Thursday 24 April 2014

တရုတ်နိုင်ငံမှ ဘေဂျင်းကားပြပွဲ

Photo: တရုတ်နိုင်ငံမှ ဘေဂျင်းကားပြပွဲ
Thursday, April 24, 2014 

တရုတ် မော်တော်ယာဉ် လုပ်ငန်းများက အရောင်းပမာဏ ကျဆင်းခြင်း အတွက် ညည်းညူကြသည်။ တရုတ်အစိုးရ အာဏာပိုင်များက လည်း ပြည်တွင်း မော်တော်ယာဉ် ထုတ်လုပ်မှု တိုးတက်စေရန် စည်းမျဉ်းများ ကန့်သတ်ခဲ့ကြသည်။ သို့သော်လည်း ကမ္ဘာကျော် အမှတ်တံဆိပ် အဖိုးတန် မော်တော်ကားများကိုသာ တရုတ်နိုင်ငံသား အများစုက တပ်မက် စိတ်ဝင်စားကြသည့် အစွဲအလမ်းကိုမူ ဖျက်မပစ်နိုင်ခဲ့ချေ။ နာမည်ကျော် ဇိမ်ခံကားများကို တရုတ်နိုင်ငံသားများက မက်မက်မောမော ရှိလွန်းလှသည်ကို ဧပြီလ (၂၂)ရက်နေ့က စတင်ကျင်းပသည့် Auto China 2014 မော်တော်ယာဉ် ပြပွဲကြီးက သက်သေခံနေခဲ့သည်။

ဘဂျင်းမြို့တော်တွင် ပြုလုပ်သော ကားပြပွဲကြီးသည် နိုင်ငံတကာ မော်တော်ကား ပြပွဲများအနက် အကြီးမားဆုံး စာရင်းဝင် ပွဲတော်ကြီး တစ်ခုလည်း ဖြစ်သည်။ မော်တော်ကား ဝါသနာအိုးများ၊ ကုမ္ပဏီ အသီးသီးမှ ဝန်ထမ်းများ၊ သတင်းသမားများသည် တဖိတ်ဖိတ် တောက်ပနေသော ဇိမ်ခံကားကြီးများ၊ ပြိုင်ကားများ၊ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကားများကြားတွင် ပျားပန်းခတ်မျှ သွားလာနေကြသည်။ မီဒီယာသမားများသည် တနင်္ဂနွေနေ့ ကတည်းက အကြိုခင်းကျင်းမှု အစီအစဉ်များတွင် သတင်းယူခွင့် ရခဲ့ပြီး ဖြစ်သည်။ တရုတ်ပြည်သူများ၏ ကားအကောင်းစား မက်မောတတ်မှုကို ကောင်းစွာသိနေသည့် နိုင်ငံခြား ကုမ္ပဏီကြီး အမြောက်အမြားတို့သည် ယခုပြပွဲတွင် ၎င်းတို့၏ နောက်ဆုံးပေါ် ကားသစ်များကို ခင်းကျင်းပြလာခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် မော်တော်ယာဉ် ဝယ်လိုအား အလျင်မြန်ဆုံး မြင့်တက်လာသည့် နိုင်ငံအဖြစ် ရပ်တည်နေသည်။ McKinsey ဈေးကွက်စစ်တမ်းက (၂၀၁၆)ခုနှစ်တွင် တရုတ်၏ မော်တော်ကား ဝယ်လိုအားသည် အမေရိကန်ကို ကျော်တက်သွားနိုင်သည်ဟု ခန့်မှန်းထားသည်။ အထူးသဖြင့် အကျိုးအမြတ် များသလောက် ပြိုင်ဆိုင်မှုလည်း ပြင်းထန်လွန်းသည့် တရုတ်မော်တော်ကား ဈေးကွက်က ရင်းနှီးမြှုပ်နှံသူများကို စွန့်စားချင်စိတ် ဖြစ်ပေါ်အောင် နှိုးဆွ ဖိတ်ခေါ်လျှက်ရှိသည်။ Rolls-Royceကဲ့သို့ ကားကုမ္ပဏီကြီးများသည် အနာဂတ်တွင် တရုတ်နိုင်ငံ၌ ဓနအင်အား တောင့်တင်းသော ဖောက်သည်ကောင်းများ ရရှိလာစေရန် မျှော်လင့်လျှက်ရှိသည်။

