Thursday 24 April 2014

ဦးပိန် တံတား ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်း ၉ဝ ရာခိုင်နှုန်း ပြီးစီး


မန္တလေးတိုင်း ဒေသကြီး အမရ ပူရမြို့နယ် တောင်သမန် ဒေသရှိ ဦးပိန်တံတား၏ တိုင်အချို့နှင့် ကြမ်းခင်း များ၏ သက်တမ်းမှာ နှစ် ၁၆ဝကျော်ရှိပြီ ဖြစ်၍ ယိုယွင်း ပျက်စီးမှုများ ရှိလာရာ ရေရှည်တည်တံ့ ခိုင်မြဲရေး အတွက် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ငွေကျပ်သိန်း ၁၃ဝကျော် ထောက်ပံ့ပြီး ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန(မန္တလေး)တို့၏ ကြီးကြပ်မှုဖြင့် ဧပြီ ပထမပတ်မှ စတင်ကာ ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပထမအဆင့် အနေဖြင့် ယိုယွင်းနေသော တံတား အခန်းပေါင်း ၃ဝကို တိုင်နှင့် ကြမ်းခင်းများ၊ ရက်မများကို သစ်မာ သားများဖြင့် အစားထိုး ပြုပြင်လျက် ရှိရာ ယမန်နေ့ အထိ ပြင်ဆင်မှု လုပ်ငန်း ၉ဝရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။

ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင်စားသော ဦးပိန် တံတားကို မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ် ပုဂံမင်း လက် ထက် တွင် အမရပူရမြို့ စာရေး ဦးပိန်က အင်းဝ နန်းတော်ဟောင်းမှ ကျွန်းတိုင် လုံးများဖြင့် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး တိုင်ပေါင်း ၁ဝ၈၆တိုင်၊ အခန်းပေါင်း ၄၈၂ ခန်း၊ တံတားအရှည် ၃၉၆၇ပေ ရှည်ကြောင်း သိရသည်။

တံတားကြီး ရေရှည် တည်တံ့ရေးအတွက် တံတားပေါ်စက်ဘီး၊ ဆိုင်ကယ်စီးခြင်း မပြုရန် ရှေးဟောင်း သုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက အသိပေး ကြေညာထားကြောင်း သိရသည်။

သီဟ ကိုကို (မန္တလေး)
မြ၀တီ

No comments:

Post a Comment