Wednesday 23 April 2014

စစ်ရှောင်စခန်းများသို့ ပြောင်းရွှေ့လာသော လဂျောင်ကျေးရွာ မိသားစုများမှ လူငယ်လူရွယ်များအား KIA မှ ဖမ်းဆီးကာ တိုက်ပွဲများတွင် အသုံးချရန် စီစဉ်

Photo: စစ်ရှောင်စခန်းများသို့ ပြောင်းရွှေ့လာသော လဂျောင်ကျေးရွာ မိသားစုများမှ လူငယ်လူရွယ်များအား KIA မှ ဖမ်းဆီးကာ တိုက်ပွဲများတွင် အသုံးချရန် စီစဉ်
Wednesday, April 23, 2014

ကချင်ပြည်နယ်တွင် အေပြီလဆန်းမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ ပြီးနောက် အေပြီ ၂၀ ရက်နေ့မှ စတင်ကာ လဂျောင်ကျေးရွာနေ မိသားစုများ စစ်ရှောင်စခန်းများသို့ ပြောင်းရွှေ့လာကြရာ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ၊ အမျိုးသမီးများသာ ပါဝင်ပြီး လူငယ်လူရွယ်များကို KIA မှ ဖမ်းဆီးထားကြောင်း စစ်ရှောင် စခန်းသို့ ရောက်ရှိလာသော မိသားစုများထံမှ သိရသည်။

“ စခန်းကို ရောက်လာတာကတော့ လဂျောင်ရွာက သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေက များတယ်၊ လူလတ်ပိုင်းတွေနဲ့ လူငယ်တွေကတော့ ပါမလာဘူး၊ လောလောဆယ် ဒီစခန်းကို ရောက်လာတာ အိမ်ထောင်စု (၁၂) စုရှိပါတယ် ” ဟုစခန်း တာဝန်ခံကပြောသည်။

လဂျောင်ကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ပြောင်းရွှေ့ လာကြသော မိသားစုများမှာ အိမ်ထောင်စု (၂၃) စုခန့်ရှိပြီး မန်စီမြို့ပေါ်ရှိ နှစ်ခြင်းခရစ်ယာန်စစ်ရှောင်စခန်းနှင့် ဗန်းမော်မြို့ရှိ AD -၂၀၀၀ ကက်သလစ် အသင်းတော် စစ်ရှောင်စခန်းတို့တွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

“ တိုက်ပွဲတွေဖြစ်နေတော့ လဂျောင်ဘက်က မိသားစုတွေ ရွာလုံးကျွတ်နီးပါး ပြေးလာကြတယ်၊ ဒီစခန်းကို ရောက်လာတာတော့ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေများတယ်၊ အမျိုးသားတွေဆိုရင် လည်း လူလတ်ပိုင်းတွေ၊ လူငယ်တွေ မပါသလောက်ပဲ ” ဟု ဗန်းမော်မြို့ ကရုဏာ မြန်မာလူမှုဖွံ့ဖြိုးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဗန်းမော်ခရိုင်တွင် စစ်ရှောင်ဒုက္ခသည် စခန်းပေါင်း (၂၀) ကျော်ရှိပြီး လတ်တလောဖြစ်ပွားလျက်ရှိသော တိုက်ပွဲ များကြောင့် ဒုက္ခသည်ဦးရေ တစ်သောင်းကျော်ခန့် ထပ်တိုးလာခဲ့ရာ ဒုက္ခသည်ဦးရေမှာ စုစုပေါင်း ၇၀၀၀ ၀န်းကျင်ခန့်ရှိနေပြီဖြစ်ကြောင်းနှင့် နေရာထိုင်ခင်း၊ အစားအစာနှင့် ဆေးဝါးများမှာလည်း လိုအပ်ချက်များ ရှိနေဆဲ ဖြစ်ကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

“ လဂျောင်ရွာက မိသားစုတွေ ထွက်ပြေးတိမ်းရှောင်လာတော့ KIA အဖွဲ့က လူလတ်ပိုင်းနဲ့ လူငယ်တွေကို ဖမ်းထားလိုက်လို့ စစ်ရှောင်စခန်းထိဘူး၊ တိုက်ပွဲတွေဖြစ်နေတော့ KIA က အင်အားလို နေပြီလေ၊ ဒါ့ကြောင့် ဘာမှမသိနားမလည်တဲ့ ရွာသားတွေကို လက်နက်တွေပေးပြီး တိုက်ပွဲထဲမှာ အသုံးချဖို့ စီစဉ်နေတယ်လို့ ကြားတယ် ” ဟု မန်စီမြို့ခံ တစ်ဦးက ပြောကြားခဲ့သည်။

