Wednesday 23 April 2014

သင်္ဘောဝမ်းဗိုက်အတွင်း ကတ်တာဖြတ်တောက်စဉ် ဖော့တုံးများပေါ် သို့ မီးပွားကျပြီး မီးလောင်မှုဖြစ်ပွား

Photo: သင်္ဘောဝမ်းဗိုက်အတွင်း ကတ်တာဖြတ်တောက်စဉ် ဖော့တုံးများပေါ် သို့ မီးပွားကျပြီး မီးလောင်မှုဖြစ်ပွား
Wednesday, April 23, 2014

ဒလမြို့နယ်အတွင်း ဧပြီ ၂၂ ရက် ညနေပိုင်းက ရန်ကုန်မြစ်ကမ်းစပ်တွင် လွန်းတင်ထားသော ငါးဖမ်းသင်္ဘော ၏ ဝမ်းဗိုက်အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၂ ရက် ညနေ ၄ နာရီ ၁ဝ မိနစ်က ဒလမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒလ မြို့နယ် ဗိုလ်ရန်ပြေရပ်ကွက် ရာဇ သင်္ကြန်လမ်းမကြီးဘေး ရန်ကုန် မြစ်ကမ်းစပ်တွင် လွန်းတင်ထားသော ငါးဖမ်းသင်္ဘော၏ ဝမ်းဗိုက်အတွင်း မီးလောင်မှုဖြစ်ပွားကြောင်း သတင်း အရ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် ညနေ ၄ နာရီ ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဦးဒန်မဆမ် ပိုင်ဆိုင်သော ရွှေရတနာ ဝင်းဝင်းအမည်ရှိ သင်္ဘောဝမ်းဗိုက် အတွင်း အအေးခန်းပြုပြင်ရန်အတွက် ဦးထွန်း(၄၂)နှစ် ၁ဝ။တောင် ၁၃ ရပ်ကွက် သာကေတမြို့နယ်နေသူက ကတ်တာဖြင့် ဖြတ်တောက်နေစဉ် ဖော့တုံးများပေါ်သို့ မီးပွားကျပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရပြီး မီးသတ်တပ်ဖွဲ့ဝင် များက ငြှိမ်းသတ်ခဲ့ကြသဖြင့် ညနေ ၄ နာရီ ၂၅ မိနစ်တွင် မီးငြိမ်း သွားခဲ့ကြောင်း သိရသည်။
ယင်းမီးလောင်မှုကြောင့် ဦးထွန်း အား ဒလမြို့မရဲစခန်းက (ပ)၁၇ဝ/၂ဝ၁၄ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရ သည်။

(စိုးဝင်း-MLA)
Myanmaalinn
ဒလမြို့နယ်အတွင်း ဧပြီ ၂၂ ရက် ညနေပိုင်းက ရန်ကုန်မြစ်ကမ်းစပ်တွင် လွန်းတင်ထားသော ငါးဖမ်း သင်္ဘော ၏ ဝမ်းဗိုက်အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၂ ရက် ညနေ ၄ နာရီ ၁ဝ မိနစ်က ဒလမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒလ မြို့နယ် ဗိုလ်ရန်ပြေရပ်ကွက် ရာဇ သင်္ကြန်လမ်းမကြီးဘေး ရန်ကုန် မြစ်ကမ်းစပ်တွင် လွန်းတင်ထားသော ငါးဖမ်းသင်္ဘော၏ ဝမ်းဗိုက်အတွင်း မီးလောင်မှုဖြစ်ပွားကြောင်း သတင်း အရ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် ညနေ ၄ နာရီ ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဦးဒန်မဆမ် ပိုင်ဆိုင်သော ရွှေရတနာ ဝင်းဝင်းအမည်ရှိ သင်္ဘောဝမ်းဗိုက် အတွင်း အအေးခန်းပြုပြင်ရန်အတွက် ဦးထွန်း(၄၂)နှစ် ၁ဝ။တောင် ၁၃ ရပ်ကွက် သာကေတမြို့နယ်နေသူက ကတ်တာဖြင့် ဖြတ်တောက်နေ စဉ် ဖော့တုံးများပေါ်သို့ မီးပွားကျပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရပြီး မီးသတ်တပ်ဖွဲ့ဝင် များက ငြှိမ်းသတ်ခဲ့ကြသဖြင့် ညနေ ၄ နာရီ ၂၅ မိနစ်တွင် မီးငြိမ်း သွားခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်မှုကြောင့် ဦးထွန်း အား ဒလမြို့မရဲစခန်းက (ပ)၁၇ဝ/၂ဝ၁၄ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရ သည်။

(စိုးဝင်း-MLA)
Myanmaalinn

No comments:

Post a Comment