Thursday 24 April 2014

ပရိသတ်ကရွေးတဲ့ အဆိုတော်အဖွဲ့ (သို့မဟုတ်) AKB48

Photo: ပရိသတ်ကရွေးတဲ့ အဆိုတော်အဖွဲ့ (သို့မဟုတ်) AKB48
Thursday, April 24, 2014 

AKB48 (အသံထွက် – အေကေဘီ ဖော်တီအိတ်) ဟာ ဂျပန်နိုင်ငံမှာ အအောင်မြင်ဆုံးနဲ့ အဖွဲ့ဝင်အများဆုံး အမျိုးသမီး အဆိုတော် အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင်ပေါင်း ၆၄ ဖွဲ့ပါဝင်ပြီး သီးသန့်အဖွဲ့အနေနဲ့ ဖွဲ့စည်းထားတာမျိုးမဟုတ်ပဲ ပရိသတ်က ရွေးချယ်တဲ့ အဆိုတော် ၆၄ ယောက်ကို စုစည်းထားတာ ဖြစ်ပါတယ်။ 

AKB48 အဖွဲ့ ထူထောင်သူ Yasushi Akimoto ဟာ ၂၀၀၅ ခုနှစ်မှာ တခြား ပေါ့ပ်အဖွဲ့တွေနဲ့ မတူတဲ့ အဖွဲ့တစ်ခု တည်ထောင်ဖို့ စိတ်ကူးရခဲ့ပါတယ်။ တိုကျိုမြို့ အကီဟာဘာရာ ရပ်ကွက်က ကပွဲရုံမှာ နေ့စဉ်ဖျော်ဖြေပေးမယ့် အဆိုတော်အဖွဲ့ကို စတင်ဖွဲ့စည်းဖို့အတွက် ကြေညာခဲ့ပါတယ်။ လာရောက် လျှောက်ထားတဲ့ မိန်းကလေး အရေအတွက်ဟာ ၇၉၂၄ ယောက်ရှိခဲ့ပြီး အဲဒီထဲကမှ ၂၄ ယောက်ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီထဲက အယောက်၂၀ ကိုပဲ ပထမဆုံးအကြိမ် ဖျော်ဖြေမှုမှာ မြင်တွေ့ခဲ့ရပြီး အဖွဲ့ခွဲ ၄ ခုထဲက ပထမဆုံး အဖွဲ့ Team A အဖြစ် စတင်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ဒုတိယမြောက် အဖွဲ့ခွဲအတွက် ၁၁၈၉၂ ယောက်အထိ လာရောက်လျှောက်ထားခဲ့တဲ့ထဲက ၁၉ ယောက်ကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း Team K အဖြစ် ဖွဲ့စည်းတဲ့အချိန်မှာ ၁၈ ယောက်ပဲ ပါဝင်ခဲ့ပြီး Mariko Shinoda က ပရိသတ်ဆန္ဒမဲနဲ့ ၁၉ ယောက်မြောက်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ အသက်ကြီးသွားတဲ့ Yuki Usami ဟာ အဖွဲ့ရဲ့ ပထမဆုံး ပြီးဆုံးအောင်မြင်သူအဖြစ် သတ်မှတ်ခံရပြီး AKB48ကနေ နှုတ်ဆက်ထွက်ခွာခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း အဲဒီလို ပြီးဆုံးအောင်မြင်သူတွေကို အဖွဲ့က နှုတ်ဆက်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ Team K ဟာ ကပွဲရုံမှာ ၂၀၀၆ ဧပြီ ၁ ရက်နေ့ကနေ စတင်ဖျော်ဖြေနေပြီ ဖြစ်ပါတယ်။ 

AKB48 ဟာ သီချင်းသီဆိုတဲ့ အဖွဲ့ပုံစံထက် ဖျော်ဖြေရေးအဖွဲ့ပုံစံကို ပိုမိုအာရုံစိုက်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ Team B နဲ့ Team 4 ကို ထပ်မံဖွဲ့စည်းခဲ့သလို အခြား အရပ်ဒေသတွေကို အစွဲပြုပြီး SKE48 ၊ JKT48 (Jakata, Indonesia) ၊ TPE48 (Taipei) အစရှိတဲ့ အဖွဲ့တွေကို ဖွဲ့စည်းခဲ့ပါတယ်။ နောက်ဆုံး Nogizaka46 ကိုလည်း AKB48 ရဲ့ ပြိုင်ဘက်ပုံစံ ဖွဲ့စည်းခဲ့ပါသေးတယ်။ AKB48 ရဲ့ အထင်ရှားဆုံး လှုပ်ရှားမှုကတော့ မဲပေးရွေးချယ်ပွဲပဲ ဖြစ်ပါတယ်။ AKB48 ဟာ တခြားအဆိုတော်အဖွဲ့တွေနဲ့ မတူညီပဲ အဖွဲ့ဝင်တွေကို ပရိသတ်တွေက မဲပေးရွေးချယ်ရတာ ဖြစ်ပါတယ်။ အဖွဲ့၎ဖွဲ့အပြင် သင်တန်းသူတွေလည်း ရှိသလို ညီအစ်မအဖွဲ့တွေလည်း အများအပြား ရှိပါတယ်။ အဖွဲ့ဝင်တွေဟာ ရည်းစားထားခွင့်လည်း မရှိသလို ကိုယ်ကျင့်စာရိတ္တလည်း ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် AKB48 ဟာ ပရိသတ်လိုချင်တဲ့အရာကို တိတိပပ ပေးစွမ်းနိုင်စွမ်း ရှိသလို ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုလည်း အတိုင်းထက်အလွန် ရရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။
AKB48 ရဲ့နောက်ထပ် အားသာချက်က ကိုယ်ပိုင် ကပွဲရုံအပြင် အဖွဲ့ဝင်တွေရဲ့ နေ့စဉ် လှုပ်ရှားမှုတွေ၊ အဖွဲ့အချင်းချင်း ပြိုင်ဆိုင်မှုတွေအပြင် အဖွဲ့ဝင်ဖြစ်လာဖို့ ကြိုးစားမှုတွေကိုပါ အမြဲတမ်း ပရိသတ်သိရှိနိုင်အောင် ထုတ်ပြန်ပေးနေခြင်းပါ။ ပရိသတ်တွေဟာ သူတို့ကို အောင်မြင်ကျော်ကြားသူများ အနေနဲ့ သိပ်မမြင်ပဲ သူတို့ရဲ့ ညီမလေးတွေ၊ သူငယ်ချင်းတွေ၊ အိမ်နီးနားချင်းတွေလို ခံစားနိုင်အောင် အမြဲတမ်း လုပ်ဆောင်ပေးထားပါတယ်။ အဖွဲ့ဝင်အများစုဟာ ဆယ်ကျော်သက်တွေ ဖြစ်ပြီး ၂၀ စွန်းစွန်းအဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။ တခါတရံမှာ အဖွဲ့ရဲ့ ဘီကီနီဝတ်စုံနဲ့ ကြော်ငြာတွေ၊ အနည်းငယ် ကြမ်းရှတဲ့ သီချင်းစာသားတွေကြောင့် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတွေ လုပ်နေတယ်လို့ ဝေဖန်ခံရပေမယ့် အမျိုးသမီးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားပါတယ်။ 
လက်ရှိ AKB48 ရဲ့ အဖွဲ့ခေါင်းဆောင်ဟာ Minami Takahashi ဖြစ်ပြီး Team A ရဲ့ ခေါင်းဆောင်ပဲ ဖြစ်ပါတယ်။ Team A ခေါင်းဆောင်တွေဟာ AKB48 နဲ့ သူ့ရဲ့ အစွယ်အပွား အဖွဲ့အားလုံးရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ Team A, K, B နဲ့ 4 ဆိုပြီး ၄ ဖွဲ့ ခွဲထားသလို သင်တန်းသူတွေလည်း ရှိပါသေးတယ်။ အဖွဲ့ဝင်ဖြစ်ဖို့အတွက် မဲပေးရွေးချယ်မှုတွေလည်း ပြုလုပ်သလို Rock-Paper-Scissors (မြန်မာလိုဆို ဘိုကျားသေနတ် ကစားသလို) ပြိုင်ပွဲလည်း ပြုလုပ်ပြီး ရွေးချယ်ပါတယ်။ AKB48 ရဲ့ Official Page မှာလည်း အဖွဲ့ဝင်တွေကို သွားရောက်ဖတ်ရှုနိုင်ပါတယ်။ 

Myawady News
AKB48 (အသံထွက် – အေကေဘီ ဖော်တီအိတ်) ဟာ ဂျပန်နိုင်ငံမှာ အအောင်မြင်ဆုံးနဲ့ အဖွဲ့ဝင်အများဆုံး အမျိုးသမီး အဆိုတော် အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင်ပေါင်း ၆၄ ဖွဲ့ပါဝင်ပြီး သီးသန့်အဖွဲ့အနေနဲ့ ဖွဲ့စည်း ထားတာမျိုးမဟုတ်ပဲ ပရိသတ်က ရွေးချယ်တဲ့ အဆိုတော် ၆၄ ယောက်ကို စုစည်းထားတာ ဖြစ်ပါတယ်။
AKB48 အဖွဲ့ ထူထောင်သူ Yasushi Akimoto ဟာ ၂၀၀၅ ခုနှစ်မှာ တခြား ပေါ့ပ်အဖွဲ့တွေနဲ့ မတူတဲ့ အဖွဲ့တစ်ခု တည်ထောင်ဖို့ စိတ်ကူးရခဲ့ပါတယ်။ တိုကျိုမြို့ အကီဟာဘာရာ ရပ်ကွက်က ကပွဲရုံမှာ နေ့ စဉ်ဖျော်ဖြေပေး မယ့် အဆိုတော်အဖွဲ့ကို စတင်ဖွဲ့စည်းဖို့အတွက် ကြေညာခဲ့ပါတယ်။ လာရောက် လျှောက် ထားတဲ့ မိန်းကလေး အရေအတွက်ဟာ ၇၉၂၄ ယောက်ရှိခဲ့ပြီး အဲဒီထဲကမှ ၂၄ ယောက် ကိုပဲ ရွေးချယ် ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီထဲက အယောက်၂၀ ကိုပဲ ပထမဆုံးအကြိမ် ဖျော်ဖြေမှု မှာ မြင်တွေ့ခဲ့ရပြီး အဖွဲ့ခွဲ ၄ ခုထဲက ပထမဆုံး အဖွဲ့ Team A အဖြစ် စတင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ဒုတိယမြောက် အဖွဲ့ခွဲအတွက် ၁၁၈၉၂ ယောက်အထိ လာရောက်လျှောက်ထားခဲ့တဲ့ထဲက ၁၉ ယောက်ကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း Team K အဖြစ် ဖွဲ့စည်းတဲ့အချိန်မှာ ၁၈ ယောက်ပဲ ပါဝင်ခဲ့ပြီး Mariko Shinoda က ပရိသတ်ဆန္ဒမဲနဲ့ ၁၉ ယောက်မြောက်အဖြစ် ရွေးချယ်ခံခဲ့ရ ပါတယ်။ အသက်ကြီးသွားတဲ့ Yuki Usami ဟာ အဖွဲ့ရဲ့ ပထမဆုံး ပြီးဆုံးအောင်မြင်သူအဖြစ် သတ်မှတ်ခံရပြီး AKB48ကနေ နှုတ်ဆက်ထွက်ခွာခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း အဲဒီလို ပြီးဆုံးအောင်မြင် သူတွေကို အဖွဲ့က နှုတ်ဆက်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ Team K ဟာ ကပွဲရုံမှာ ၂၀၀၆ ဧပြီ ၁ ရက်နေ့ ကနေ စတင်ဖျော်ဖြေနေပြီ ဖြစ်ပါတယ်။

