Thursday 24 April 2014

အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံမည့် အာဆီယံအရပ်ဘက် ကိုယ်စားလှယ်များကို ရွေးချယ်ပြီးဖြစ်ကာ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ယနေ့တင်ပြမည်

အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံမည့် အာဆီယံအရပ်ဘက် ကိုယ်စားလှယ်များကို ရွေးချယ်ပြီးဖြစ်ကာ အဆိုပါစာရင်းကို ယနေ့ဧပြီ ၂၄ ရက်တွင် နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ တင်ပြသွားမည်ဖြစ်ကြောင်း အာဆီယံပြည်သူ့ဖိုရမ် ဦးဆောင်ကော်မတီမှ သိရသည်။
အာဆီယံပြည်သူ့ဖိုရမ်မှ တောင်းဆိုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အာဆီ ယံနိုင်ငံ အသီးသီးမှ ခေါင်းဆောင်များနှင့် အရပ်ဘက်ကိုယ်စားလှယ်များသည် ၂၀၁၄ ခုနှစ် မေ ၁၁ ရက် တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကာ ယင်းအစည်းအဝေးတွင် တက်ရောက်မည့် အရပ်ဘက် ကိုယ်စားလှယ် စာရင်းကို နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
“အာဆီယံနိုင်ငံ အသီးသီးက အရပ်ဘက် ကိုယ်စားလှယ်စာရင်းက ရပြီ။ တစ်နိုင်ငံကို ကိုယ်စားပြု တစ်ယောက် အနေနဲ့ ရွေးချယ်တာပါ။ အဲဒီစာရင်းတွေကို ၂၄ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာနကို တင်ပြ မယ်။ နိုင်ငံခြားရေး ၀န်ကြီးဌာနကနေတစ်ဆင့် သက်ဆိုင်ရာ အာဆီယံအစိုးရတွေကို တင်ပြရမှာပါ။ အာဆီယံ အစိုးရတွေက အခုရွေးချယ်ထားတဲ့ သူတွေကို သဘောတူတယ် ဆိုရင်တော့ အတည်ဖြစ်ပြီ။ ဒါက လည်း လုပ်ထုံးလုပ်နည်း အတိုင်းပါပဲ” ဟု အာဆီယံပြည်သူ့ဖိုရမ် ဦးဆောင်ကော်မတီဝင် ဦးအောင်မျိုးမင်း က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment