ဧပြီ ၈ရက်က ပျောက်ဆုံးသွားသော မလေးရှားလေကြောင်း လိုင်းခရီးစဉ် အမှတ် အမ်အိတ်ခ်ျ ၃၇၀ ခရီး သည်တင်လေယာဉ်အတွက် ရေအောက် ရှာဖွေရေး လုပ်ငန်းများပြုလုပ်လျက်ရှိရာ ရှာဖွေရေးဇုန် အကျယ် အ၀န်း ၏ သုံးပုံနှစ်ပုံအား ပိုက်စိပ်တိုက် ရှာဖွေထောက်လှမ်းပြီးသည့်တိုင် ပျောက်ဆုံးနေသည့်လေယာဉ်၏ အရိပ်အယောင်ကို မတွေ့ရသေးကြောင်း သြစတြေးလျအစိုးရတာဝန်ရှိသူများက ဧပြီ ၂၁ ရက်တွင်ပြော ကြား သည်။
သည်။
သို့ရာတွင် ဘလူးဖင်း ရေအောက်ဆင်းယာဉ်သည် ယနေ့အချိန်အထိ သတ်မှတ်ရှာဖွေရေးဇုန် အကျယ် အ၀န်း၏ သုံးပုံနှစ်ပုံကိုရှာဖွေပြီးသည့်တိုင် ပျောက်ဆုံးလေယာဉ်နှင့်ပတ်သက်၍မည်သည့်သဲလွန်စ မျှ မရသေးကြောင်း ရှာဖွေရေးလုပ်ငန်း တာဝန်ရှိသူများက ပြောကြားသည်။
ရေအောက်ရှာဖွေဇုန်သည် ပျောက်ဆုံးလေယာဉ်ပျံသန်းမှုမှတ်တမ်းတင် ကိရိယာ၏ ဒုတိယမြောက် အချက်ပြ လှိုင်းထွက်ပေါ်ရာနေရာအား ဗဟိုပြု၍ အချင်းဝက် ၁၀ ကီလိုမီတာ အ၀န်းအ၀ိုင်းရှိကြောင်း သိရသည်။
ဘလူးဖင်း ၂၁ ရေအောက်ဆင်းယာဉ်၏ ပင်လယ်ကြမ်းပြင် ရှာဖွေရေးဇုန်အကျယ်အ၀န်းမှာ ဧပြီ ၂၁ ရက် တွင် စတုရန်းကီလို မီတာ ၄၉၄၉၁ အထိ ရောက်ရှိနေပြီဖြစ်ကြောင်း သြစတြေးလျ တာဝန်ရှိသူ များက ပြောကြားသည်။
စံတော်ချိန် နေ့စဉ်သတင်းစာ
No comments:
Post a Comment