Thursday 24 April 2014

သန်းခေါင်စာရင်း အကောက်မခံသောမြို့နယ်များ ရခိုင်ပြည်နယ်တွင် စည်းရုံးရေးဆင်းကာ ပြန်လည်ကောက်ယူမည်

ရခိုင်ပြည်နယ်တွင် သန်းခေါင်စာရင်းအကောက်မခံသောမြို့နယ်များရှိ ဘင်္ဂါလီလူမျိုးများအား သန်းခေါင် စာရင်း သတ်မှတ်ကာလ ဖြစ်သည့်နှစ်လအတွင်း စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ပြီး စည်းရုံး၍ရခဲ့မည် ဆိုလျှင် ပြန်လည်ကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ အတွင်းရေးမှူး ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ရင်ဦး ကပြောသည်။
ရခိုင်ပြည်နယ်ရှိ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ မောင်တောခရိုင်၊ ကျောက်ဖြူခရိုင်၊ သံတွဲခရိုင်များမှ ဘင်္ဂါလီ လူမျိုးများ ထဲတွင် ကျောက်ဖြူခရိုင်နှင့်သံတွဲခရိုင်အတွင်းရှိ ဘင်္ဂါလီလူမျိုးများကို စာရင်း ကောက်ယူနိုင်ခဲ့ပြီး ကျန်ရှိခရိုင်များအနက် မြို့နယ်အချို့တွင် သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်၌ မတ် ၃ဝ ရက်မှ ဧပြီ ၁၁ ရက်အထိ သန်းခေါင် စာရင်းကောက်ယူရာ စစ်တွေခရိုင်မှ အိမ်ထောင်စု ၁၁ဝ၈၃၉ စုတွင် လူဦးရေ ၅၄၁၆၁၇၊ မြောက်ဦးခရိုင်မှ အိမ်ထောင်စု ၁၄၅၇ဝ၃စုတွင် လူဦးရေ ၆၇၇၄၁၉၊ မောင်တောခရိုင်မှ အိမ်ထောင်စု ၁၉ဝ၇၄ စုတွင် လူဦးရေ ၁ဝ၂၄၄၂၊ ကျောက်ဖြူခရိုင် အိမ်ထောင်စု ၁ဝ၂၁၄၉ တွင် လူဦးရေ ၄၃၈၅ဝ၂နှင့်သံတွဲခရိုင်မှ အိမ်ထောင်စု ၈၄၅၆၁ စုတွင် လူဦးရေ ၃၅၉ဝ၅၂ ကောက်ယူပြီးစီးခဲ့ပြီး စုစုပေါင်း ရခိုင် ပြည်နယ်တွင် အိမ်ထောင်စု ၄၆၂၃၂၆စုတွင် လူဦးရေ၂၁၁၉ဝ၃၂ ကောက်ယူရရှိခဲ့ကြောင်းသိရသည်။

The Union Daily

No comments:

Post a Comment