Thursday 24 April 2014

တည်ဆဲဥပဒေ ၂၀၀ ခန့်ကို လွှတ်တော်သက်တမ်းမကုန်မီ ပြင်ဆင်၊ ပယ်ဖျက်၊ အတည်ပြုမည်ဟု သူရဦးရွှေမန်းပြော

Photo: တည်ဆဲဥပဒေ ၂၀၀ ခန့်ကို လွှတ်တော်သက်တမ်းမကုန်မီ ပြင်ဆင်၊ ပယ်ဖျက်၊ အတည်ပြုမည်ဟု သူရဦးရွှေမန်းပြော
Thursday, April 24, 2014

ဆက်လက်ကျင့်သုံးရန် မသင့်တော့သည့် တည်ဆဲဥပဒေ ၂၀၀ ခန့်ကို ၎င်း၏လွှတ်တော် သက်တမ်းမကုန်မီ ၂၀၁၅ အောက်တိုဘာနောက်ဆုံးထား၍ အပြီးသတ် ပြင်ဆင်၊ ပယ်ဖျက်၊ အ တည်ပြုမှုများ ဆောင်ရွက်သွား မည်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြော သည်။

ပြည်ထောင်စုလွှတ်တော် တွင် ဆောင်ရွက်ဆဲဥပဒေများ နှင့် ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ရေးဆွဲသင့်သော ဥပဒေများဆိုင်ရာ အစည်းအဝေးကို ဧပြီ ၂၂ ရက်က ရန်ကုန်မြို့ လွှတ်တော်ရုံးခွဲတွင် ကျင်းပစဉ်သူရဦးရွှေမန်းက ပြော ကြားခဲ့ခြင်းဖြစ်သည်။

တည်ဆဲဥပဒေများ ပြင်ဆင် ရေးအတွက် လွှတ်တော်ကော်မ တီကော်မရှင်များနှင့် ညှိနှိုင်းပြီး တည်ဆဲဥပဒေ ၁၃၄ ခုကို အစိုးရ အဖွဲ့သို့ ပေးပို့ထားကာ ပြည် ထောင်စုတရားလွှတ်တော်ချုပ် သို့ ဥပဒေနှစ်ခု၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ ဥပဒေ တစ်ခုစသဖြင့် ဥပဒေပေါင်း ၂၀၀ ခန့်ရှိ နေကြောင်း သူရဦးရွှေမန်းက ပြောသည်။

ယင်းဥပဒေ ၂၀၀ ခန့်ကို ကျန်ရှိနေသည့် လွှတ်တော်သက် တမ်းတစ်နှစ်နှင့် ခြောက်လအ တွင်း အတည်ပြုပြင်ဆင်ရန်မှာ များပြားသည့်ကိစ္စဖြစ်သော်လည်း မိမိ၏လွှတ်တော်သက်တမ်း ငါးနှစ်အတွင်း မလုပ်နိုင်ခဲ့ပါက တာဝန်ကျေမည်မဟုတ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် ဥပဒေတစ် ခု ပြင်ဆင်ပယ်ဖျက်ရန်နှင့် အ တည်ပြုပြဋ္ဌာန်းရန်မှာ အချိန်အား ဖြင့် အနည်းဆုံး သုံးလမှခြောက် လအထိ ကြာမြင့်တတ်ပြီး ဥပဒေ ပြုပြီး သုံးလအတွင်း နည်းဥပဒေ ကို ရေးဆွဲရမည်ဆိုသော်လည်း အချို့နည်းဥပဒေများမှာမူ သုံးလ ကျော်သည်အထိ ထွက်ပေါ်လာ ခြင်း မရှိပေ။

ဆက်သွယ်ရေး ဥပဒေကို အောက်ဆိုဘာ ၈ ရက်က အတည်ပြုလိုက်သော်လည်း နည်းဥပဒေမှာ ယခုငါးလကျော်သည်အထိ ထွက်ပေါ်ခြင်းမရှိသေးဘဲ ရှေ့နေချုပ်ရုံးတွင်သာရောက်ရှိနေသည်။

‘‘သူပြောတာ လုံးဝမဖြစ်နိုင် ဘူး။ ဥပဒေဆိုတာ မြန်ဖို့မလိုဘူး။ တိကျဖို့၊ ပြည့်စုံဖို့ပဲလိုတာ။ အခု တောင် ရှေ့နေချုပ်ရုံးမှာ ဥပဒေ တွေ အရမ်းထပ်နေပြီ’’ ဟု ဥပဒေ ပညာရှင်ဦးမင်းတေဇညွန့်တင်က ပြောသည်။

ဥပဒေများ ပြင်ဆင်ရန်မှာ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ စီမံခန့်ခွဲမှုကလည်း အဓိကကျပြီး ၀န်ကြီးဌာနများက လုပ်နိုင်ခြေရှိ ဖို့သာလိုကြောင်း ပြည်ထောင်စု ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူး ချုပ်ဦးကျော်ဆန်းက ပြောသည်။

‘‘လွှတ်တော်က ဒီလိုလျာ ထားတယ်ဆိုရင်တော့ ရည်မှန်းချက်ထားပြီးလုပ်ပေါ့။ ၀န်ကြီးဌာနတွေ လုပ်နိုင်၊ မလုပ်နိုင်ပေါ် ပဲ မူတည်တယ်။ အခုတစ်လကို ဥပဒေ ၃၀ လောက် ရှေ့နေချုပ် ရုံးက စိစစ်ပေးနေတယ်။ ဒါ တခြား ဘာသာပြန်တာတို့၊ အမိန့် ကြော်ငြာစာတို့၊ နည်းဥပဒေတို့ မပါသေးဘူး။ ရှေ့နေချုပ်ရုံးမှာ ဥပဒေတွေ ပုံနေတာတော့ အမှန် ပဲ’’ ဟု ၎င်းက ပြောသည်။

လက်ရှိလွှတ်တော်သက် တမ်း သုံးနှစ် နှစ်လကျော်အတွင်း ဥပဒေပေါင်း ၉၈ ခုကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး လွှတ်တော်နှစ်ရပ် တွင် ဆက်လက်ဆွေးနွေးဆဲ ဥပဒေ ၅၄ ခု ကျန်ရှိနေသည်။

7Day Daily

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပနေစဉ် (ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ))
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပနေစဉ် (ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ))

ဆက်လက်ကျင့်သုံးရန် မသင့်တော့သည့် တည်ဆဲဥပဒေ ၂၀၀ ခန့်ကို ၎င်း၏လွှတ်တော် သက်တမ်းမကုန်မီ ၂၀၁၅ အောက်တိုဘာနောက်ဆုံးထား၍ အပြီးသတ် ပြင်ဆင်၊ ပယ်ဖျက်၊ အ တည်ပြုမှုများ ဆောင်ရွက်သွား မည်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြော သည်။
ပြည်ထောင်စုလွှတ်တော် တွင် ဆောင်ရွက်ဆဲဥပဒေများ နှင့် ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ရေးဆွဲသင့်သော ဥပဒေများဆိုင်ရာ အစည်းအဝေးကို ဧပြီ ၂၂ ရက်က ရန်ကုန်မြို့ လွှတ်တော်ရုံးခွဲတွင် ကျင်းပစဉ် သူရဦးရွှေမန်း က ပြော ကြားခဲ့ခြင်းဖြစ်သည်။

တည်ဆဲဥပဒေများ ပြင်ဆင် ရေးအတွက် လွှတ်တော်ကော်မ တီကော်မရှင်များနှင့် ညှိနှိုင်းပြီး တည်ဆဲဥပဒေ ၁၃၄ ခုကို အစိုးရ အဖွဲ့သို့ ပေးပို့ထားကာ ပြည် ထောင်စုတရားလွှတ်တော်ချုပ် သို့ ဥပဒေနှစ်ခု၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ ဥပဒေ တစ်ခုစသဖြင့် ဥပဒေပေါင်း ၂၀၀ ခန့်ရှိ နေကြောင်း သူရဦးရွှေမန်း က ပြောသည်။

ယင်းဥပဒေ ၂၀၀ ခန့်ကို ကျန်ရှိနေသည့် လွှတ်တော်သက် တမ်းတစ်နှစ်နှင့် ခြောက်လအ တွင်း အတည်ပြုပြင်ဆင် ရန်မှာ များပြားသည့်ကိစ္စဖြစ်သော်လည်း မိမိ၏လွှတ်တော်သက်တမ်း ငါးနှစ်အတွင်း မလုပ်နိုင်ခဲ့ပါက တာဝန်ကျေမည်မဟုတ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် ဥပဒေတစ် ခု ပြင်ဆင်ပယ်ဖျက်ရန်နှင့် အ တည်ပြုပြဋ္ဌာန်းရန်မှာ အချိန်အား ဖြင့် အနည်းဆုံး သုံးလမှခြောက် လအထိ ကြာမြင့်တတ်ပြီး ဥပဒေ ပြုပြီး သုံးလအတွင်း နည်းဥပဒေ ကို ရေးဆွဲရမည် ဆိုသော် လည်း အချို့နည်းဥပဒေများမှာမူ သုံးလ ကျော်သည်အထိ ထွက်ပေါ်လာ ခြင်း မရှိပေ။

ဆက်သွယ်ရေး ဥပဒေကို အောက်ဆိုဘာ ၈ ရက်က အတည်ပြုလိုက်သော်လည်း နည်းဥပဒေမှာ ယခုငါးလကျော် သည်အထိ ထွက်ပေါ်ခြင်းမရှိသေးဘဲ ရှေ့နေချုပ်ရုံးတွင်သာရောက်ရှိနေသည်။

‘‘သူပြောတာ လုံးဝမဖြစ်နိုင် ဘူး။ ဥပဒေဆိုတာ မြန်ဖို့မလိုဘူး။ တိကျဖို့၊ ပြည့်စုံဖို့ပဲလိုတာ။ အခု တော င် ရှေ့ေ န ချုပ်ရုံးမှာ ဥပဒေ တွေ အရမ်းထပ်နေပြီ’’ ဟု ဥပဒေ ပညာရှင်ဦးမင်းတေဇညွန့်တင် က ပြော သည်။

ဥပဒေများ ပြင်ဆင်ရန်မှာ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ စီမံခန့်ခွဲမှုကလည်း အဓိကကျပြီး ၀န်ကြီးဌာန များက လုပ်နိုင်ခြေရှိ ဖို့သာလိုကြောင်း ပြည်ထောင်စု ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူး ချုပ်ဦးကျော်ဆန်း က ပြောသည်။

‘‘လွှတ်တော်က ဒီလိုလျာ ထားတယ်ဆိုရင်တော့ ရည်မှန်းချက်ထားပြီးလုပ်ပေါ့။ ၀န်ကြီးဌာနတွေ လုပ်နိုင်၊ မလုပ်နိုင်ပေါ် ပဲ မူတည်တယ်။ အခုတစ်လကို ဥပဒေ ၃၀ လောက် ရှေ့နေချုပ် ရုံးက စိစစ်ပေးနေတယ်။ ဒါ တခြား ဘာသာပြန်တာတို့၊ အမိန့် ကြော်ငြာစာတို့၊ နည်းဥပဒေတို့ မပါသေးဘူး။ ရှေ့နေချုပ်ရုံးမှာ ဥပဒေတွေ ပုံနေတာတော့ အမှန် ပဲ’’ ဟု ၎င်းက ပြောသည်။

လက်ရှိလွှတ်တော်သက် တမ်း သုံးနှစ် နှစ်လကျော်အတွင်း ဥပဒေပေါင်း ၉၈ ခုကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး လွှတ်တော်နှစ်ရပ် တွင် ဆက်လက်ဆွေးနွေးဆဲ ဥပဒေ ၅၄ ခု ကျန်ရှိနေသည်။

7Day Daily

No comments:

Post a Comment