Wednesday 23 April 2014

အချိန်ပြောင်းလဲ ပြေးဆွဲသွားမည့် ရန်ကုန်-ကျိုက်ထို အထူးအမြန်ရထား

Photo: အချိန်ပြောင်းလဲ ပြေးဆွဲသွားမည့် ရန်ကုန်-ကျိုက်ထို အထူးအမြန်ရထား
Wednesday, April 23, 2014

ရန်ကုန်-ကျိုက်ထို အထူးအမြန်ရထားကို လာမယ့် ဧပြီလ(၂၅)ရက်နေ့ကစပြီး
အချိန်ပြောင်းလဲ ပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်-ကျိုက်ထိုအတွက် လက်ရှိအချိန်အထိ အပတ်စဉ်ပုံမှန် ပြေးဆွဲနေတဲ့ စနေနေ့မနက်အစား တစ်ရက်တိုးပြီး သောကြာနေ့ညကို ပြောင်း လဲပြေးဆွဲသွားမှာဖြစ်ပါတယ်။ရန်ကုန်-ကျိုက်ထိုအထူးအမြန်ရထားကို ရန်ကုန်မြို့ အထက်ပုဇွန်တောင်လမ်းမှာရှိတဲ့ မလွှကုန်း မီးရထားစက်ခေါင်းစက်ရုံမှာ အသေးစိတ်ပြင်ဆင်မှုတွေ ပြုလုပ် လျက်ရှိပါတယ်။
 
ဒီအမြန်ရထားမှာ လူစီးတွဲ (၅)တွဲပါရှိပြီး ခရီးသည် (၃၃၀)ဦး လိုက်ပါနိုင်ကြောင်း သိရပါတယ်။ အဲကွန်းအမြန်ရထားအဖြစ် ပြေးဆွဲမှာဖြစ်တဲ့အတွက် အပတ်စဉ်ပြုလုပ်နေကျဖြစ်တဲ့ ထိန်းသိမ်းပြုပြင်မှု အပိုင်းကို အရင်ကထက် ပိုမိုဂရုစိုက်လုပ်ဆောင်ထားကြောင်း သိရပါတယ်။အခုလို အချိန်ပြောင်းလဲ ပြေးဆွဲတာဟာ ကျိုက်ထီးရိုးစေတီကို အရင်ကထက် သွားရောက်မှု ပိုမိုများပြားလာတဲ့အတွက်ဖြစ်ပြီး ရထားပြေးဆွဲရက်ကို ရှေ့တိုးဖို့ ခရီးသည်တွေက တောင်းဆိုတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
 
အခုပြေးဆွဲမယ့် အထူးအမြန်ရထားဟာ သောကြာနေ့ည (၁၀)နာရီမှ ရန်ကုန်ဘူတာကြီး ကနေ ထွက်ခွာမှာဖြစ်ပြီး တနင်္ဂနွေနေ့ နေ့လည် (၁၂)နာရီမှာ ကျိုက်ထိုဘူတာရုံကနေ ပြန်လည် ထွက်ခွာလာမှာဖြစ်ပါတယ်။ ရထားလက်မှတ်ခကိုတော့ ယခင်နှုန်းထားအတိုင်း (၃၅၀၀)နှုန်းနဲ့ ပြေးဆွဲသွားမှာဖြစ်ပြီး ခရီးသည်ပမာဏပေါ် မူတည်ပြီး အခေါက်ရေကိုတိုးပြီး ပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

MRTV-4
ရန်ကုန်-ကျိုက်ထို အထူးအမြန်ရထားကို လာမယ့် ဧပြီလ(၂၅)ရက်နေ့ကစပြီး အချိန်ပြောင်းလဲ ပြေးဆွဲ သွား မှာဖြစ် တယ်လို့ သိရပါတယ်။ ရန်ကုန်-ကျိုက်ထိုအတွက် လက်ရှိအချိန်အထိ အပတ်စဉ်ပုံမှန် ပြေးဆွဲနေတဲ့ စနေနေ့မနက်အစား တစ်ရက်တိုးပြီး သောကြာနေ့ညကို ပြောင်း လဲပြေးဆွဲသွားမှာဖြစ်ပါတယ်။ရန်ကုန်-ကျိုက်ထိုအထူးအမြန်ရထားကို ရန်ကုန်မြို့ အထက်ပုဇွန်တောင်လမ်းမှာရှိတဲ့ မလွှကုန်း မီးရထား စက်ခေါင်း စက်ရုံမှာ အသေးစိတ်ပြင်ဆင်မှုတွေ ပြုလုပ် လျက်ရှိပါတယ်။
ဒီအမြန်ရထားမှာ လူစီးတွဲ (၅)တွဲပါရှိပြီး ခရီးသည် (၃၃၀)ဦး လိုက်ပါနိုင်ကြောင်း သိရပါတယ်။ အဲကွန်း အမြန်ရထားအဖြစ် ပြေးဆွဲမှာဖြစ်တဲ့အတွက် အပတ်စဉ်ပြုလုပ်နေကျဖြစ်တဲ့ ထိန်းသိမ်းပြုပြင်မှု အပိုင်းကို အရင်ကထက် ပိုမိုဂရုစိုက်လုပ်ဆောင်ထားကြောင်း သိရပါတယ်။အခုလို အချိန်ပြောင်းလဲ ပြေးဆွဲတာဟာ ကျိုက်ထီးရိုးစေတီကို အရင်ကထက် သွားရောက်မှု ပိုမိုများပြားလာတဲ့အတွက်ဖြစ်ပြီး ရထားပြေးဆွဲ ရက် ကို ရှေ့တိုးဖို့ ခရီးသည်တွေက တောင်းဆိုတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

အခုပြေးဆွဲမယ့် အထူးအမြန်ရထားဟာ သောကြာနေ့ည (၁၀)နာရီမှ ရန်ကုန်ဘူတာကြီး ကနေ ထွက်ခွာ မှာဖြစ်ပြီး တနင်္ဂနွေနေ့ နေ့လည် (၁၂)နာရီမှာ ကျိုက်ထိုဘူတာရုံကနေ ပြန်လည် ထွက်ခွာလာ မှာဖြစ်ပါ တယ်။ ရထားလက်မှတ်ခကိုတော့ ယခင်နှုန်းထားအတိုင်း (၃၅၀၀)နှုန်းနဲ့ ပြေးဆွဲသွားမှာဖြစ်ပြီး ခရီးသည် ပမာဏပေါ် မူတည်ပြီး အခေါက်ရေကိုတိုးပြီး ပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

MRTV-4

No comments:

Post a Comment