Thursday 24 April 2014

ငလိုက်ချောင်း တစ်လျှောက် ရေကာတာများ တည်ဆောက်

နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ ငလိုက်ချောင်းသည် နွေရာသီတွင် တိမ်ကော၍ သောက်သုံးရေ ခက်ခဲခြင်း၊ မိုးတွင်းကာလ မိုးရွာသွန်း ချိန် တောင်ကျချောင်းရေများ အရှိန်ပြင်းစွာ စီးဆင်းမှု တို့ကြောင့် ချောင်း နံဘေး တစ်လျှောက်ရှိ လူနေအိမ်နှင့် အဆောက် အအုံများ၊ သစ်ပင်ပန်းပင်များနှင့် ကမ်းပါးယံတို့ ရေကြီးနစ်မြုပ်ခြင်း၊ တိုက်စားခြင်းတို့ နှစ်စဉ်ဖြစ်ပေါ်လျက် ရှိသဖြင့် အဆိုပါ သဘာဝ ဘေး အန္တရာယ် များ လျော့နည်း ပပျောက်သွားစေရန်အတွက် နေပြည်တော် စည်ပင်သာယာရေး ကော် မတီ ရေသန့်ဌာန၏ ကြီးကြပ်မှုဖြင့် Moon Ray ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူပြီး ပျဉ်းမနားမြို့ (၉) လမ်း တံတားနှင့် (၆) လမ်း တံတားအကြား ငလိုက်ချောင်းအတွင်း Rubber Dam ရေကာတာတစ်ခု ကို ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
Rubber Dam ကို တည်ဆောက်ခြင်းဖြင့် ငလိုက်ချောင်း တစ်လျှောက် သာယာလှပ လာမည့် အပြင် ချောင်း နံဘေးတွင် နေထိုင် သည့် ပြည်သူများ သောက်သုံးရေ ပြတ်လပ်မှုနှင့် နှစ်စဉ် မိုးတွင်းကာလ၌ ကြုံတွေ့ ရသော တောင်ကျရေ စီးဆင်းမှုကြောင့် နေအိမ် အဆောက်အအုံများ ရေကြီးနစ်မြုပ်ခြင်းနှင့် ကမ်းပါး ယံများ ရေတိုက်စားခြင်းတို့မှ ကာကွယ်နိုင်မည် ဖြစ်ပြီး ငလိုက်ချောင်းရိုး တစ်လျှောက် ယခု တည်ဆောက် လျက် ရှိသည့် Rubber Dam အပါအဝင် သုံးခုတည်ဆောက်ခဲ့ပြီး ဖြစ်ကြောင်း ငလိုက်ချောင်းရိုး တစ်လျှောက် ဆင်သေချောင်းနှင့် ဆုံသည့်နေရာအထိ ချောင်းရေ တိုက်စားခြင်း အန္တရာယ်မှ ကာကွယ် ရန် မြစ်ချောင်းပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွား မည် ဖြစ်ကြော င်း Moon Ray ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြ၀တီ

No comments:

Post a Comment