Wednesday 23 April 2014

ကမ္ဘာ့ထိပ်တန်း ဂျပန် ကုမ္ပဏီကြီးတစ်ခု ရန်ကုန်မြို့၌ ရုံးခွဲဖွင့်ပြီး ဧပြီ ၂၅ ရက်တွင် လုပ်ငန်း စတင်မည်

ကမ္ဘာ့ထိပ်တန်း ဂျပန်ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Mistubishi Electric Corporation သည် ရန်ကုန်မြို့တွင် ရုံးခွဲလာရောက် ဖွင့်လှစ်ပြီး ဧပြီ ၂၅ ရက်တွင် လုပ်ငန်းစတင် လည်ပတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အဆိုပါ ကော်ပိုရေးရှင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
Mistubishi Electric Corporation သည် ရန်ကုန်မြို့တွင် ရုံးခွဲဖွင့်လှစ်၍ ဈေးကွက်သုတေသန ပြုခြင်း၊ သတင်းအချက်အလက် ကောက်ယူခြင်း၊ မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အဦများ တည်ဆောက်ရာတွင် ပံ့ပိုးမှုပေးခြင်းနှင့် ပြည်တွင်းဖြန့်ဖြူး ရောင်းချသူများကိုလည်း လိုအပ်သည့် ပံ့ပိုးမှုများ ပေးသွားမည် ဖြစ်ကြော င်း၊ ရုံးခွဲကို ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် နတ်မောက် လမ်းရှိ Union Business Centre ၌ ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကော်ပိုရေးရှင်းသည် လွန်ခဲ့သည့်နှစ် ၉ဝ ကျော်က ဂျပန်နိုင်ငံ၌ စတင်တည်ထောင်ခဲ့ပြီး အာကာသဆိုင်ရာ နည်းပညာ၊ ဆက်သွယ်ရေး ဆိုင်ရာသုံး လျှပ်စစ် ပစ္စည်းများ၊ အိမ်သုံးစက်မှု လုပ်ငန်းသုံး ပစ္စည်း များ၊ သယ်ယူ ပို့ဆောင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းသုံး ပစ္စည်းများ ထုတ်လုပ်သည့် ကမ္ဘာ့ ထိပ်တန်း ကော်ပိုရေးရှင်း တစ်ခုဖြစ်ကြောင်းနှင့် ယခုနှစ်ပိုင်းအတွင်း မြန်မာ နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှု ပြု လုပ်လာသော ကော်ပိုရေးရှင်း တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံသို့ ၁၉၆ဝ ပြည့်နှစ်တွင် ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ၌ အသုံးပြုမည့် ထရန်စဖော်မာများ ရောင်းချပေးရာမှ အစပြု၍ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပြည် တွင်းဖြန့်ဖြူး ရောင်းချ သူများမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်း ဈေးကွက်တစ်ခု စတင် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုးမိုး
မြ၀တီ

No comments:

Post a Comment