နိုနို (ဗန်းမော်)
From : KDN
ကချင်ပြည်နယ်တွင် အေပြီလဆန်းမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ ပြီးနောက် အေပြီ ၂၀ ရက်နေ့မှ စတင်ကာ လဂျောင်ကျေးရွာနေ မိသားစုများ စစ်ရှောင်စခန်းများသို့ ပြောင်းရွှေ့လာကြရာ သက်ကြီး ရွယ်အိုနှင့် ကလေးငယ်များ၊ အမျိုးသမီးများသာ ပါဝင်ပြီး လူငယ်လူရွယ်များကို KIA မှ ဖမ်းဆီးထားကြောင်း စစ်ရှောင် စခန်းသို့ ရောက်ရှိလာသော မိသားစုများထံမှ သိရသည်။
“ စခန်းကို ရောက်လာတာကတော့ လဂျောင်ရွာက သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေက များတယ်၊ လူလတ်ပိုင်းတွေနဲ့ လူငယ်တွေကတော့ ပါမလာဘူး၊ လောလောဆယ် ဒီစခန်းကို ရောက်လာတာ အိမ်ထောင်စု (၁၂) စုရှိပါတယ် ” ဟုစခန်း တာဝန်ခံကပြောသည်။

လဂျောင်ကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ပြောင်းရွှေ့ လာကြသော မိသားစုများမှာ အိမ်ထောင် စု (၂၃) စုခန့်ရှိပြီး မန်စီမြို့ပေါ်ရှိ နှစ်ခြင်းခရစ်ယာန်စစ်ရှောင်စခန်းနှင့် ဗန်းမော်မြို့ရှိ AD -၂၀၀၀ ကက်သလစ် အသင်းတော် စစ်ရှောင်စခန်းတို့တွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

“ တိုက်ပွဲတွေဖြစ်နေတော့ လဂျောင်ဘက်က မိသားစုတွေ ရွာလုံးကျွတ်နီးပါး ပြေးလာကြတယ်၊ ဒီစခန်း ကို ရောက်လာတာတော့ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေများတယ်၊ အမျိုးသားတွေ ဆိုရင် လည်း လူလတ်ပိုင်းတွေ၊ လူငယ်တွေ မပါသလောက်ပဲ ” ဟု ဗန်းမော်မြို့ ကရုဏာ မြန်မာလူမှု ဖွံ့ဖြိုးရေး ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဗန်းမော်ခရိုင်တွင် စစ်ရှောင်ဒုက္ခသည် စခန်းပေါင်း (၂၀) ကျော်ရှိပြီး လတ်တလောဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ဒုက္ခသည်ဦးရေ တစ်သောင်းကျော်ခန့် ထပ်တိုးလာခဲ့ရာ ဒုက္ခသည်ဦးရေမှာ စုစုပေါင်း ၇၀၀၀ ၀န်းကျင်ခန့်ရှိနေပြီဖြစ်ကြောင်းနှင့် နေရာထိုင်ခင်း၊ အစားအစာနှင့် ဆေးဝါးများမှာလည်း လိုအပ်ချက် များ ရှိနေဆဲ ဖြစ်ကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

“ လဂျောင်ရွာက မိသားစုတွေ ထွက်ပြေးတိမ်းရှောင်လာတော့ KIA အဖွဲ့က လူလတ်ပိုင်းနဲ့ လူငယ်တွေကို ဖမ်းထားလိုက်လို့ စစ်ရှောင်စခန်းထိဘူး၊ တိုက်ပွဲတွေဖြစ်နေတော့ KIA က အင်အားလို နေပြီလေ၊ ဒါ့ကြောင့် ဘာမှမသိနားမလည်တဲ့ ရွာသားတွေကို လက်နက်တွေပေးပြီး တိုက်ပွဲထဲမှာ အသုံးချဖို့ စီစဉ်နေ တယ်လို့ ကြားတယ် ” ဟု မန်စီမြို့ခံ တစ်ဦးက ပြောကြားခဲ့သည်။

နိုနို (ဗန်းမော်)
From : KDN

No comments:

Post a Comment