Thursday 24 April 2014

အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာအပြင်အပိုထောက်ပံ့ကြေးငွေ ပေးဆောင်ရန် အဆိုရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ယနေ့တင်သွင်း

အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာအပြင် အပိုထောက်ပံ့ကြေးငွေ ပေးဆောင်ရန် အဆိုကို ယနေ့ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တင်သွင်းခဲ့သည်။
သက်ကြီးရွယ်အိုပင်စင်စားများအား ပင်စင်လစာအပြင် ဆေးဖိုးဝါးခအဖြစ် အပိုထောက် ပံ့ကြေးငွေ ပေးဆော င် ရန် တိုက်တွန်းကြောင်းအဆိုကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလွင် ကတင်သွင်းခဲ့ခြင်းဖြစ်သည်။

ပင်စင်စားများအား အပိုထပ်ဆောင်းငွေပေးရန်အတွက် တိုင်းဒေသကြီးအစိုးရက ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းပေးရန် အဆိုတင်သွင်းခြင်းဖြစ်ပြီး ယင်းအဆိုကို လာမည့်ဧပြီ (၂၈)ရက် တနလာင်္နေ့ တွင် ဆွေးနွေးသွား မည်ဖြစ်သည်။

အစိုးရသစ်လက်ထက် ၂၀၁၁ ခုနှစ်တွင် အငြိမ်းစားများကို အစိုးရက ပင်စင်လစာတိုးမြှင့်ပေးခဲ့သည်။ လက်ရှိတွင် နိုင်ငံဝန်ထမ်းများကို အစိုးရက အပိုထပ်ဆောင်းငွေကျပ် သုံးသောင်းခန့် ချထားပေးသည်။

Popular Myanmar News Journal

No comments:

Post a Comment