Thursday 24 April 2014

ဘင်္ဂလားဒေ့ရှ် ရာနာကုန်တိုက်ပြိုကျမှု သေဆုံးသူများ အတွက် လျော်ကြေးပေး ရန် ဆန္ဒပြ

 Photo: ဘင်္ဂလားဒေ့ရှ် ရာနာကုန်တိုက်ပြိုကျမှု သေဆုံးသူများ အတွက် လျော်ကြေးပေး ရန် ဆန္ဒပြ
Thursday, April 24, 2014
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြို့တော် ဒါကာမှာ ဆန္ဒပြသူတွေနဲ့ သေဆုံးဒဏ်ရာ ရသူတွေရဲ့ မိသားစုဝင်တွေက ဧပြီ ၂၃ ရက်နေ့က ရာနာပလာဇာပြို ကျမှု နှစ်ပတ်လည်နေ့အဖြစ် ဘေးသင့်သူတွေကို လျော်ကြေးပေးဖို့ တောင်းဆို ဆန္ဒပြနေပါတယ်။

unnamedမနှစ်က ဒါကာမြို့ပြင်က ဆာဗာရပ်ကွက်အတွင်း ရာနာကုန်တိုက်ပြိုကျမှုကြောင့် စက်ရုံလုပ်သား အယောက် ၁၁၀၀ ကျော် သေဆုံးခဲ့ပြီး လူ ၂၅၀၀ လောက် ဒဏ်ရာရခဲ့ကြပါတယ်။

အထည်ချုပ်လုပ်သား အသင်းချုပ်ရဲ့ ဥက္ကဋ္ဌ ရိုင် ရာမဲ့ရှ်ချန်ဒျာက နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းရဲ့ သဘောတူညီချက် အပိုဒ်ခွဲ ၁၂၁ အရ နာကျင်မှု ဒုက္ခနဲ့ အနာဂတ် ရှာဖွေနိုင်စွမ်း ဆုံးရှုံးမှုတွေအတွက် အခြေခံပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ ဒဏ်ရာရသူတွေကို လျော်ကြေးပေးဖို့ ဆော်သြလိုက်ပါတယ်။

“ကျနော်တို့ အထည်ချုပ်လုပ်သားတွေဟာ ကမ္ဘာ့လုပ်သားဈေးကွက်ရဲ့ လုပ်သားတွေပါ။ ကမ္ဘာ့အဆင့်နဲ့အညီ လျော်ကြေးရသင့်တယ်။ ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်တွေက ဒီက မြစ်ဖျားခံတာပါ။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီး (အိုင်အယ်လ်အို) က ကြီးမှူးတဲ့ ယုံကြည်မှုရန်ပုံငွေကတဆင့် လျော်ကြေးပေးသင့်တယ်။”

ဆာရီဒါ ဘေဂမ်ကတော့ သူ့သမီး ကူလ်ဆမ်က ပြိုကျချိန်မှာ ဒီအဆောက်အဦထဲမှာ အလုပ်လုပ်တာ ဖြစ်ပေမယ့် အလောင်း ရှာမတွေ့လို့ ဘာလျော်ကြေးမှ မရဘူးလို့ ပြောပါတယ်။ ဒီအန်အေစစ်ဆေးမှု မတူလို့ အကြာကြီးရှာခဲ့ပေမယ့် မတွေ့တဲ့အတွက် လျော်ကြေးမရတာလို့ ဆိုပါတယ်။

နိုင်ငံတကာ နာမည်ကြီး အထည်ကုန်အမှတ်တံဆိပ်တွေအတွက် ချုပ်လုပ်ပေးနေတဲ့ အထည်ချုပ်စက်ရုံတွေ ရှိရာ ၈ ထပ်တိုက် အဆောက်အဦပြိုကျမှုဟာ ကမ္ဘာ့အဆိုးဆုံး လုပ်ငန်းခွင် မတော်တဆမှု ဖြစ်ခဲ့ပါတယ်။

DVB
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြို့တော် ဒါကာမှာ ဆန္ဒပြသူတွေနဲ့ သေဆုံးဒဏ်ရာ ရသူတွေရဲ့ မိသားစုဝင်တွေက ဧပြီ ၂၃ ရက်နေ့က ရာနာပလာဇာပြို ကျမှု နှစ်ပတ်လည်နေ့အဖြစ် ဘေးသင့်သူတွေကို လျော်ကြေးပေး ဖို့ တောင်းဆို ဆန္ဒပြနေပါတယ်။
unnamedမနှစ်က ဒါကာမြို့ပြင်က ဆာဗာရပ်ကွက်အတွင်း ရာနာကုန်တိုက်ပြိုကျမှုကြောင့် စက်ရုံလုပ်သား အယောက် ၁၁၀၀ ကျော် သေဆုံးခဲ့ပြီး လူ ၂၅၀၀ လောက် ဒဏ်ရာရခဲ့ကြပါတယ်။

အထည်ချုပ်လုပ်သား အသင်းချုပ်ရဲ့ ဥက္ကဋ္ဌ ရိုင် ရာမဲ့ရှ်ချန်ဒျာက နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းရဲ့ သဘောတူညီချက် အပိုဒ်ခွဲ ၁၂၁ အရ နာကျင်မှု ဒုက္ခနဲ့ အနာဂတ် ရှာဖွေနိုင်စွမ်းဆုံးရှုံးမှုတွေအတွက် အခြေခံပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ ဒဏ်ရာရသူတွေကို လျော်ကြေးပေး ဖို့ ဆော်သြ လိုက်ပါ တယ်။

“ကျနော်တို့ အထည်ချုပ်လုပ်သားတွေဟာ ကမ္ဘာ့လုပ်သားဈေးကွက်ရဲ့ လုပ်သားတွေပါ။ ကမ္ဘာ့အဆင့်နဲ့ အညီ လျော်ကြေးရသင့်တယ်။ ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်တွေက ဒီက မြစ်ဖျားခံတာပါ။ အပြည်ပြည်ဆိုင် ရာ အလုပ်သမားအဖွဲ့ကြီး (အိုင်အယ်လ်အို) က ကြီးမှူးတဲ့ ယုံကြည်မှုရန်ပုံငွေက တဆင့် လျော်ကြေးပေး သင့်တယ်။”

ဆာရီဒါ ဘေဂမ်ကတော့ သူ့သမီး ကူလ်ဆမ်က ပြိုကျချိန်မှာ ဒီအဆောက်အဦထဲမှာ အလုပ်လုပ်တာ ဖြစ်ပေ မယ့် အလောင်း ရှာမတွေ့လို့ ဘာလျော်ကြေးမှ မရဘူးလို့ ပြောပါတယ်။ ဒီအန်အေစစ်ဆေးမှု မတူလို့ အကြာကြီးရှာခဲ့ပေမယ့် မတွေ့တဲ့အတွက် လျော်ကြေးမရတာလို့ ဆိုပါတယ်။

နိုင်ငံတကာ နာမည်ကြီး အထည်ကုန်အမှတ်တံဆိပ်တွေအတွက် ချုပ်လုပ်ပေးနေတဲ့ အထည်ချုပ်စက်ရုံတွေ ရှိရာ ၈ ထပ်တိုက် အဆောက်အဦပြိုကျမှုဟာ ကမ္ဘာ့အဆိုးဆုံး လုပ်ငန်းခွင် မတော်တဆမှု ဖြစ်ခဲ့ပါတယ်။

DVB

No comments:

Post a Comment