Wednesday 23 April 2014

နစ်မြှုပ်သင်္ဘောပေါ်မှ မိုဘိုင်းဖုန်း အချက်အလက်တွေကို စစ်ဆေးနေ တဲ့ တောင် ကိုရီးယား စုံစမ်းစစ်ဆေးသူများ

Photo: နစ်မြှုပ်သင်္ဘောပေါ်မှ မိုဘိုင်းဖုန်း အချက်အလက်တွေကို စစ်ဆေးနေ တဲ့ တောင် ကိုရီးယား စုံစမ်းစစ်ဆေးသူများ
Wednesday, April 23, 2014

တောင်ကိုရီးယား နိုင်ငံက စုံစမ်းစစ်ဆေးသူတွေဟာ နစ်မြှုပ်ခဲ့တဲ့ ကူးတို့သင်္ဘော  Sewol  " ဆ၀ူး " ပေါ်မှာ ပါလာခဲ့တဲ့ခရီးသည် (၄၀၀)ကျော်နဲ့
သင်္ဘောအမှုထမ်းတွေရဲ့ မိုဘိုင်းဖုန်း အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ သင်္ဘောပေါ်က စွန့်ခွာဖို့ လုံလောက်တဲ့ အကြံဥာဏ် မရခဲ့ဘူးဆိုတဲ့ အသက်ရှင် လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်ဟာ မှန်ကန်ခြင်းရှိ၊ မရှိ အတည်ပြုဖို့ စုံစမ်းစစ်ဆေးသူတွေက ဒီလိုလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ခရီးသည် (၄၇၆)ဦးနဲ့ အမှုထမ်းတွေကို တင်ဆောင်လာတဲ့ ကူးတို့သင်္ဘောဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တိမ်းမှောက်ခဲ့တာဖြစ်ပြီး သင်္ဘောပေါ်မှာ ပါလာသူအများစုဟာ အထက်တန်း ကျောင်းသားတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။
 
ဒီလိုတိမ်းမှောက်မှုကြောင့် သေဆုံးသူ (၁၀၄)ဦးထိ ရှိလာပြီး (၁၉၈)ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ သင်္ဘောတိမ်းမှောက်ခဲ့တဲ့အချိန်နဲ့ ဘယ်လိုတိမ်း မှောက်ခဲ့သလဲဆိုတာကို စုံစမ်းစစ်ဆေးသူတွေနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တစ်ဖွဲ့က စုံစမ်းနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူတို့ဟာ သင်္ဘောရဲ့ ကြေညာချက် ထုတ်ပြန်ရေးစနစ်ကနေ ဘယ်လို အကြံပေး ကြေညာချက် ထုတ်ပြန်ခဲ့သလဲဆိုတာကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ အသက်ရှင် လွတ်မြောက်လာတဲ့ ခရီးသည်တွေရဲ့ ပြောပြချက်တွေ အရတော့ သင်္ဘောတိမ်းမှောက်ချိန် မှာ မိမိရှိနေတဲ့ နေရာမှာ မိမိနေဖို့သာ ပြောခဲ့တယ်လို့ ဆိုပါတယ်။
 
အာဏာပိုင်တွေဟာ ဒီသင်္ဘော မှောက်မှုပြီးနောက် လူ(၄၄)ဦးကို နိုင်ငံတွင်းက ထွက်ခွာခွင့် ပိတ်ပင်လိုက်ပြီး အဲ့ဒီပိတ်ပင်ခံရသူတွေ ထဲမှာ ကူးတို့သင်္ဘောကို ပိုင်ဆိုင်တဲ့ ကုမ်္ပဏီက အလုပ်အမှုဆောင်တွေနဲ့ ၀န်ထမ်းတွေအပြင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးမှာ ပါဝင်ပတ်သက်သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သင်္ဘောကုမ္ပဏီ အနေနဲ့ ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး အရေး ပေါ်လေ့ကျင့်ရေး အစီအစဉ် လုပ်ဆောင်ခဲ့ခြင်းရှိ၊ မရှိ စုံစမ်းစစ်ဆေးနေရသလို ကုန်သေတ္တတွေကို လည်း ဘေးကင်းလုံခြုံစွာ တင်ဆောင်လာခြင်းရှိ၊ မရှိကိုလည်း စုံစမ်းစစ်ဆေး နေတယ်လို့ သိရပါတယ်။ စုံစမ်းစစ်ဆေးသူတွေဟာ သင်္ဘောမာလိန်မှူး၊ တတိယအရာရှိနဲ့ သင်္ဘောပဲ့ကိုင် တို့ကို ပေါ့ဆမှုနဲ့ ဖမ်းဆီးထားပြီး သင်္ဘောမတော်တဆမှု ဖြစ်ပွားချိန်မှာ တတိယအရာရှိက သင်္ဘောကို မောင်းနှင်နေတယ်လို့ သိရပါသည်။ 

