Thursday 24 April 2014

Bangkok Airways ၏ သံတမန်အဖြစ် မိုးစက်ဝိုင်ကို ခန့်အပ်

Photo: Bangkok Airways ၏ သံတမန်အဖြစ် မိုးစက်ဝိုင်ကို ခန့်အပ်
Thursday, April 24, 2014 

ပြည်ပလေကြောင်းလိုင်း တစ်ခုဖြစ်သည့် Bangkok Airways ၏ မြန်မာနိုင်ငံ ကိုယ်စားပြု သံတမန်အဖြစ် Miss Myanmar Universe အလှမယ် မိုးစက်ဝိုင်ကို ခန့်အပ်လိုက်ကြောင်း ယင်းလေကြောင်းလိုင်းအတွက် မီဒီယာနှင့် သတင်း ပြန်ကြားရေး ကဏ္ဍများကို ဆောင်ရွက်ပေးနေသည့် Wired Media Myanmar မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါ်ဝင်ဒီက The Voice သို့ ပြောကြားသည်။

မြန်မာအလှမယ် မိုးစက်ဝိုင်သည် Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်နိုင်ခဲ့ခြင်း၊ ကိုယ်ရေး အချက်အလက်များ
ကောင်းမွန်ခြင်း တို့ကြောင့် Bangkok Airways ၏ မြန်မာနိုင်ငံ ကိုယ်စားပြု သံတမန်အဖြစ် တစ်နှစ်စာချုပ် ချုပ်ကာ ခန့်အပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကာလ
အတွင်း Bangkok Airways မှ ပြုလုပ်သည့် ခရီးစဉ် အသစ်များကို မိတ်
ဆက်ခြင်း၊ အရောင်းမြှင့်တင်ရေး အစီအစဉ်နှင့် တီဗီကြော်ငြာများတွင် မိုးစက်ဝိုင် ပါဝင်လှုပ်ရှား ပေးရမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြား
သည်။

“ပြည်ပလေကြောင်းလိုင်း တစ်ခုရဲ့ သံတမန်အဖြစ် ခန့်အပ်ခံရတဲ့အပေါ် မိုးစက် အရမ်းဝမ်းသာပါတယ်။ မိုးစက် သံတမန်အဖြစ် လက်ခံ ဆောင်ရွက်ပေးတဲ့ Brand တွေအကုန်လုံးက ကိုယ်တိုင် ယုံကြည်ရတဲ့ Brand တွေမို့လို့ပါ။ Bangkok Airways ကလည်း ကိုယ်တိုင် ယုံကြည်ရတဲ့ Brand မို့လို့ ကိုယ်စားပြုချင်တာပါ။ 

သူတို့ လေကြောင်းလိုင်းရဲ့ ရည်ရွယ်ချက်ကလည်း မြန်မာနိုင်ငံက ခရီးသည်တွေ
ကို ဝန်ဆောင်မှု ကောင်းကောင်း၊ ကုန်ကျစရိတ် သက်သက်သာသာနဲ့ ဆောင်
ရွက် ပေးချင်တာဆိုတော့ မိုးစက်က သူတို့ရဲ့ ရည်ရွယ်ချက်ကို ပြည်သူတွေ
သိအောင် လုပ်ဆောင် ပေးရမှာပါ” ဟု သံတမန်အဖြစ် ခန့်အပ်ခံရသည့် Miss Myanmar Universe အလှမယ် မိုးစက်ဝိုင်က ပြောကြားသည်။ 

The Voice Weekly
ပြည်ပလေကြောင်းလိုင်း တစ်ခုဖြစ်သည့် Bangkok Airways ၏ မြန်မာနိုင်ငံ ကိုယ်စားပြု သံတမန်အဖြစ် Miss Myanmar Universe အလှမယ် မိုးစက်ဝိုင်ကို ခန့်အပ်လိုက်ကြောင်း ယင်းလေကြောင်းလိုင်းအတွက် မီဒီယာနှင့် သတင်း ပြန်ကြားရေး ကဏ္ဍများကို ဆောင်ရွက်ပေးနေသည့် Wired Media Myanmar မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါ်ဝင်ဒီက The Voice သို့ ပြောကြားသည်။မြန်မာအလှမယ် မိုးစက်ဝိုင်သည် Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်နိုင် ခဲ့ခြင်း၊ ကိုယ်ရေး အချက်အလက်များကောင်းမွန်ခြင်းတို့ကြောင့် Bangkok Airways ၏ မြန် မာနိုင်ငံ ကိုယ်စားပြု သံတမန်အဖြစ် တစ်နှစ်စာချုပ် ချုပ်ကာ ခန့်အပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကာလအတွင်း Bangkok Airways မှ ပြုလုပ်သည့် ခရီးစဉ် အသစ်များကို မိတ်ဆက်ခြင်း၊ အရောင်းမြှင့်တင်ရေး အစီ အစဉ်နှင့် တီဗီကြော်ငြာများတွင် မိုးစက်ဝိုင် ပါဝင်လှုပ်ရှား ပေးရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြော ကြားသည်။

“ပြည်ပလေကြောင်းလိုင်း တစ်ခုရဲ့ သံတမန်အဖြစ် ခန့်အပ်ခံရတဲ့အပေါ် မိုးစက် အရမ်းဝမ်းသာပါတယ်။ မိုးစက် သံတမန်အဖြစ် လက်ခံ ဆောင်ရွက်ပေးတဲ့ Brand တွေအကုန်လုံးက ကိုယ်တိုင် ယုံကြည်ရတဲ့ Brand တွေမို့လို့ပါ။ Bangkok Airways ကလည်း ကိုယ်တိုင် ယုံကြည်ရတဲ့ Brand မို့လို့ ကိုယ်စားပြုချင် တာပါ။

သူတို့ လေကြောင်းလိုင်းရဲ့ ရည်ရွယ်ချက်ကလည်း မြန်မာနိုင်ငံက ခရီးသည်တွေကို ဝန်ဆောင် မှု ကောင်းကောင်း၊ ကုန် ကျ စရိတ် သက်သက်သာသာနဲ့ ဆောင်ရွက် ပေးချင်တာဆိုတော့ မိုးစက်က သူတို့ရဲ့ ရည်ရွယ်ချက်ကို ပြည်သူတွေသိအောင် လုပ်ဆောင် ပေးရမှာပါ” ဟု သံတမန်အဖြစ် ခန့်အပ်ခံ ရသည့် Miss Myanmar Universe အလှမယ် မိုးစက်ဝိုင်က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment