Thursday 24 April 2014

ကချင်ပြည်နယ်ရှိကလေးငယ်များ အရေးပေါ်ပြုစုစောင့်ရှောက်မှု လိုအပ် မည်ဟု ယူနီဆက်ဖ်သတင်းထုတ်ပြန်

ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်) မှထုတ်ပြန်သော သတင်းထုတ်ပြန်ချက် တစ်ရပ် ၌ မြန်မာ့တပ်မတော်နှင့် ကေအိုင်အေအဖွဲ့ကြားတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲသစ် များကြောင့် ကချင်ပြည်နယ်ရှိ ကလေးငယ်များသည် အရေးပေါ်ပြုစုစောင့်ရှောက် မှုလိုအပ်လျက်ရှိသည်ဟု ဖော်ပြ ထားကြောင်း တရုတ်နေ့စဉ်သတင်း ဌာနက ယနေ့ဖော်ပြသည်။
ပြီးခဲ့သည့်ဧပြီလလယ်ခန့်က မြန်မာ့တပ်မတော်နှင့် ကချင် ကေအိုင်အေအဖွဲ့ကြား တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ များကြောင့် နေရပ် စွန့်ခွာထွက်ပြေးခဲ့ရသော ဒုက္ခသည်များထဲ၌ ကလေးငယ် ၁ဝဝဝ ကျော် ပါဝင်နေပြီး အများစုမှာ အရေးပေါ်စောင့်ရှောက်မှုလိုအပ်လျက် ရှိသည်ဟု ယူနီဆက်ဖ်ကသတိပေးခဲ့သည်။

ယူနီဆက်ဖ်အဖွဲ့၏ မြန်မာ နိုင်ငံဆိုင်ရာကိုယ်စားလှယ်ဖြစ်သူ ဘာထရန်ဘိန်ဗယ်လ်က ''တိုက် ပွဲ တွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ဒုက္ခသည်တွေထဲမှာ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အခြား အကူအညီတွေ လိုအပ်နေတဲ့ ကလေးငယ်တော်တော်များများ ပါဝင်နေပါတယ်။ အများစုဟာ လုံခြုံမှု၊ သန့်ရှင်းတဲ့ရေရရှိမှုနဲ့ မိသားစုတွေနဲ့ တပေါင်းတစည်း တည်းရှိမှုဆိုတဲ့အပိုင်းတွေမှာ အခက်အခဲတွေ အများကြီး ရင်ဆိုင်နေရ ပါတယ်။ သူတို့အားလုံးကို ပြုစုစောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းစဉ် တွေ အမြန်ဆုံး လုပ်ပေးဖို့လိုအပ်နေပါတယ်။ ကျွန်တော်တို့ဘက်ကလဲ အတတ်နိုင်ဆုံးပြုစုစောင့်ရှောက်မှုလုပ်ပေးဖို့ ကြိုးစားနေ ပါတယ်''ဟု ပြောသည်။

ထို့အပြင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိတိုက်ပွဲ ဖြစ်ပွားရာဒေသများတွင် ရှိနေေ သာ မြေမြှုပ် မိုင်း များ၏အန္တရာယ်သည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ စစ်ဘေးရှောင်ဒုက္ခသည် များနှင့် ကလေး ငယ် များအတွက် အန္တရာယ်ကြီးမားလျက်ရှိသည်ဟု ယူနီဆက်ဖ်က သတိပေးခဲ့သည်။

The Union Daily

No comments:

Post a Comment