MRTV-4
တောင်ကိုရီးယား နိုင်ငံက စုံစမ်းစစ်ဆေးသူတွေဟာ နစ်မြှုပ်ခဲ့တဲ့ ကူးတို့သင်္ဘော  Sewol  " ဆ၀ူး " ပေါ်မှာ ပါလာခဲ့တဲ့ခရီးသည် (၄၀၀)ကျော်နဲ့ သင်္ဘောအမှုထမ်းတွေရဲ့ မိုဘိုင်းဖုန်း အချက်အလက်တွေကို စုံစမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။ သင်္ဘောပေါ်က စွန့်ခွာဖို့ လုံလောက်တဲ့ အကြံဥာဏ် မရခဲ့ဘူးဆိုတဲ့ အသက်ရှင် လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်ဟာ မှန်ကန်ခြင်းရှိ၊ မရှိ အတည်ပြုဖို့ စုံစမ်း စစ်ဆေး သူတွေက ဒီလိုလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ခရီးသည် (၄၇၆)ဦးနဲ့ အမှုထမ်းတွေကို တင်ဆောင်လာတဲ့ ကူးတို့သင်္ဘောဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တိမ်းမှောက်ခဲ့တာဖြစ်ပြီး သင်္ဘောပေါ်မှာ ပါလာသူအများစုဟာ အထက်တန်း ကျောင်းသားတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။
ဒီလိုတိမ်းမှောက်မှုကြောင့် သေဆုံးသူ (၁၀၄)ဦးထိ ရှိလာပြီး (၁၉၈)ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ သင်္ဘော တိမ်းမှောက်ခဲ့တဲ့အချိန်နဲ့ ဘယ်လိုတိမ်း မှောက်ခဲ့သလဲဆိုတာကို စုံစမ်းစစ်ဆေးသူတွေနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တစ်ဖွဲ့က စုံစမ်းနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူတို့ဟာ သင်္ဘော ရဲ့ ကြေညာ ချက် ထုတ်ပြန်ရေးစနစ်ကနေ ဘယ်လို အကြံပေး ကြေညာချက် ထုတ်ပြန်ခဲ့သလဲ ဆိုတာ ကိုလည်း စုံစမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။ အသက်ရှင် လွတ်မြောက်လာတဲ့ ခရီးသည်တွေ ရဲ့ ပြောပြချက်တွေ အရတော့ သင်္ဘောတိမ်းမှောက်ချိန် မှာ မိမိရှိနေတဲ့ နေရာမှာ မိမိနေဖို့ သာ ပြောခဲ့ တယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေဟာ ဒီသင်္ဘော မှောက်မှုပြီးနောက် လူ(၄၄)ဦးကို နိုင်ငံတွင်းက ထွက်ခွာခွင့် ပိတ်ပင် လိုက်ပြီး အဲ့ဒီပိတ်ပင်ခံရသူတွေ ထဲမှာ ကူးတို့သင်္ဘောကို ပိုင်ဆိုင်တဲ့ ကုမ်္ပဏီက အလုပ်အမှုဆောင်တွေနဲ့ ၀န်ထမ်းတွေအပြင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးမှာ ပါဝင်ပတ်သက်သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သင်္ဘောကုမ္ပဏီ အနေနဲ့ ခရီးသည်တွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး အရေး ပေါ်လေ့ကျင့်ရေး အစီအစဉ် လုပ်ဆောင်ခဲ့ခြင်းရှိ၊ မရှိ စုံစမ်းစစ်ဆေးနေရသလို ကုန်သေတ္တတွေကို လည်း ဘေးကင်းလုံခြုံစွာ တင်ဆောင်လာခြင်းရှိ၊ မရှိကိုလည်း စုံစမ်းစစ်ဆေး နေတယ်လို့ သိရပါတယ်။ စုံစမ်းစစ်ဆေးသူတွေဟာ သင်္ဘောမာလိန်မှူး၊ တတိယအရာရှိနဲ့ သင်္ဘောပဲ့ကိုင် တို့ကို ပေါ့ဆမှုနဲ့ ဖမ်းဆီးထားပြီး သင်္ဘောမတော်တဆမှု ဖြစ်ပွားချိန်မှာ တတိယအရာရှိက သင်္ဘောကို မောင်းနှင်နေတယ်လို့ သိရပါသည်။

MRTV-4

No comments:

Post a Comment