Thursday 24 April 2014

ဂျပန်နိုင်ငံမှ မြန်မာလုပ်သား ခေါ်ယူမှု မြင့်တက်လာ

ယခုနှစ်အတွင်း ဂျပန်နိုင်ငံမှ မြန်မာလုပ် သားခေါ်ယူမှု မြင့်တက် လာကြောင်း ပြည်ပ အလုပ် အကိုင် အေ ဂျင်စီ များထံမှ သိရသည်။ ယခင်က ဂျပန်မှ လုပ်သားခေါ်ယူမှုမှာ တစ်ကြိမ်လျှင် ၁၅ ဦး ဝန်းကျင် သာရှိခဲ့ပြီး ယခုနှစ်အတွင်း ဦးရေ ၄ဝ အထိရှိ လာခဲ့ကာ ဂျပန်နိုင်ငံဘက်မှ မြန်မာ လုပ်သား များ ခေါ်ယူ ရာတွင် အမျိုးသားများ သာမက အမျိုးသမီးများကိုပါ ခေါ်ယူနေကြောင်း အေဂျင်စီ အသိုင်းအဝိုင်း မှ သိရသည်။
ဂျပန်နိုင်ငံသည် လုပ်သား ခေါ်ယူမှုတွင် တရုတ်နိုင်ငံသားများကို အဓိကထား ခေါ်ယူခဲ့သော်လည်း ယခု နောက်ပိုင်းတွင် မြန်မာလုပ်သားများကို ခေါ်ယူမှု ပိုမိုများပြားလာကြောင်း၊ ယင်းကဲ့သို့ ဂျပန်မှ မြန်မာ လုပ်သား ခေါ်ယူမှု ရာခိုင်နှုန်း တိုးလာသောကြောင့် တခြားအရှေ့တောင် အာရှနိုင်ငံများ၏ လုပ် သား ခေါ်ယူမှုများ ကျဆင်းသွားကြောင်း သိရသည်။

 မြန်မာ လုပ်သားများ အများဆုံး အလုပ်သွားရောက် လုပ်ကိုင်သော ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံ များမှ လုပ်သားစေလွှတ်မှု အတွက် ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပေးထားကြောင်းနှင့် ကိုရီးယားနိုင်ငံသို့ လုပ်သား စေလွှတ်မှုကို အစိုးရ အချင်းချင်း (G to G) စနစ်ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

ဂျပန်နိုင်ငံသို့ အလုပ်သမား စေလွှတ်ခွင့်အတွက် ဂျပန် အပြည်ပြည်ဆိုင်ရာ လေ့ကျင့် ပူးပေါင်း ဆောင် ရွက်ရေး အဖွဲ့ (Japan Int-ernational Training Cooperation Organization-JITCO) နှင့်အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနတို့ နှစ်ဦးသဘောတူ လက်မှတ် ရေးထိုးခြင်းကို ၂ဝ၁၃ ခုနှစ်အတွင်း လုပ်ဆောင်ထားကြောင်း သိရသည်။

လင်းသစ်
မြ၀တီ

No comments:

Post a Comment