အားကောင်းရင်တော့ ဒါတွေအပြင် နောက်ထပ် ပါလာတတ်တာတွေကတော့ မိုးကြိုးပစ်တာ၊ လေဆင်နှာမောင်းတိုက်တာ၊ မိုးသီးကြွေတာ၊ စိုက်ဆင်းလေပြင်းတိုက်တာ စတာတွေပါ ပါလာတတ်ပါတယ်။

ဒါတွေပါလာရင် အပျက်အစီး၊ အသေအပျောက်တွေ ရှိတတ်ပါတယ်။ နေရာကွက်မိုးကြီးရင် ရွာသွန်းတဲ့ဒေသကိုလိုက်လို့ လျပ်တပြက်ရေကြီးတာတို့၊ မြေပြိုတာတို့ဖြစ်တတ်ပါတယ်။

လောလောဆယ် ဧပြီလ(၂၃-၃၀)ရက်အတွင်း ဒီလိုပြန်ကျမိုးတွေရွာဖို့ခန့်မှန်းထားတာကတော့
ရန်ကုန်တိုင်းဒေသကြီး................(၁)ရက်
နေပြည်တော်တိုင်းဒေသကြီး........(၆)ရက်
ပဲခူးတိုင်းဒေသကြိး....................(၃)ရက်
တနင်္သာရီတိုင်းဒေသကြီး.............(၂)ရက်
ကယားပြည်နယ်........................(၅)ရက်
ကရင်ပြည်နယ်..........................(၃)ရက်
မွန်ပြည်နယ်..............................(၄)ရက်
ခန့်ဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ် နဲ့ ချင်းပြည်နယ် တို့မှာလည်း တိမ်အသင့်အတင့်ဖြစ်ထွန်းနှိုင်ပါတယ်။

နေ့အပူချိန်များအနေနဲ့လည်း လက်ရှိထက် ကျဆင်းသွားနှိုင်ပါတယ်။ ဒါပေမယ့် နေ့အပူချိန် 41-43°C အထိ မြင့်တက်နှိုင်သေးတဲ့ဒေသတွေကတော့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့ဖြစ်ကြပါတယ်။

ခရမ်းလွန်ရောင်ခြည်ကျရောက်မှုတွေ လွန်ကဲနေတဲ့ ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်၊
မိုးခေါင်နေလို့ လွန်တွေဆွဲနေရတဲ့ အညာဒေသ၊
ပူလွန်းလို့အသံတွေညံနေကြတဲ့ မြစ်ဝကျွန်းပေါ်ဒေသ၊
အားလုံး...အားလုံး..အတွက်တော့
မင်္ဂလာသတင်းကောင်းတစ်ခုဖြစ်လာပါစေတော့လို့သာ...

ဒေါက်တာထွန်းလွင်
ခြောက်သွေ့ပူပြင်းလွန်းတဲ့ ရာသီဥတုပြင်းထန်မှုဒဏ်တွေ၊ ခရမ်းလွန်ရောင်ခြည်သင့်မှု လွန်လွန်ကဲကဲ ခံစားနေရမှုဒဏ်တွေ၊ အပူချိန်မြင့်တက်မှုခံစားနေရမှုဒဏ်တွေ ကို အလူးအလိမ့် ခံစားနေကြ ရတဲ့ ဒေသ ခံပြည်သူတွေအတွက် စိတ်သက်သာရာသက်သာကြောင်း သတင်းကောင်းပေးနှိုင်ဖို့ ကျွန်တော်စောင့်နေ ခဲ့တာ ကြ ပါပြီ။ ဒီကနေ့တော့ ဒီသတင်းကောင်းလေးပေးနှိုင်တော့မယ်ထင်ပါရဲ့။
ထိုင်းနိုင်ငံနဲ့ဆက်စပ်ဖြစ်ပေါ်နေတဲ့တိမ်တိုက်အစုအဝေးကြီးကြောင့် လာမယ့် ဧပြီလနောက်ဆုံးပတ် အတွင်းမြန် မာနိုင် ငံ အထူးသဖြင့် အရှေ့တောင်ပိုင်းဒေသတွေမှာ မိုးရွာဖို့ အခြေအနေကောင်းတွေ တွေ့ လာနေရပြီဖြစ်ပါတယ်။ မိုးကြိုမိုးလို့ဆိုပါတော့ဗျာ။

အဲတစ်ခုတော့ပြောစရာရှိပါတယ်။ အဲဒါကတော့ ဒီမိုးတွေဟာ မိုးအမျိုးအစားအနေနဲ့ Convective Rain လို့ ပညာရပ်ဆိုင်ရာအမည်နဲ့ခေါ်တဲ့ "ပြန်ကျမိုး" တွေဖြစ်နေပါတယ်။ မိုးတိမ်တောင်တွေက ရွာတဲ့မိုး အမျိုး အစား ပါ။ ဒီမိုးတွေရဲ့သဘာဝက အုံနဲ့ကျင်းနဲ့ ရွာတတ်ခြင်းပါဘဲ။ ဆိုလိုတာကတော့ ဒီမိုးတွေဟာ ရွာ လိုက် ရင် မိုးခြိမ်းသံတွေ၊ လျပ်စီးလက်တာတွေ၊ မိုးသက်လေပြင်းတိုက်တွေ အမြဲလိုလို တွဲပါလာ တတ်ပါတယ်။ ဂျိုးကနဲ ဂျိန်းကနဲ၊ ၀င်းကနဲ လက်ကနဲ နဲ့ ရွာတတ်လွန်းလို့ ဆရာမြု့မငြိမ်းကတော့ "သိကြား နဲ့ အသူရာ နတ်ပြည်စစ်တလင်း စစ်ခင်းကြတဲ့ အချိန်အခါ" လို့ တင်စားခဲ့ရတာပေါ့။ (စာသားမှားရင် ခွင့်လွှတ်ပါဗျာ။)

