Wednesday 23 April 2014

စစ်ရေးအရ ဖိအားပေးလျှင် တစ်နိုင်ငံလုံးအပစ်ရပ် သဘောတူစာချုပ်တွင် လက်မှတ်မထိုးဟု ဗိုလ်ချုပ်ဂွန်မော်ပြော

Photo: စစ်ရေးအရ ဖိအားပေးလျှင် တစ်နိုင်ငံလုံးအပစ်ရပ် သဘောတူစာချုပ်တွင် လက်မှတ်မထိုးဟု ဗိုလ်ချုပ်ဂွန်မော်ပြော
Wednesday, April 23, 2014

စစ်ရေးအရ ဖိအားပေးမှုများရှိပါက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် ကပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော ဗိုလ်ချုပ်ဂွန်မော်သည် ၎င်း၏ခရီးစဉ်အတွင်း ကချင်တိုင်းရင်းသားမိသားစုများ နှင့် တွေ့ဆုံရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘တစ်ဖက်နဲ့တစ်ဖက် တွန်းအားပေးတဲ့၊ ဖိအားပေးတဲ့သဘောမျိုး တွေ့ရပါတယ်။ ထိုးစစ်ကို နည်းနည်းလုပ်လိုက်ရင်တော့ တအောင်းအဖွဲ့နဲ့ KIO ဘက်က အလွယ်တကူများ လက်မှတ်ရေးထိုးမလားဆိုတဲ့ အပိုင်းတွေလည်း ပါပါတယ်။ ဒါကြောင့်အခုနက ကျွန်တော်ပြောတာ ကျွန်တော်တို့က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) အတွက် ကြိုးစားနေတဲ့ အချိန်အခါမှာ ဒီလိုမလုပ်ပါနဲ့။ စစ်ရေးအရ ဖိအားပေးရင် ကျွန်တော်တို့က လက်မှတ်ထိုးမှာမဟုတ်ဘူးလို့ ပြောရတဲ့ အနေအထားဖြစ်ပါတယ်’’ဟု ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။

ဧပြီလအတွင်းက အစိုးရတပ်နှင့် ကေအိုင်အေ၊ တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် မမျှော်လင့်သည့် အနေအထားမှ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လာမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အပြောင်းအလဲမရှိ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန(MPC) အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကပြောသည်။

ဗိုလ်ချုပ်ဂွန်မော်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ၎င်းခရီးစဉ်အတွင်း ဗိုလ်ချုပ်ဂွန်မော်သည် ကုလအဖွဲ့နှင့် အမေရိကန်အစိုးရ အကြီးတန်းအရာရှိများကို တွေ့ ဆုံခဲ့ပြီး ကချင်အရေးနှင့် မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ကေအိုင်အေဒုတိယစစ်ဦးစီးချုပ်က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ပါဝင်သွားရန်အတွက်လည်း တောင်းဆိုခဲ့သည်။

‘‘သဘောတူညီချက်တွေ ခိုင်မာစေဖို့ ကျွန်တော်တို့အနေနဲ့ အမေရိကန်ပြည်ထောင်စုကို လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ အသိသက်သေအနေနဲ့ ပါဝင်စေချင်ပါတယ်’’ဟု ဗိုလ်ချုပ်ဂွန်မော်က ရိုက်တာသတင်းဌာနအား ဧပြီ ၂၁ ရက်ကပြောကြားခဲ့သည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ကေအိုင်အိုကိုယ်စားလှယ်များ ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)နှင့် အစိုးရတို့ မေလအတွင်း ထပ်မံ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။

7 day Daily
စစ်ရေးအရ ဖိအားပေးမှုများရှိပါက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် ကပြောကြား လိုက် သည်။
အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော ဗိုလ်ချုပ်ဂွန်မော်သည် ၎င်း၏ခရီးစဉ်အတွင်း ကချင်တိုင်း ရင်းသား မိသားစု များ နှင့် တွေ့ဆုံရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘တစ်ဖက်နဲ့တစ်ဖက် တွန်းအားပေးတဲ့၊ ဖိအားပေးတဲ့သဘောမျိုး တွေ့ရပါတယ်။ ထိုးစစ်ကို နည်းနည်း လုပ် လိုက် ရင်တော့ တအောင်းအဖွဲ့နဲ့ KIO ဘက်က အလွယ်တကူများ လက်မှတ်ရေးထိုးမလားဆိုတဲ့ အပိုင်းတွေ လည်း ပါပါတယ်။ ဒါကြောင့်အခုနက ကျွန်တော်ပြောတာ ကျွန်တော်တို့က တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) အတွက် ကြိုးစားနေတဲ့ အချိန်အခါမှာ ဒီလိုမလုပ်ပါနဲ့။ စစ်ရေး အရ ဖိအားပေးရင် ကျွန်တော်တို့က လက်မှတ်ထိုးမှာမဟုတ်ဘူးလို့ ပြောရတဲ့ အနေအထားဖြစ်ပါတယ်’’ဟု ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။

ဧပြီလအတွင်းက အစိုးရတပ်နှင့် ကေအိုင်အေ၊ တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/ TNLA) တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် မမျှော်လင့်သည့် အနေအထားမှ ပြန်လည်ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး လာမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အပြောင်းအလဲမရှိ ဆက်လက် ပြုလုပ်သွား မည်ဖြစ်ကြော င်း မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန(MPC) အကြီးတန်းအကြံပေး ဦးလှမောင်ရွှေ ကပြောသည်။

ဗိုလ်ချုပ်ဂွန်မော်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ၎င်းခရီးစဉ်အတွင်း ဗိုလ်ချုပ်ဂွန်မော်သည် ကုလအဖွဲ့နှင့် အမေရိကန်အစိုးရ အကြီးတန်းအရာရှိများကို တွေ့ ဆုံခဲ့ပြီး ကချင်အရေးနှင့် မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ကေအိုင်အေဒုတိယစစ်ဦးစီးချုပ်က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ပါဝင်သွားရန်အတွက်လည်း တောင်းဆိုခဲ့သည်။

‘‘သဘောတူညီချက်တွေ ခိုင်မာစေဖို့ ကျွန်တော်တို့အနေနဲ့ အမေရိကန်ပြည်ထောင်စုကို လက်ရှိငြိမ်း ချမ်းရေးဖြစ် စဉ် မှာ အသိသက်သေအနေနဲ့ ပါဝင်စေချင်ပါတယ်’’ဟု ဗိုလ်ချုပ်ဂွန်မော်က ရိုက်တာ သတင်းဌာန အား ဧပြီ ၂၁ ရက်ကပြောကြားခဲ့သည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ကေအိုင်အိုကိုယ်စားလှယ်များ ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)နှင့် အစိုးရတို့ မေလအတွင်း ထပ်မံ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။

7 day Daily

No comments:

Post a Comment