Wednesday 23 April 2014

အတတ်ပညာကျွမ်းကျင်သူ လူငယ်များ မွေးထုတ်မည်

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး တွင် အဓိကလိုအပ်ချက်တစ်ရပ်ဖြစ် သည့် ပြည်တွင်းမှ ကျွမ်းကျင်လုပ်သား များ၊ အတတ်ပညာကျွမ်းကျင်သူများ ရှားပါးနေခြင်းကို ဖြည့်ဆည်းပံ့ပိုးနိုင် ရန်အတွက် နိုင်ငံတော်အစိုးရ၊ အာရှ ဖွံ့ဖြိုးရေးဘဏ်နှင့် လူမှုအဖွဲ့အစည်း တစ်ခုတို့က ပူးပေါင်းကာ သင်တန်း များဖွင့်လှစ်ပေးရန် စီစဉ်နေပြီ ဖြစ်သည်။
မြန်မာနိုင်ငံတွင် အတတ်ပညာ ကျွမ်းကျင်သူ ရှားပါးလာခြင်းကို တဖြည်းဖြည်း ဖြည့်ဆည်းသွားရန် ရည်ရွယ် ကာ ရန်ကုန်၊ မန္တလေးနှင့် ပခုက္ကူမြို့များတွင် အတတ်ပညာ ကျွမ်းကျင်မှုသင်တန်းများ ပေးသွား ရန် စီစဉ်နေခြင်းဖြစ် သည်။

အဆိုပါစီမံကိန်းအတွက် အာရှ ဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ)က အမေ ရိကန်ဒေါ်လာနှစ်သန်း ကူညီ ထောက် ပံ့ မည်ဖြစ်ပြီး မြန်မာနိုင်ငံ အစိုးရက အမေရိကန်ဒေါ်လာ ငါးသိန်း ဖြည့်ဆည်းပေးကာ စုစုပေါင်း အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၅သန်း ဖြင့် အကောင်အထည်ဖော် ဆောင် ရွက်မည်ဖြစ်သည်။

လူငယ်များအတွက် အတတ် ပညာ ကျွမ်းကျင်မှုသင်တန်းများကို ရန်ကုန်၊ မန္တလေးနှင့် ပခုက္ကူမြို့ကြီး များတွင် လာမည့်နိုဝင်ဘာလမှ စတင် ကာ သင်ကြားပေးသွားမည်ဖြစ်သည်။ အတတ်ပညာ ကျွမ်းကျင်မှုသင်တန်း များကို လောလောဆယ်တွင် သင်တန်းကာလ သုံးလတာမျှ သတ်မှတ်ထားသည်။

သင်တန်း တက်ရောက်မည့်သူ များကိုလည်း ဆင်းရဲနွမ်းပါးသည့် မိသားစုများမှ လူငယ်အမျိုးသား အမျိုးသမီးများကို ဦးစားပေးရွေးချယ် သွားရန် စီစဉ်ထားသည်။ ယေဘုယျ သတ်မှတ်ထားသည့် သုံးလ သင်တန်း ကာလတစ်ခုတွင် လူငယ်ဦးရေ ၁ဝဝဝ ခန့် သင်ကြားပေးနိုင်မည်ဟု ခန့်မှန်းထားသည်။

ယခုအခါ မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ တစ်နှစ်ထက်တစ်နှစ် တိုးတက် များပြား လာလျက်ရှိရာ လုပ်ငန်းကဏ္ဍအလိုက် အတတ်ပညာကျွမ်းကျင် သူများ ရှားပါးနေခြင်းကြောင့် လူငယ် အများ အပြား အလုပ်အကိုင်အခွင့် အလမ်းများ ဆုံးရှုံးလျက်ရှိသည်။ အလုပ်အကိုင် ရရှိသော်လည်း ထိုက်တန် သည့် လုပ်ခလစာမရရှိဘဲ ဖြစ်လျက်ရှိသလို လုပ်ငန်းရှင်များ၊ ကုမ္ပဏီများအတွက် အတတ်ပညာ ကျွမ်း ကျင်သော လူငယ်များခန့်ထား တာဝန်ပေးရေး၌ ခက်ခဲလျက်ရှိနေ သည်။

 မြန်မာ့အလင်း

No comments:

Post a Comment