Wednesday 22 July 2015

ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ ပညာရေးကောလိပ် (DTED) ဝင်ခွင့် စတင်လျှောက်ထားနိုင်

ရန်ကင်းပညာရေးကောလိပ်အား တွေ့ရစဉ် Photo: foursquare page
ယခုနှစ်တက္ကသိုလ် ဝင်တန်းအောင်မြင်သူများ လျှောက် ထားနိုင်သည့် ပညာရေးကောလိပ် (DTED) ဝင်ခွင့်များကိုခေါ်ယူလိုက် ပြီဖြစ်ကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ် အတွက် ပညာရေးကောလိပ် (DTED) လုပ်ငန်းခွင်အကြို ဆရာ အတတ်ပညာ ဒီပလိုမာ နှစ်နှစ်သင် တန်း အမှတ်စဉ်(၂၀/၂၀၁၅) ဝင် ခွင့်များကို ခေါ်ယူနေပြီဖြစ်ရာ ယခု နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင် မြင်ပြီး ဒီဇင်ဘာ ၁ ရက်နေ့တွင် အသက်၂၂ နှစ်ထက်မကြီးသူ မည် သူမဆို လျှောက်ထားနိုင်ကြောင်း သိရသည်။

''ရန်ကုန်ဆိုရင် ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံးမှာ လျှောက် လွှာတွေကိုသွားထုတ်ရပါမယ်။ တင် တာကတော့ မြို့နယ်ပညာရေးမှူး ရုံး တွေကိုတင်ပေးရပါမယ်''ဟု ဗဟန်း မြို့နယ် လက်ထောက်ပညာရေးမှူး ကပြောသည်။

ဝင်ခွင့်လျှောက်လွှာများကို စက် တင်ဘာ ၁၁ ရက်ထက် နောက်မကျ ဘဲ သက်ဆိုင်ရာမြို့ နယ်ပညာရေးမှူး ရုံးများသို့ ပေးပို့သွားရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ သင်တန်းသားနှင့် သင်တန်းသူကို ၁ အချိုး ၃ဦးနှုန်းရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

''ဆယ်တန်းရမှတ် ဘယ်လောက် ရရင် လျှောက်လို့ရမယ်ဆိုတာတော့ မသိသေးပါဘူး။ မနှစ်က ပညာရေး တက္ကသိုလ်ဝင်ခွင့်ကိုမရတဲ့ကျောင်း သား၊ ကျောင်းသူတွေက ပညာရေး ကောလိပ်ကိုဝင်ကြတယ်။ မနှစ်က ပညာရေးကောလိပ် ၄၇၄ မှတ် လောက်ကိုမရတဲ့ကလေးတွေက ၄၇၀ လောက်နဲ့ ပညာရေးကောလိပ် လျှောက်ကြတယ်။ ဒီနှစ် ