Thursday 24 April 2014

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး ရန်ကုန်ရွှေ့မည်

ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်အတွက် အဓိက တာဝန်ယူ လုပ်ဆောင်နေ သည့် မြန် မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရုံးကို နေပြည်တော်မှ ရန်ကုန်သို့ ပြောင်းရွှေ့ ဖွင့်လှစ်သွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြား သည်။“ရန်ကုန်ကို ပြောင်းဖို့က လက်ရှိမှာတော့ ဆောင်ရွက်နေဆဲပါ။ လာမယ့် မေလလယ်လောက် မှာ ရွှေ့ဖြစ် မယ်။ အရင်ကတည်းက MIC အစည်းအဝေးတွေကို ရန်ကုန်နဲ့ နေပြည်တော်မှာ တစ်လှည့်စီ လုပ်ပေးနေတာပါ” ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် ရုံးရွှေ့ပြောင်းရန် ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်နေ ဆဲ ဖြစ်ပြီး ပြောင်းရွှေ့ဖြစ်ပါက ရန်ကုန်မြို့တော်ရှိ DICA ရုံးတွင် ရုံးထိုင်ဖွယ် ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ဆိုသည်။

ယခင်က ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များနှင့် ပတ်သက်၍ MIC နှင့် တွေ့ဆုံလိုသော လုပ်ငန်း ရှင်များနှင့် ကိုယ်စားလှယ် အဖွဲ့အစည်းများသည် နေပြည်တော်တွင် သွားရောက် တွေ့ဆုံရလေ့ရှိပြီး ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာ တင်လိုသူများ အနေဖြင့်လည်း နေပြည်တော်တွင် သွားရောက် လျှောက်ထား ရသည်။
“နေပြည်တော်အထိ သွားစရာ မလိုတော့ အနည်းဆုံးတော့ ခရီးစရိတ် သက်သာတာပေါ့။ နို့မို့ဆို အခေါက်ခေါက် သွားနေရတာ။ Law Firm တွေတောင် နေပြည်တော်မှာ သွားဖွင့်ရတဲ့ အထိပဲ။ စီးပွားရေး လုပ်ငန်း အများစုက ရန်ကုန်မှာ ရှိနေတာလေ။ နေပြည်တော်အထိ သွားပြီး ဆုံးဖြတ်ချက် စောင့်ရတာ အချိန်ကြာ တာပဲ ရှိတယ်” ဟု MIC တွင် လုပ်ငန်းလျှောက်ထားဖူးသူ စက်မှုထုတ်ကုန် လုပ်ငန်းရှင် ဦးမြင့်သူက ဆိုသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ၁၉၈၉ ခုနှစ်က စတင် ဖွဲ့စည်းထားပြီး ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ မှု ဆိုင်ရာများကို အဓိက ဆုံးဖြတ်ချက်များကို တာဝန်ယူ ချမှတ်သည့် အဖွဲ့အစည်းဖြစ်ကာ လက်ရှိအချိန်တွင် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ကော်မရှင် ဥက္ကဌအဖြစ် တာဝန်ယူ ဆောင် ရွက်နေ သည်။

The Voice Weekly

No comments:

Post a Comment