AKB48 ဟာ သီချင်းသီဆိုတဲ့ အဖွဲ့ပုံစံထက် ဖျော်ဖြေရေးအဖွဲ့ပုံစံကို ပိုမိုအာရုံစိုက်လာခဲ့ပါ တယ်။ နောက် ပိုင်းမှာ Team B နဲ့ Team 4 ကို ထပ်မံဖွဲ့စည်းခဲ့သလို အခြား အရပ်ဒေသတွေကို အစွဲပြုပြီး SKE48 ၊ JKT48 (Jakata, Indonesia) ၊ TPE48 (Taipei) အစရှိတဲ့ အဖွဲ့တွေကို ဖွဲ့စည်းခဲ့ပါတယ်။ နောက်ဆုံး Nogizaka46 ကိုလည်း AKB48 ရဲ့ ပြိုင်ဘက်ပုံစံ ဖွဲ့စည်းခဲ့ပါသေးတယ်။ AKB48 ရဲ့ အထင်ရှားဆုံး လှုပ်ရှားမှုကတော့ မဲပေးရွေးချယ်ပွဲပဲ ဖြစ်ပါတယ်။ AKB48 ဟာ တခြားအဆိုတော်အဖွဲ့တွေနဲ့ မတူညီပဲ အဖွဲ့ဝင်တွေကို ပရိသတ်တွေက မဲပေးရွေးချယ်ရတာ ဖြစ်ပါတယ်။ အဖွဲ့၎ဖွဲ့အပြင် သင်တန်းသူတွေလည်း ရှိသလို ညီအစ်မအဖွဲ့တွေလည်း အများအပြား ရှိပါတယ်။ အဖွဲ့ဝင်တွေဟာ ရည်းစားထားခွင့်လည်း မရှိသလို ကိုယ်ကျင့်စာရိတ္တလည်း ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် AKB48 ဟာ ပရိသတ်လိုချင်တဲ့ အရာကို တိတိပပ ပေးစွမ်းနိုင်စွမ်း ရှိသလို ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုလည်း အတိုင်းထက်အလွန် ရရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။

AKB48 ရဲ့နောက်ထပ် အားသာချက်က ကိုယ်ပိုင် ကပွဲရုံအပြင် အဖွဲ့ဝင်တွေရဲ့ နေ့စဉ် လှုပ်ရှားမှုတွေ၊ အဖွဲ့ အချင်းချင်း ပြိုင်ဆိုင်မှုတွေအပြင် အဖွဲ့ဝင်ဖြစ်လာဖို့ ကြိုးစားမှုတွေကိုပါ အမြဲတမ်း ပရိသတ်သိရှိနိုင်အောင် ထုတ်ပြန်ပေးနေခြင်းပါ။ ပရိသတ်တွေဟာ သူတို့ကို အောင်မြင်ကျော်ကြားသူများ အနေနဲ့ သိပ်မမြင်ပဲ သူတို့ရဲ့ ညီမလေးတွေ၊ သူငယ်ချင်းတွေ၊ အိမ်နီးနားချင်းတွေလို ခံစားနိုင်အောင် အမြဲတမ်း လုပ်ဆောင်ပေး ထား ပါတယ်။ အဖွဲ့ဝင်အများစုဟာ ဆယ်ကျော်သက်တွေ ဖြစ်ပြီး ၂၀ စွန်းစွန်းအဖွဲ့ဝင်တွေ လည်း ပါဝင်ပါတယ်။ တခါတရံမှာ အဖွဲ့ရဲ့ ဘီကီနီဝတ်စုံနဲ့ ကြော်ငြာတွေ၊ အနည်းငယ် ကြမ်းရှတဲ့ သီချင်း စာသားတွေကြောင့် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတွေ လုပ်နေတယ်လို့ ဝေဖန်ခံရပေမယ့် အမျိုးသမီး ပရိသတ်တွေ ရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားပါတယ်။

လက်ရှိ AKB48 ရဲ့ အဖွဲ့ခေါင်းဆောင်ဟာ Minami Takahashi ဖြစ်ပြီး Team A ရဲ့ ခေါင်းဆောင်ပဲ ဖြစ် ပါတယ်။ Team A ခေါင်းဆောင်တွေဟာ AKB48 နဲ့ သူ့ရဲ့ အစွယ်အပွား အဖွဲ့အားလုံးရဲ့ ခေါင်းဆောင်ဖြစ် ပါတယ်။ Team A, K, B နဲ့ 4 ဆိုပြီး ၄ ဖွဲ့ ခွဲထားသလို သင်တန်းသူတွေလည်း ရှိပါသေးတယ်။ အဖွဲ့ဝင်ဖြစ်ဖို့ အတွက် မဲပေးရွေးချယ်မှုတွေလည်း ပြုလုပ်သလို Rock-Paper-Scissors (မြန်မာလိုဆို ဘိုကျားသေနတ် ကစားသလို) ပြိုင်ပွဲလည်း ပြုလုပ်ပြီး ရွေးချယ်ပါတယ်။ AKB48 ရဲ့ Official Page မှာလည်း အဖွဲ့ဝင်တွေကို သွားရောက်ဖတ်ရှုနိုင်ပါတယ်။

Myawady News

No comments:

Post a Comment