Thursday 24 April 2014

နာရေးကူညီမှုအသင်းတွင် အသုံးပြုနေသော လိုင်စင်မဲ့မော်တော် ယာဉ်နှစ်စီးကို ပြည်သူ့ ဘဏ္ဍာအဖြစ်သိမ်းဆည်း

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် တော်ဝိစံပြ ကျေးရွာတွင် နာရေးကူညီမှုများအ တွက် အသုံးပြုလျက် ရှိသော မော် တော် ယာဉ်နှစ်စီးအား ပြစ်မှုကြီးအ မှတ် ၁၄၇၁/၂ဝ၁၄ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ(၈)အရ ဧပြီ ၉ ရက်က ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး မြင့်အောင်ပါ ခုနစ်ဦးအား ပြစ်ဒဏ် အသီးသီး အမိန့်ချမှတ်ခဲ့ကြောင်း သိ ရသည်။
ညောင်လေးပင်မြို့နယ် တော်ဝိ စံပြကျေးရွာတွင် နာရေးကူညီမှုကား အဖြစ် အသုံးပြုလျက်ရှိသော မေတ္တာ ရှင်လူမှုကူညီရေးကားနှင့် နိဗ္ဗာန် ယာဉ်ကားနှစ်စီးသည် လိုင်စင်မဲ့ကား များဖြစ်ကြပြီး တော်ဝိကျေးရွာေ န မြင့် အောင်၊ စိန်ဝင်း၊ မြင့်လွင်၊ ကြည်ဌေး၊ အောင်မြင့်၊ ဌေးလွင်၊ ဝင်းမောင်တို့ ခုနစ်ဦးက တရားမဝင် ဝယ်ယူထား ကြောင်း တော်ဝိကျေးရွာမှ ဦးတင်မြင့် က အရေးယူပေးပါရန် မတ်၁ဝရက် က တိုင်ကြား ချက်အရ ညောင်လေးပင် မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးသက် လွင်နှင့်အဖွဲ့က သွားရောက်စစ် ဆေးရာ လိုင်စင်မဲ့ကားများဖြစ်နေ၍ မော်တော်ယာဉ်နှစ်စီးနှင့် မြင့်အောင် ပါ ခုနစ်ဦးအား ညောင်လေးပင်မြို့မ ရဲစခန်းက အမှုအမှတ် ၇၆/၂ဝ၁၄ပို့ ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈/၁ဝ ဖြင့် အမှုဖွင့်တရားစွဲဆို ခဲ့ခြင်း ဖြစ် သည်။

ဧပြီ ၇ ရက်တွင် ညောင်လေး ပင်မြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ရာ ညောင်လေးပင်မြို့နယ် တရားသူကြီးက ပြစ်မှုကြီးအမှတ် ၁၄၇၁/၂ဝ၁၄ ဖြင့် ဧပြီ ၉ ရက်က လက်ခံစစ်ဆေးခဲ့ပြီး တရားမဝင်ဝယ် ယူထားသူများဖြစ်ကြသော မြင့် အောင်ပါ ခုနစ်ဦးအား ပို့ကုန်သွင်း ကုန်ဥပဒေပုဒ်မ ၈ အရ ထောင်ဒဏ် ခုနစ်ရက်စီနှင့် ငွေဒဏ်ကျပ် ၂ဝဝဝဝ စီပေးဆောင်ရန်နှင့် ငွေဒဏ်ပျက်ကွက် ပါက နောက်ထပ်ထောင် ဒဏ်ခြောက် လစီ ကျခံစေရန် အမိန့်ချမှတ်ကာ သက်သေခံယာဉ်နှစ်စီးအား ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းစေရန် အ မိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

တရားခံများက ငွေဒဏ်များပေး ဆောင်ခဲ့ပြီး တရားခံများအား နာရေး ကူညီမှုအသင်း (ရန်ကုန်)မှ ဦးကျော် သူနှင့်အဖွဲ့က လာရောက်၍ စာနာ ထောက်ထားကြောင်းနှင့် အားပေး ကူညီမှုများ ပြုလုပ်ပေးခဲ့သည်။

Yangon Media Group

No comments:

Post a Comment