
ပိုလန်နိုင်ငံမှာ ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်ကြည်းတပ် အင်အား ၁၅၀ ဟာ ပထမ အသုတ် အနေနဲ့ ပိုလန်နိုင်ငံ ဆွီဒ်ဝင်း(Swidwin) မြို့ကို ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က ရောက်ရှိ လာပြီး နောက်ထပ် တပ်အင်အား ၄၅၀ လည်း မကြာခင် လာရောက် ပူးပေါင်းမှာ ဖြစ်ပါတယ်။
စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားကို ပိုလန်နိုင်ငံခြားရေးဝန်ကြီး၊ အီးယူမှာ တပ်စွဲထားတဲ့ အမေရိကန် တပ်တွေရဲ့ ဒုတိယတပ်မှူးကြီးနဲ့ ပိုလန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်တို့ တက်ရောက်ခဲ့ကြပြီး အမေရိကန်နဲ့ ပိုလန်နိုင်ငံတို့ရဲ့ ခိုင်မြဲတဲ့ မဟာမိတ်ကို အပြန်အလှန် အသိအမှတ်ပြုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ၁ ပတ်က ရရှိခဲ့တဲ့ ယူကရိန်းနိုင်ငံဆိုင်ရာ သဘောတူညီမှုကို ရုရှားနိုင်ငံက ချိုးဖောက်တယ်လို့ အမေရိကန် သမ္မတ အိုဘားမားက စွပ်စွဲပြောဆိုချိန်မှာ ရုရှားလူမျိုးတွေရဲ့ အကျိုးစီးပွားကို တိုက်ခိုက်လာရင် ဘယ်နေရာမှာမဆို လက်တုံ့ပြန်မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလားဗရော့က ပြောဆိုပါတယ်။
အခုစစ်ရေးလေ့ကျင့်မှုဟာ ပိုလန်နိုင်ငံမှာ ဒီနှစ်အတွင်း တိုးချဲ့ပြုလုပ်ဖို့ စီစဉ်ထားခဲ့တာတဲ့ ပထမပိုင်း စစ်ရေးလေ့ကျင့်မှုတွေ ဖြစ်ပြီး လာမယ့်နှစ်ထဲအထိ ဆက်လုပ်သွားနိုင်တယ်လို့ ဆိုပါတယ်။
ဒီဗွီဘီ
No comments:
Post a Comment