
တရုတ်နိုင်ငံ အကောက်ခွန် တာဝန်ရှိသူများဟာ တရုတ်နိုင်ငံအတွင်း ကမ္ဘာ့ဖလားပုံစံ ဆုတံဆိပ်အတု ၁၀၀၀ ထောင်ကျော်ခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါတယ်။
တရုတ်အကောက်ခွန်တာဝန်ရှိသူ တွေဟာ ဂိုထောင်ထဲမှာ စနစ်တကျထုတ်ပိုးထားတဲ့ ကမ္ဘာ့ဖလား ပုံစံဆုတံဆိပ်အတု ၁၀၂၀ ကို ရှာဖွေ တွေ့ရှိခဲ့ပြီး သိမ်းဆည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ သိမ်းဆည်းရမိတဲ့ ဆုတံဆိပ် အတုတွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှ ပေးအပ်ချီးမြှင့်တဲ့ ဆုတံဆိပ်ပုံစံအတိုင်း ပြုလုပ် ထား တာဖြစ်ပြီး လစ်ဗျားနိုင်ငံကို တင်ပို့ဖို့စီစဉ်ထားတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၁၄ ကမ္ဘာ့ဖလားမှာ အသုံးပြု မယ့် လာဘ်ကောင်ပုံစံ အမျိုးမျိုးကို တရားဝင်ထုတ်လုပ်ခွင့် ရရှိထားတာဖြစ်ပြီး ကမ္ဘာ့ဖလား ကျင်းပရေး တာဝန်ရှိသူတွေဟာ အဆိုပါ လာဘ်ကောင်များကို ကမ္ဘာ့ဈေး ကွက် အတွင်း ပမာဏ အများအပြား ရောင်းချရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ အကောက်ခွန်ဌာနဟာ တရားဝင်မူပိုင်ခွင့်နဲ့ ထုတ်လုပ်ထားတဲ့ လာဘ်ကောင်များကို မူပိုင်ခွင့် ချိုးဖောက်မခံရဖို့အတွက် ယခုလမှစတင်ပြီး လှုံ့ဆော်တားဆီးမှုတွေကို လုပ်ဆောင်နေသလို ကမ္ဘာ့ဖလားနဲ့ သက်ဆိုင်တဲ့ တရားမ၀င် ပစ္စည်းများကို လိုက်လံသိမ်းဆည်းနေတာဖြစ်ပါတယ်။
သိမ်းဆည်းရမိခဲ့တဲ့ ကမ္ဘာ့ဖလားပုံစံ ဆုတံဆိပ်အတုတွေရဲ့ အောက်ခြေမှာ နှစ်အလိုက် ဗိုလ်စွဲ ထားနိုင် ခဲ့တဲ့ နိုင်ငံလက်ရွေးစင် အသင်းများရဲ့ စာရင်းကိုလည်း ရေးသားဖော်ပြထားကြောင်း သိရပါတယ်။
၂၀၁၄ ကမ္ဘာ့ဖလားကို ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်ပြီး ဇွန်လ(၁၂)ရက်နေ့ကနေ ဇူလိုင်လ (၁၃)ရက်နေ့ထိ ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သတင်းရရှိပါသည်။
MRTV4
No comments:
Post a Comment