ဒီပြန်ကျမိုးတွေရဲ့ သဘာဝကို သိထားသင့်တယ်။ မွန်းလွဲညနေပိုင်းတွေမှာ ရွာတတ်တယ်။ ဒါကြောင့် ရန်ကုန်မှာဆိုရင် "ရုံးဆင်းမိုး" လို့တောင် ခေါ်ကြပါတယ်။ ရွာရင်ရေပါတယ်။ အရင်တုံးကတော့ ဒိမိုးမျိုးရွာပြီဆိုရင် ဆရာဝန်အသင်းတိုက်တို့၊ ကျိုက္ကဆံလမ်း တို့၊ တောင်ဥက္ကလာပ တို့ ရေမြှုပ်ပြီပေါ့။ ရွာရင် နာရီဝက်ထက် ပိုမကြာဘူး။ ဗြုန်းစားကြီးရွာတတ်တယ်။ Little warning လို့ခေါ်ရမှာပေါ့။ ဒါကြောင့်လည်း မထင်မှတ်တာတွေလုပ်တတ်လွန်းလို့ ရန်ကုန်မိုးနဲ့ရန်ကုန်သူလို့ ခေါ်ကြတာပေါ့။ (သီချင်းကိုပြောတာပါဗျာ)။

အမြဲတန်းလိုလို ဒီမိုးမျိုးမှာ လျပ်စီးလက်တာရယ်၊ မိုးခြိမ်းတာရယ်၊ မိုးသက်လေပြင်းတိုက်တာရယ်။ မိုးကြီးတာရယ် စတာတွေ ပါလာတတ်ပါတယ်။ ဒါက ဒီမိုးမျိုးမှာ ပုံမှန်လောက်ဘဲ။ မိုးတိမ်တောင်က အားကောင်းရင်တော့ ဒါတွေအပြင် နောက်ထပ် ပါလာတတ်တာတွေကတော့ မိုးကြိုးပစ် တာ၊ လေ ဆင်နှာမောင်း တိုက်တာ၊ မိုးသီးကြွေတာ၊ စိုက်ဆင်းလေပြင်းတိုက်တာ စတာတွေပါ ပါလာတတ် ပါတယ်။

ဒါတွေပါလာရင် အပျက်အစီး၊ အသေအပျောက်တွေ ရှိတတ်ပါတယ်။ နေရာကွက်မိုးကြီးရင် ရွာသွန်း တဲ့ဒေသကိုလိုက်လို့ လျပ်တပြက်ရေကြီးတာတို့၊ မြေပြိုတာတို့ဖြစ်တတ်ပါတယ်။

လောလောဆယ် ဧပြီလ(၂၃-၃၀)ရက်အတွင်း ဒီလိုပြန်ကျမိုးတွေရွာဖို့ခန့်မှန်းထားတာကတော့
ရန်ကုန်တိုင်းဒေသကြီး................(၁)ရက်
နေပြည်တော်တိုင်းဒေသကြီး........(၆)ရက်
ပဲခူးတိုင်းဒေသကြိး....................(၃)ရက်
တနင်္သာရီတိုင်းဒေသကြီး.............(၂)ရက်
ကယားပြည်နယ်........................(၅)ရက်
ကရင်ပြည်နယ်..........................(၃)ရက်
မွန်ပြည်နယ်..............................(၄)ရက်
ခန့်ဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ် နဲ့ ချင်းပြည်နယ် တို့မှာလည်း တိမ်အသင့်အတင့်ဖြစ်ထွန်းနှိုင် ပါတယ်။

နေ့အပူချိန်များအနေနဲ့လည်း လက်ရှိထက် ကျဆင်းသွားနှိုင်ပါတယ်။ ဒါပေမယ့် နေ့အပူချိန် 41-43°C အထိ မြင့်တက်နှိုင်သေးတဲ့ဒေသတွေကတော့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေ သကြီး နဲ့ ပဲခူးတိုင်းဒေသကြီးတို့ဖြစ်ကြပါတယ်။

ခရမ်းလွန်ရောင်ခြည်ကျရောက်မှုတွေ လွန်ကဲနေတဲ့ ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်၊
မိုးခေါင်နေလို့ လွန်တွေဆွဲနေရတဲ့ အညာဒေသ၊
ပူလွန်းလို့အသံတွေညံနေကြတဲ့ မြစ်ဝကျွန်းပေါ်ဒေသ၊
အားလုံး...အားလုံး..အတွက်တော့
မင်္ဂလာသတင်းကောင်းတစ်ခုဖြစ်လာပါစေတော့လို့သာ...

ဒေါက်တာထွန်းလွင်

No comments:

Post a Comment