Thursday 24 April 2014

ရခိုင်ပြည်နယ်အတွင်း အဖွဲ့အစည်းအများစု အလုပ်လုပ်ခွင့်မရသေး

ရခိုင်ပြည်နယ်တွင် လူ သားချင်းစာနာမှုဆိုင်ရာလုပ်ငန်း များ     ပြန်လည်ဆောင်ရွက်ရန် နိုင်ငံတကာ အဖွဲ့ အစည်း များမှ တင်ပြလာသော လုပ်ငန်းစဉ်များ သည် ပွင့်လင်းမြင်သာမှုမရှိသည့် အတွက် ထပ်မံတင်ပြပြီး မှ သာ ဆောင်ရွက်ခွင့်ပြုရန် ဆုံးဖြတ် လိုက်သည်။
ဧပြီ ၂၃ ရက်က ကျင်းပသော ယူအင်န်အိုချာ (OCHA)မှ ဒုတိယဌာနကိုယ်စားလှယ်အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုး ရတာဝန်ရှိသူများနှင့် စစ်တွေမြို့မိမြို့ဖများ ပါဝင်သော ပြည် န ယ် အဆင့် အရေးပေါ်ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ (ECC) အစည်းအ ဝေးတွင် အထက်ပါ အချက်အပါအဝင် ဆုံးဖြတ်ချက်သုံးခုချမှတ်ခဲ့ခြင်းဖြစ်သည်။

‘‘UN နဲ့ အိုင်အင်န်ဂျီအိုတွေ တင်ပြလာတဲ့အကြောင်းအရာ တွေက သေချာတိကျမှု ပွင့်လင်း မြင်သာမှု မရှိသေးတဲ့အတွက် တစ်ပတ်စာလုပ်ငန်းစဉ်တွေကို တိကျသေချာစွာ တင်ပြပြီးမှ ဆောင်ရွက်ဖို့ ဆုံးဖြတ် တယ်’’ဟု ECC အဖွဲ့ဝင်ဦးသန်းထွန်းက ပြောသည်။

ထို့အပြင် ECC အစည်း အဝေးတွင် နိုင်ငံတကာအဖွဲ့အ စည်းများ၏ရုံးနှင့် နေအိမ်များကို စစ်တွေမြို့တောင်ဘက် ပြည် တော်သာရပ်ကွက်ရှိ ပြည်ထောင် စုလမ်းတွင်သာ နေရာချထားရန်၊ မာတီ ဆာနှင့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) တို့ ရခိုင်ပြည်နယ်တွင် လုပ်ငန်းများ ဆောင်ရွက် ခွင့်မပြုရန်တို့ကို လည်း ဆုံးဖြတ်ချက်ချခဲ့သည်။

‘‘ဒီနေ့ ပြည်နယ်အဆင့် ECC အစည်းအဝေးလုပ်တယ်။ ရခိုင်လူမျိုးတွေက သမိုင်းနဲ့ချီပြီး ခံစားလာခဲ့တာ။ အကူအညီတွေ ခေါင်းစဉ်က ရခိုင်၊ တကယ်တမ်း က ဟိုဖက်တစ်ဖက်ပဲရောက်တာ ဆိုတော့ နည်းနည်း အခြေအတင် တော့ရှိတယ်လို့ သိရတယ်’’ဟု အမှတ်(၄)ရဲတပ်ရင်းများ ကွပ်ကဲ ရေးအဖွဲ့မှ အရာရှိတစ်ဦးက ဆိုသည်။

မတ်လနှောင်းပိုင်းက စစ် တွေမြို့တွင်ဖြစ်ပွားခဲ့သော ရုန်း ရင်းဆန်ခတ်မှုများကြောင့် ရခိုင် ပြည်နယ် တွင် နိုင်ငံတကာအဖွဲ့ များ၏ အကူအညီပေးရေးလုပ် ငန်းများကို ယာယီရပ်ဆိုင်းခဲ့ သည်။

ယခုအခါ WFP မှ စစ်တွေ မြို့ရှိ အရေးပေါ်ဆန်လိုအပ်နေ သော ဒုက္ခသည်စခန်းများသို့ ဆန် ဖြန့်ဝေပေးခြ င်း ၊ အိုင်စီအာစီအဖွဲ့ မှ ဆင်နှာမှော်ဘင်္ဂါလီဒုက္ခသည် စခန်းသို့ သောက်ရေ သန့် များ ဖြန့် ဝေပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ပြီး ဖြစ်ကြောင်း ECC မှ သတင်းရရှိ သည်။

ရခိုင်ပြည်နယ်တွင် ကုလ အပါအဝင် နိုင်ငံတကာအဖွဲ့ အစည်း ၆၀ ကျော်ရှိသော်လည်း နားလည်မှု စာချွန်လွှာ (MOU)ရေး ထိုးလုပ်ကိုင်နေသောအဖွဲ့ ၁၅ ဖွဲ့ သာပါဝင်ကြောင်း ပြည်ထောင်စု အစိုးရမှ ပြောကြား ထားသည်။

7Day Daily

No comments:

Post a Comment