Wednesday 23 April 2014

အဝေးပြေးယာဉ်များ၏ အရေးပေါ်ထွက်ပေါက်များနှင့် ပတ်သက်ပြီး အသိပညာပေးမှုတွေ ပြုလုပ်လာသည့် အဝေးပြေးယာဉ်လိုင်းများ

Photo: အဝေးပြေးယာဉ်များ၏ အရေးပေါ်ထွက်ပေါက်များနှင့် ပတ်သက်ပြီး အသိပညာပေးမှုတွေ ပြုလုပ်လာသည့် အဝေးပြေးယာဉ်လိုင်းများ
Wednesday, April 23, 2014

အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့ ယာဉ်မတော်တဆမှုတွေဖြစ်ပွားတဲ့အခါမှာ ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် ယာဉ်ရဲ့အရေးပေါ် ထွက်ပေါက် အသုံးပြုပုံတွေနဲ့ပတ်သက်ပြီး ယာဉ်နောက်လိုက်တွေကို အသိပညာပေးမှုတွေ ပြုလုပ်လာကြတယ်လို့ သိရပါတယ်။ လက်ရှိ အဝေးပြေးယာဉ်တွေ မတော်တဆမှုဖြစ်ပွားရာမှာတော့ ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးရမှုတွေရှိသလို ခရီးသည်တွေအနေနဲ့ ယာဉ်ပေါ်မှာပါတဲ့ အရေးပေါ်ထွက်ပေါက်တွေနဲ့ ပတ်သက်ပြီးသေချာစွာ အသုံးမပြုတတ်တာကြောင့် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတာတွေ့ရပါတယ်။
 
လက်ရှိအဝေးပြေးယာဉ်လိုင်းတွေမှာ အသုံးပြုနေတဲ့ ယာဉ်အများစုကတော့ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံထုတ်ယာဉ်တွေဖြစ်ပြီး အမျိုးအစားပေါ်မူတည်ကာ ယာဉ်ရဲ့တည်ဆောက်ပုံခြင်း ကွာခြားမှုတွေရှိပါတယ်။ ဒါပေမယ့် ယာဉ်အမျိုးအစားအားလုံးမှာတော့ ယာဉ်မတော်တဆ မှုတွေဖြစ်ပေါ်လာတဲ့အခါ ခရီးသည်တွေလွတ်မြောက်နိုင်တဲ့အတွက် အရေးပေါ်ထွက်ပေါက်တွေနဲ့ အရေးပေါ်သုံးပစ္စည်းတွေပါရှိတယ်လို့ သိရပါတယ်။
 
ဒါပေမယ့် ခရီးသည်တွေအနေနဲ့ ယာဉ်ရဲ့အရေးပေါ်ထွက်ပေါက်တွေနဲ့ပတ်သက်ပြီး သိရှိမှုအားနည်းနေသလို ယာဉ်အမျိုးအစားကိုလိုက်ပြီး အရေးပေါ်ထွက်ပေါက်ထားရှိရာနေရာ ကွာခြားမှုတွေရှိနေတာကြောင့် ယာဉ်လိုင်းတွေအနေနဲ့ ခရီးသည်တွေရဲ့ လုံခြုံမှုအတွက် မိမိတို့ယာဉ်လိုင်းရဲ့ ယာဉ်နောက်လိုက်တွေကို အရေးပေါ်ထွက်ပေါက် အသုံးပြုပုံနဲ့ပတ်သက်ပြီး လေ့ကျင့်သင်ကြားပေးမှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
 
မကြာမီကာလအတွင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တောင်ပြာတန်း အဝေးပြေးယာဉ်ရဲ့ မတော်တဆမှုမှာတော့ ခရီးသည်တွေနဲ့ ယာဉ်နောက်လိုက်တွေ အနေနဲ့ အရေးပေါ်ထွက်ပေါက်တွေနဲ့ပတ်သက်ပြီး ကောင်းစွာမသိရှိတာကြောင့် ခရီးသည်(၆) ဦး အသက်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

MRTV-4
အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့ ယာဉ်မတော်တဆမှုတွေဖြစ်ပွားတဲ့အခါမှာ ခရီးသည်တွေရဲ့ ဘေးကင်း လုံခြုံမှု အတွက် ယာဉ်ရဲ့အရေးပေါ် ထွက်ပေါက် အသုံးပြုပုံတွေနဲ့ပတ်သက်ပြီး ယာဉ်နောက်လိုက်တွေကို အသိပညာပေးမှုတွေ ပြုလုပ်လာကြတယ်လို့ သိရပါတယ်။ လက်ရှိ အဝေးပြေးယာဉ်တွေ မတော်တဆ မှုဖြစ်ပွား ရာမှာတော့ ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးရမှုတွေရှိသလို ခရီးသည်တွေအနေနဲ့ ယာဉ်ပေါ်မှာ ပါတဲ့ အရေးပေါ်ထွက်ပေါက်တွေနဲ့ ပတ်သက်ပြီးသေချာစွာ အသုံးမပြုတတ်တာကြောင့် မလို လား အပ်ဘဲ အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတာတွေ့ရပါတယ်။
လက်ရှိအဝေးပြေးယာဉ်လိုင်းတွေမှာ အသုံးပြုနေတဲ့ ယာဉ်အများစုကတော့ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနဲ့ ကိုရီး ယားနိုင်ငံထုတ်ယာဉ်တွေဖြစ်ပြီး အမျိုးအစားပေါ်မူတည်ကာ ယာဉ်ရဲ့တည်ဆောက်ပုံခြင်း ကွာခြားမှုတွေ ရှိပါတယ်။ ဒါပေမယ့် ယာဉ်အမျိုးအစားအားလုံးမှာတော့ ယာဉ်မတော်တဆ မှုတွေဖြစ်ပေါ်လာတဲ့အခါ ခရီးသည်တွေ လွတ်မြောက်နိုင်တဲ့အတွက် အရေးပေါ်ထွက်ပေါက်တွေနဲ့ အရေးပေါ်သုံးပစ္စည်းတွေပါရှိ တယ် လို့ သိရပါတယ်။

ဒါပေမယ့် ခရီးသည်တွေအနေနဲ့ ယာဉ်ရဲ့အရေးပေါ်ထွက်ပေါက်တွေနဲ့ပတ်သက်ပြီး သိရှိမှုအားနည်းနေ သလို ယာဉ်အမျိုးအစားကိုလိုက်ပြီး အရေးပေါ်ထွက်ပေါက်ထားရှိရာနေရာ ကွာခြားမှုတွေရှိနေတာကြောင့် ယာဉ်လိုင်းတွေအနေနဲ့ ခရီးသည်တွေရဲ့ လုံခြုံမှုအတွက် မိမိတို့ယာဉ်လိုင်းရဲ့ ယာဉ်နောက်လိုက်တွေကို အရေးပေါ် ထွက်ပေါက် အသုံးပြုပုံနဲ့ပတ်သက်ပြီး လေ့ကျင့်သင်ကြားပေးမှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါ တယ်။

မကြာမီကာလအတွင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တောင်ပြာတန်း အဝေးပြေး ယာဉ်ရဲ့ မတော်တဆမှုမှာတော့ ခရီးသည်တွေနဲ့ ယာဉ်နောက်လိုက်တွေ အနေနဲ့ အရေးပေါ် ထွက်ပေါက်တွေနဲ့ပတ်သက်ပြီး ကောင်းစွာမသိရှိတာကြောင့် ခရီးသည်(၆) ဦး အသက်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ တယ် လို့ သိရပါတယ်။

MRTV-4

No comments:

Post a Comment