
ခြောက်ထပ်အမြင့်ရှိ မန္တလေးဘူတာကြီးအား ဟိုတယ်လုပ် ငန်း ငှားရမ်း လုပ်ကိုင်ရန်အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ လေးသိန်းလေးသောင်းကျော်ဖြင့် နှစ် ၃၀ ငှားရမ်းလုပ်ကိုင်ခွင့်ပြု လိုက်ပြီဟု မြန်မာ့ မီးရထားမှ သိရှိ ရသည်။
မြန်မာ့မီးရထားပိုင် ဘူတာကြီးများကို ဟိုတယ်များ၊ လူနေအိမ်ခန်းများ ဖွဲ့စည်းပြီး လူ အများနေထိုင်ရာ အဆောက် အအုံ ဖြစ်လာရန်နှင့် ထိုအဆောက်အအုံများမှ လူများက ဘူတာကြီးရှိ မီးရထားများကို စီးနင်း သွားလာနိုင်တဲ့အထိ အဆင့်မြှင့်တင်ရန်ရည်ရွယ်ထားခဲ့ကြောင်း မြန်မာ့မီးရထားမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဌေး က ရန်ကုန်ဘူတာကြီး စခန်းသာ ဧည့်ဂေဟာ၌ ပြောကြားခဲ့သည်။
“အထပ် ၄၊၅၊၆ ထပ် အပြင် ခေါင်မိုးထပ်ကိုပါ လုပ်ကိုင် ခွင့်ပြုထားပါတယ်။ နှစ် ၃၀ အပြင် ငါးနှစ်ကို သုံးကြိမ် ထပ်တိုးပြီး ငှားရမ်းလုပ်ကိုင်ခွင့်ထပ်ရ၊ထပ်တင်။ဒါ့ အတွက်ယူအက်စ်ဒေါ်လာ ၄၄၈၂၈၄ နဲ့ခွင့်ပြု ထားတာပါ။
မကြာမီလုပ်ငန်း စတင်မှာပါ” ဟု တာဝန်ရှိသူတစ်ဦး က ဆိုသည်။ မန္တလေးဘူတာကြီးရှိ မြေညီထပ်၊ ပထမထပ်၊ ဒုတိယ ထပ်နှင့် တတိယထပ်အထိ မီးရ ထားဝန်ကြီးဌာန၏ ရုံးခန်းများနှင့် ဘူတာကြီးအဖြစ် အသုံးပြုသွားမည် ဖြစ်သည်။ မြန်မာ့မီးရထားအနေ ဖြင့် ရထားပို့ဆောင်ရေးကဏ္ဍတွင် ပြည်သူများ အ တွက် ငွေကြေးများ အရှုံးခံပြီးပြေးဆွဲနေခြင်းအတွက်၊ အရှုံးများ ကာမိစေရန် မီးရထားပိုင် မြေနေရာ များနှင့် အဆောက် အအုံ များကို ပုဂ်္ဂလိက ကုမ္ပဏီများသို့ ငှားရမ်းလုပ်ကိုင်စေမှုများ နှစ်စဉ်ရှိ နေကြောင်း သိရသည်။
The First Weekly News Journal
No comments:
Post a Comment