“ခုဆိုရင် တရုတ်ဟာ ကျွန်တော်တို့အတွက် အမေရိကန်နည်းတူ ထိပ်တန်း ဈေးကွက်ပစ်မှတ် ဖြစ်လာပြီလေ”ဟု ကုမ္ပဏီ၏ အမှုဆောင်ချုပ် တော်စတန် မူလာအော့တ်ဗော့စ်က ဘေဂျင်းကားပြပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ Rolls-Royceသည် မော်ဒယ်လ်သစ် မော်တော်ယာဉ် (၂)စင်းကို ပြပွဲတွင် ခင်းကျင်းပြသခဲ့သည်။ “(၂၀၁၃)ခုနှစ်ကဆိုရင် ဂွတ်ဒ်ဝုဒ်က ကျွန်တော်တို့ရဲ့ ဒီဇိုင်းစတူဒီယိုကနေ ထုတ်လုပ်လိုက်သမျှ ကားတွေရဲ့ (၄)ပုံ(၁)ပုံက တရုတ်နိုင်ငံကို ရောက်လာခဲ့ပါတယ်” ဟုလည်း အော့တ်ဗော့စ်က ဆိုသည်။

ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး စာရင်းဝင် မော်တော်ယာဉ် အမှတ်တံဆိပ်ဖြစ်သည့် Bugattiကလည်း ၎င်းတို့၏ Veyron စီးရီးများအနက် မျိုးဆက်သစ်ဖြစ်သော Type 18 Black Bessကို ဂုဏ်ယူစွာ ခင်းကျင်းခဲ့သည်။ အဆိုပါ မော်တော်ကားသည် တစ်စင်းလျှင် ဒေါ်လာ (၃.၆၁)သန်း တန်ကြေးရှိပြီး စုစုပေါင်း (၃)စင်းသာ ထုတ်လုပ်ထားသည်။ ဘေဂျင်းတွင် ကျင်းပသည့် မော်တော်ကား ပြပွဲကြီးသည် တရုတ်နိုင်ငံသားများ၏ ကားသစ်များအပေါ် ဆာလောင်တောင့်တမှုနှင့် တရုတ်ဈေးကွက်အပေါ် လုပ်ငန်းကြီးများ၏ စိတ်ဝင်စားမှုကို ကြီးစွာထင်ဟပ်စေသည်မှာမူ အထင်အရှားပင်ဖြစ်သည်။ ဘေဂျင်းရဲတပ်ဖွဲ့က အဆိုပါ ကားပြပွဲသို့ နေ့စဉ်ပျမ်းမျှ လူပေါင်း (၁၂၀၀၀၀)မျှ လာရောက်လိမ့်မည်ဟု ခန့်မှန်းထားသည်။

Plasnet
တရုတ် မော်တော်ယာဉ် လုပ်ငန်းများက အရောင်းပမာဏ ကျဆင်းခြင်း အတွက် ညည်းညူကြသည်။ တရုတ်အစိုးရ အာဏာပိုင်များက လည်း ပြည်တွင်း မော်တော်ယာဉ် ထုတ်လုပ်မှု တိုးတက်စေရန် စည်းမျဉ်းများ ကန့်သတ်ခဲ့ကြသည်။ သို့သော်လည်း ကမ္ဘာကျော် အမှတ်တံဆိပ် အဖိုးတန် မော်တော်ကား များ ကိုသာ တရုတ်နိုင်ငံသား အများစုက တပ်မက် စိတ်ဝင်စားကြသည့် အစွဲအလမ်းကိုမူ ဖျက်မပစ်နိုင် ခဲ့ချေ။ နာမည်ကျော် ဇိမ်ခံကားများကို တရုတ်နိုင်ငံသားများက မက်မက်မောမော ရှိလွန်းလှသည်ကို ဧပြီလ (၂၂)ရက်နေ့က စတင်ကျင်းပသည့် Auto China 2014 မော်တော်ယာဉ် ပြပွဲကြီးက သက်သေခံနေခဲ့သည်။
ဘဂျင်းမြို့တော်တွင် ပြုလုပ်သော ကားပြပွဲကြီးသည် နိုင်ငံတကာ မော်တော်ကား ပြပွဲများအနက် အကြီးမား ဆုံး စာရင်းဝင် ပွဲတော်ကြီး တစ်ခုလည်း ဖြစ်သည်။ မော်တော်ကား ဝါသနာအိုးများ၊ ကုမ္ပဏီ အသီးသီးမှ ဝန်ထမ်း များ၊ သတင်းသမားများသည် တဖိတ်ဖိတ် တောက်ပနေသော ဇိမ်ခံကားကြီးများ၊ ပြိုင်ကားများ၊ လျှပ်စစ် စွမ်းအင်သုံး မော်တော်ကားများကြားတွင် ပျားပန်းခတ်မျှ သွားလာနေကြသည်။ မီဒီယာသမားများ သည် တနင်္ဂနွေနေ့ ကတည်းက အကြိုခင်းကျင်းမှု အစီအစဉ်များတွင် သတင်းယူခွင့် ရခဲ့ပြီး ဖြစ်သည်။ တရုတ်ပြည်သူများ၏ ကားအကောင်းစား မက်မောတတ်မှုကို ကောင်းစွာသိနေသည့် နိုင်ငံခြား ကုမ္ပဏီကြီး အမြောက်အမြားတို့သည် ယခုပြပွဲတွင် ၎င်းတို့၏ နောက်ဆုံးပေါ် ကားသစ်များကို ခင်းကျင်းပြလာခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် မော်တော်ယာဉ် ဝယ်လိုအား အလျင်မြန်ဆုံး မြင့်တက်လာ သည့် နိုင်ငံ အဖြစ် ရပ်တည်နေသည်။ McKinsey ဈေးကွက်စစ်တမ်းက (၂၀၁၆)ခုနှစ်တွင် တရုတ်၏ မော်တော်ကား ဝယ်လိုအားသည် အမေရိကန်ကို ကျော်တက်သွားနိုင်သည်ဟု ခန့်မှန်းထားသည်။ အထူးသဖြင့် အကျိုးအမြတ် များသလောက် ပြိုင်ဆိုင်မှုလည်း ပြင်းထန်လွန်းသည့် တရုတ်မော်တော်ကား ဈေးကွက်က ရင်းနှီးမြှုပ်နှံသူများကို စွန့်စားချင်စိတ် ဖြစ်ပေါ်အောင် နှိုးဆွ ဖိတ်ခေါ်လျှက်ရှိသည်။ Rolls-Royceကဲ့သို့ ကားကုမ္ပဏီကြီးများသည် အနာဂတ်တွင် တရုတ်နိုင်ငံ၌ ဓနအင်အား တောင့်တင်းသော ဖောက် သည်ကောင်း များ ရရှိလာစေရန် မျှော်လင့်လျှက်ရှိသည်။

