Wednesday 23 April 2014

ကမ္ဘောဇဘဏ်က ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ကြိုတင်ခွန်အဖြစ် ယမန်နှစ် စည်းကြပ်နှစ်ထက် ကျပ်ငါးဘီလျံပို၍ ကျပ် ၂၂ ဘီလျံကျော်အထိ အခွန်ပေးဆောင်ထား

Photo: ကမ္ဘောဇဘဏ်က ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ကြိုတင်ခွန်အဖြစ် ယမန်နှစ် စည်းကြပ်နှစ်ထက် ကျပ်ငါးဘီလျံပို၍ ကျပ် ၂၂ ဘီလျံကျော်အထိ အခွန်ပေးဆောင်ထား
Wednesday, April 23,2014

ကမ္ဘောဇလုပ်ငန်းစုများ လက်အောက်ရှိ ကမ္ဘောဇဘဏ် လီမိတက်က ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ကြိုတင်ခွန်အဖြစ် ယမန်နှစ် ဘဏ္ဍာနှစ်ထက် ကျပ်ငါးဘီလျံ ပိုမိုပေးဆောင်ထားပြီး စုစုပေါင်း ကျပ်ဘီလျံ ၂၂ ဘီလျံအထိ ပေးဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်အတွက် ၀င်ငွေခွန်အမြင့်ဆုံး ပေးဆောင်ခဲ့သည့် ကမ္ဘောဇဘဏ်အနေဖြင့် ယခုနှစ် တစ်နှစ်တာ ကာလအတွင်း ရရှိနိုင်သည့် ၀င်ငွေခွန် ပမာဏအပေါ် ခန့်မှန်းတွက်ချက်၍ ကြိုတင်ခွန် အဖြစ် ပေးဆောင်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘောဇဘဏ် အနေဖြင့် နိုင်ငံတော်မှ သတ်မှတ်ထားသည့် ၀င်ငွေခွန် ပေးဆောင်မှုများအဖြစ် ၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်အတွက် ကျပ် ၁၀ ဘီလျံကျော်၊ ၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်အတွက် ကျပ် ၁၇ ဘီလျံကျော်နှင့် ၂၀၁၄-၂၀၁၅ စည်းကြပ်နှစ်အတွက် ကြိုတင်ခွန်အဖြစ် ကျပ် ၂၂ ဘီလျံကျော်အထိ ပေးဆောင်ခဲ့ကြောင်း ၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်အတွက် ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်ခဲ့ကြသည့် အခွန်ထမ်းပြည်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပွဲတွင် ကမ္ဘောဇ လုပ်ငန်းအုပ်စုများနှင့် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ကိုဝင်းက မီဒီယာသမားများ၏ မေးမြန်းမှုအပေါ် ဖြေကြားခဲ့သည်။

“၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်အတွက် ကျပ် ၁၀ ဘီလျံကျော်၊ ၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်အတွက် ၀င်ငွေခွန် ကျပ် ၁၇ ဘီလျံကျော်နဲ့ ၂၀၁၄-၂၀၁၅ စည်းကြပ်နှစ်အတွက် ကြိုတင်ခွန်အဖြစ် ကျပ် ၂၂ ဘီလျံကျော် ပေးဆောင်ထားပါတယ်” ဟု ဦးအောင်ကိုဝင်းက ဆိုသည်။

၂၀၁၃ ခုနှစ် ဇွန်မှစတင်၍ ကြိုတင်ခွန်အဖြစ် ကောက်ခံရာတွင် လုပ်ငန်းရှင်များ အနေဖြင့် ခက်ခဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ခက်ခဲမှုများ ဖြစ်ပေါ်နေသော်လည်း မြန်မာနိုင်ငံရှိ ကုမ္ပဏီအချို့မှာ လုပ်ငန်းလိပ်စာများအား လိပ်စာအစစ်အမှန် မပေးခြင်း၊ အခွန်ဆောင်မှုမရှိဘဲ ကုမ္ပဏီအား ဖျက်သိမ်းသွားခြင်း စသည့်ဖြစ်ရပ်များ အများအပြား ဖြစ်လာခြင်းကြောင့် ကြိုတင်ခွန်အား ကောက်ခံရခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဆိုသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကပိုင်ဆိုင်သည့် ဘဏ်ပေါင်း ၂၁ ဘဏ်နှင့် အစိုးရပိုင်ဘဏ် လေးဘဏ်အထိ ရှိနေပြီး ပုဂ္ဂလိကဘဏ်ခွဲပေါင်း ၆၅၈ ဘဏ်ခန့်အထိ ရှိနေကာ အဆိုပါ ဘဏ်များအနက်မှ ကမ္ဘောဇဘဏ်သည် ဘဏ်ခွဲအများဆုံးနှင့် အကြီးဆုံးဘဏ်ဖြစ်သည်။

ကမ္ဘောဇဘဏ်အတွက် ၀င်ငွေခွန် အများဆုံးပေးဆောင်သည့် ကမ္ဘောဇလုပ်ငန်း အုပ်စုသည် Air Kanbawza၊ MAI၊ IKBZ စသည့် လုပ်ငန်းများစွာကိုလည်း ပိုင်ဆိုင်ထားသည်။

မြန်မာနိုင်ငံတွင် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ ဖွဲ့စည်းပြီးနောက် အခွန်အများဆုံး ပေးဆောင်သည့် လုပ်ငန်းစုများထံမှ အခွန်ပိုမိုပေးဆောင်ရန် တွေ့ဆုံဆွေးနွေးမှုများ၊ အခွန်ရှောင်နေသည့် လုပ်ငန်းအုပ်စု ၆၀ ကျော်အား ခေါ်ယူတွေ့ဆုံ၍ သတိပေးမှုများ ပြုလုပ်ထားပြီး အာဆီယံနိုင်ငံများတွင် အခွန်ငွေမှ ဂျီဒီပီတွင် ပါဝင်မှုအချိုး အနိမ့်ဆုံးဖြစ်နေသည့် မြန်မာနိုင်ငံတွင် အခွန်ငွေ ပိုမိုရရှိရေးအတွက် တွေ့ဆုံဆွေးနွေး သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

ကမ္ဘောဇဘဏ်ခွဲတစ်ခုကို တွေ့ရစဉ်
ကမ္ဘောဇဘဏ်ခွဲတစ်ခုကို တွေ့ရစဉ်

ကမ္ဘောဇလုပ်ငန်းစုများ လက်အောက်ရှိ ကမ္ဘောဇဘဏ် လီမိတက်က ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ကြိုတင်ခွန်အဖြစ် ယမန်နှစ် ဘဏ္ဍာနှစ်ထက် ကျပ်ငါးဘီလျံ ပိုမိုပေးဆောင်ထားပြီး စုစုပေါင်း ကျပ်ဘီလျံ ၂၂ ဘီလျံအထိ ပေးဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။
၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်အတွက် ၀င်ငွေခွန်အမြင့်ဆုံး ပေးဆောင်ခဲ့သည့် ကမ္ဘောဇဘဏ်အနေဖြင့် ယခုနှစ် တစ်နှစ်တာ ကာလအတွင်း ရရှိနိုင်သည့် ၀င်ငွေခွန် ပမာဏအပေါ် ခန့်မှန်းတွက်ချက်၍ ကြိုတင်ခွန် အဖြစ် ပေးဆောင်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘောဇဘဏ် အနေဖြင့် နိုင်ငံတော်မှ သတ်မှတ်ထားသည့် ၀င်ငွေခွန် ပေးဆောင်မှုများအဖြစ် ၂၀၁၂- ၂၀၁၃ စည်းကြပ်နှစ်အတွက် ကျပ် ၁၀ ဘီလျံကျော်၊ ၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်အတွက် ကျပ် ၁၇ ဘီလျံကျော်နှင့် ၂၀၁၄-၂၀၁၅ စည်းကြပ်နှစ်အတွက် ကြိုတင်ခွန်အဖြစ် ကျပ် ၂၂ ဘီလျံကျော် အထိ ပေးဆောင် ခဲ့ကြောင်း ၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်အတွက် ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်ခဲ့ကြသည့် အခွန်ထမ်းပြည်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပွဲတွင် ကမ္ဘောဇ လုပ်ငန်းအုပ်စုများနှင့် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ကိုဝင်းက မီဒီယာသမားများ၏ မေးမြန်းမှု အပေါ် ဖြေကြားခဲ့သည်။

“၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်အတွက် ကျပ် ၁၀ ဘီလျံကျော်၊ ၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်အတွက် ၀င်ငွေခွန် ကျပ် ၁၇ ဘီလျံကျော်နဲ့ ၂၀၁၄-၂၀၁၅ စည်းကြပ်နှစ်အတွက် ကြိုတင်ခွန်အဖြစ် ကျပ် ၂၂ ဘီလျံကျော် ပေးဆောင်ထားပါတယ်” ဟု ဦးအောင်ကိုဝင်းက ဆိုသည်။

၂၀၁၃ ခုနှစ် ဇွန်မှစတင်၍ ကြိုတင်ခွန်အဖြစ် ကောက်ခံရာတွင် လုပ်ငန်းရှင်များ အနေဖြင့် ခက်ခဲမှု များ ဖြစ်ပေါ် ခဲ့သည်။ ထိုသို့ ခက်ခဲမှုများ ဖြစ်ပေါ်နေသော်လည်း မြန်မာနိုင်ငံရှိ ကုမ္ပဏီအချို့မှာ လုပ်ငန်းလိပ်စာ များအား လိပ်စာအစစ်အမှန် မပေးခြင်း၊ အခွန်ဆောင်မှုမရှိဘဲ ကုမ္ပဏီအား ဖျက်သိမ်း သွားခြင်း စသည့်ဖြစ်ရပ်များ အများအပြား ဖြစ်လာခြင်းကြောင့် ကြိုတင်ခွန်အား ကောက်ခံ ရခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဆိုသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကပိုင်ဆိုင်သည့် ဘဏ်ပေါင်း ၂၁ ဘဏ်နှင့် အစိုးရပိုင်ဘဏ် လေးဘဏ်အထိ ရှိနေပြီး ပုဂ္ဂလိကဘဏ်ခွဲပေါင်း ၆၅၈ ဘဏ်ခန့်အထိ ရှိနေကာ အဆိုပါ ဘဏ်များအနက်မှ ကမ္ဘောဇဘဏ်သည် ဘဏ်ခွဲအများဆုံးနှင့် အကြီးဆုံးဘဏ်ဖြစ်သည်။

ကမ္ဘောဇဘဏ်အတွက် ၀င်ငွေခွန် အများဆုံးပေးဆောင်သည့် ကမ္ဘောဇလုပ်ငန်း အုပ်စုသည် Air Kanbawza၊ MAI၊ IKBZ စသည့် လုပ်ငန်းများစွာကိုလည်း ပိုင်ဆိုင်ထားသည်။

မြန်မာနိုင်ငံတွင် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ ဖွဲ့စည်းပြီးနောက် အခွန်အများ ဆုံး ပေးဆောင်သည့် လုပ်ငန်းစုများထံမှ အခွန်ပိုမိုပေးဆောင်ရန် တွေ့ဆုံဆွေးနွေးမှုများ၊ အခွန်ရှောင်နေ သည့် လုပ်ငန်းအုပ်စု ၆၀ ကျော်အား ခေါ်ယူတွေ့ဆုံ၍ သတိပေးမှုများ ပြုလုပ်ထားပြီး အာဆီယံနိုင်ငံများတွင် အခွန်ငွေမှ ဂျီဒီပီတွင် ပါဝင်မှုအချိုး အနိမ့်ဆုံးဖြစ်နေသည့် မြန်မာနိုင်ငံတွင် အခွန်ငွေ ပိုမိုရရှိရေး အတွက် တွေ့ဆုံဆွေးနွေး သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment