
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မြေပလ္လင်ကျေးရွာအနီးတစ်ဝိုက်ရှိ သစ်စက်များ၊ ဒေသသုံးသစ်၊ ၀ါး ခုတ်သူများနှင့် မီးသွေးဖုတ်သူများ အား အေပြီ ၂၃ ရက် ညနေ ၄ နာရီခန့်တွင် KIA အဖွဲ့မှ ဆက်ကြေးငွေ များ လာရောက်ခြိမ်းခြောက်တောင်းယူသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။
``သစ်စက်တစ်စက်ကို ငွေတစ်သိန်းတောင်းတယ်၊ သေနတ်တွေကိုင်ပြီး ၀င်လာတော့ အားလုံးကြောက် ကုန် ကြတာပေါ့၊ သစ်စက်ပိုင်ရှင်တွေ လည်း တောင်းတဲ့ငွေပေးလိုက်ရတယ်´´ ဟု သစ်စက်အလုပ်သမား တစ်ဦးက ဆိုသည်။
KIA အဖွဲ့မှ သစ်စက်များအား ဆက်ကြေးငွေတောင်းယူပြီးနောက် အနီးဝန်းကျင်သစ်တော၊ ၀ါးတောများ တွင် သစ်၊ ၀ါးခုတ်နေသော ဒေသခံများ ဆီမှလည်း တောင်းယူသွားကြောင်း ကိုယ်တွေ့ကြုံသော ရွာသား တစ်ဦးက ယခုလိုပြောကြားခဲ့သည်။
``သစ်ခုတ်၊ ၀ါးခုတ်လာတာ ဘာပိုက်ဆံမှ မပါဘူးလို့ ပြောတော့ ရွာပြန်ယူပြီးပေးလို့ ပြောတယ်။ မပေးရင် KIA တပ်ထဲ လိုက်ရမယ်ဆိုပြီး ခြိမ်းခြောက်လို့ ရွာပြန်ပြီး ပိုက်ဆံယူပေးခဲ့ရတယ်´´
အဆိုပါ သစ်တော၊ ၀ါးတောများမှာ မြေပလ္လင်ကျေးရွာနှင့် တစ်မိုင်ခန့်သာဝေးသဖြင့် သစ်ခုတ်၊ ၀ါးခုတ်သူများ နည်းတူ မီးသွေးဖုတ်သူများလည်း ရွာသို့ပြန်ကာ KIA တောင်းသော ဆက်ကြေးငွေအား ယူပေးခဲ့ရကြောင်း မီးသွေးဖုတ်လုပ်ငန်း လုပ်နေသူတစ်ဦးက ပြောသွားသည်။
အင်းတော်မြို့ခံဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ``KIA ရဲ့ လုပ်ရပ်တွေက တရားဥပဒေကို မထီမဲ့မြင်ပြုတဲ့ အဆင့် အထိ ရောက်လာပါပြီ။ သူတို့ကချင်ပြည်နယ်ထဲမှာ ဆက်ကြေးကောက်တာ၊ လူသစ်စုတာ နယ်မြေဒေသ အခြေအနေအရ ဘာမှ မပြောလိုပါဘူး၊ ဒါပေမဲ့ တရားဥပေဒစိုးမိုးမှုရှိတဲ့ ဒီလိုမြို့နယ်ထဲထိ ဆက်ကြေး လာ ကောက်တာ ကတော့ တရားလွန်သွားပြီ၊ လက်နက်အားကိုးနဲ့ ပြည်သူကိုအနိုင်ကျင့် တာတွေ ဆက်လုပ်လာဦး မယ်ဆိုရင် တရားဥပဒေလမ်းကြောင်းအတိုင်း အရေးယူဖို့ ဆောင်ရွက် သွားမှာပါ´´ ဟု ပြောကြားသွားခဲ့ပါသည်။
Kachin Daily News
No comments:
Post a Comment