Thursday 24 April 2014

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ အများအားဖြင့် သာယာနေပြီးကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။ ဒီကနေ့ညနေအထိ ခန့်မှန်းချက် ကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီး တို့မှာ နေရာ ကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည် နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းကာ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာ အများ အားဖြင့် သာယာ ပါမယ်။
မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိပါမယ်။။နောက်(၂)ရက်အတွက် ခန့်မှန်းချက်ကတော့ မြန်မာနိုင် ငံ အထက်ပိုင်းဒေသတွေမှာ နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်ပါတယ်။နေပြည်တော်နဲ့ အနီးတစ်ဝိုက် အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းပါမယ်။

ရန်ကုန်မြိုနဲ့ အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်တို့အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက် ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်။

MRTV 4

No comments:

Post a Comment