Thursday 24 April 2014

အမျိုးသမီးများနှင့် စီးပွားရေးအခွင့်အလမ်းများအား အမျိုးသမီးများဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းတွင် ထည့်သွင်းရေးဆွဲထားခြင်း

Photo: အမျိုးသမီးများနှင့် စီးပွားရေးအခွင့်အလမ်းများအား အမျိုးသမီးများဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းတွင် ထည့်သွင်းရေးဆွဲထားခြင်း
Thursday, April 24, 2014 

(၂၀၁၃)ခုနှစ်မှ (၂၀၂၂)ခုနှစ်အတွင်း (၁၀)နှစ်စာ ရေးဆွဲထားတဲ့ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းမှာ အမျိုးသမီးများနှင့် စီးပွားရေးအကြောင်းများ ထည့်သွင်းရေးဆွဲထားတယ်လို့ သိရပါတယ်။ဒီလို ထည့်သွင်းရေးဆွဲထားမှုမှာ အလုပ်အကိုင် ချေးငွေအရင်းအမြစ်များ၊ ပိုင်ဆိုင်မှုများနှင့် စီးပွားရေးဆိုင်ရာအကျိုးအမြတ်များကို အမျိုးသမီးများ တရားမျှတစွာ တန်းတူညီမျှမှု ရရှိခံစားနိုင်စေဖို့ အာမခံချက်ပေးနိုင်တဲ့ စနစ်များ၊ ဖွဲ့စည်းပုံများနှင့် လုပ်ထုံးလုပ်နည်းများ ပိုမိုအားကောင်းလာစေရေး စတာတွေကိုလည်း အဓိကဦးတည်ရေးဆွဲထားတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အမျိုးသမီးများ ဦးဆောင်တဲ့ အိမ်ထောင်စုများရဲ့ စီးပွားရေးဆိုင်ရာအခွင့်အလမ်းနှင့် လိုအပ်ချက်များ၊ စီးပွားရေးနှင့်ဆိုင်တဲ့ အစိုးရဌာနများရဲ့ နည်းပညာ၊ ပညာရှင်ဆိုင်ရာရာထူးနှင့် ဆုံးဖြတ်ချက် ချမှတ်နိုင်တဲ့  နေရာများမှာအမျိုးသမီးများ ပါဝင်မှုအခြေအနေများကို ထည့်သွင်းရေးဆွဲထားတာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV-4
(၂၀၁၃)ခုနှစ်မှ (၂၀၂၂)ခုနှစ်အတွင်း (၁၀)နှစ်စာ ရေးဆွဲထားတဲ့ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းမှာ အမျိုးသမီးများနှင့် စီးပွားရေးအကြောင်းများ ထည့်သွင်းရေးဆွဲထား တယ်လို့ သိရပါတယ်။ဒီလို ထည့်သွင်းရေးဆွဲထားမှုမှာ အလုပ်အကိုင် ချေးငွေအရင်းအမြစ်များ၊ ပိုင်ဆိုင်မှု များနှင့် စီးပွားရေးဆိုင်ရာအကျိုးအမြတ်များကို အမျိုးသမီးများ တရားမျှတစွာ တန်းတူညီမျှမှု ရရှိခံစားနိုင်စေဖို့ အာမခံချက်ပေးနိုင်တဲ့ စနစ်များ၊ ဖွဲ့စည်းပုံများနှင့် လုပ်ထုံးလုပ်နည်းများ ပိုမိုအားကောင်းလာစေရေး စတာတွေကိုလည်း အဓိကဦးတည်ရေးဆွဲထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် အမျိုးသမီးများ ဦးဆောင်တဲ့ အိမ်ထောင်စုများရဲ့ စီးပွားရေးဆိုင်ရာအခွင့်အလမ်းနှင့် လိုအပ်ချက်များ၊ စီးပွားရေးနှင့်ဆိုင်တဲ့ အစိုးရဌာနများရဲ့ နည်းပညာ၊ ပညာရှင်ဆိုင်ရာရာထူးနှင့် ဆုံးဖြတ်ချက် ချမှတ်နိုင် တဲ့  နေရာ များမှာအမျိုးသမီးများ ပါဝင်မှုအခြေအနေများကို ထည့်သွင်းရေးဆွဲထားတာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV-4

No comments:

Post a Comment