“ခုဆိုရင် တရုတ်ဟာ ကျွန်တော်တို့အတွက် အမေရိကန်နည်းတူ ထိပ်တန်း ဈေးကွက် ပစ်မှတ် ဖြစ် လာပြီလေ”ဟု ကုမ္ပဏီ၏ အမှုဆောင်ချုပ် တော်စတန် မူလာအော့တ်ဗော့စ် က ဘေဂျင်းကားပြပွဲ တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ Rolls-Royceသည် မော်ဒယ်လ်သစ် မော်တော်ယာဉ် (၂)စင်းကို ပြပွဲတွင် ခင်းကျင်းပြသခဲ့သည်။ “(၂၀၁၃)ခုနှစ်ကဆိုရင် ဂွတ်ဒ်ဝုဒ်က ကျွန်တော်တို့ရဲ့ ဒီဇိုင်းစတူဒီယိုကနေ ထုတ်လုပ်လိုက်သမျှ ကားတွေရဲ့ (၄)ပုံ(၁)ပုံက တရုတ်နိုင်ငံကို ရောက်လာခဲ့ပါတယ် ” ဟုလည်း အော့တ်ဗော့စ်က ဆိုသည်။

ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံး စာရင်းဝင် မော်တော်ယာဉ် အမှတ်တံဆိပ်ဖြစ်သည့် Bugattiကလည်း ၎င်းတို့၏ Veyron စီးရီးများအနက် မျိုးဆက်သစ်ဖြစ်သော Type 18 Black Bessကို ဂုဏ်ယူစွာ ခင်းကျင်းခဲ့သည်။ အဆိုပါ မော်တော်ကားသည် တစ်စင်းလျှင် ဒေါ်လာ (၃.၆၁)သန်း တန်ကြေးရှိပြီး စုစုပေါင်း (၃)စင်းသာ ထုတ်လုပ်ထားသည်။ ဘေဂျင်းတွင် ကျင်းပသည့် မော်တော်ကား ပြပွဲကြီးသည် တရုတ်နိုင်ငံ သားများ၏ ကားသစ်များအပေါ် ဆာလောင်တောင့်တမှုနှင့် တရုတ်ဈေးကွက်အပေါ် လုပ်ငန်းကြီး များ၏ စိတ်ဝင်စားမှုကို ကြီးစွာထင်ဟပ်စေသည်မှာမူ အထင်အရှားပင်ဖြစ်သည်။ ဘေဂျင်း ရဲတပ်ဖွဲ့က အဆိုပါ ကားပြပွဲသို့ နေ့စဉ်ပျမ်းမျှ လူပေါင်း (၁၂၀၀၀၀)မျှ လာရောက်လိမ့်မည်ဟု ခန့်မှန်း ထားသည်။

Plasnet

No comments:

Post a Comment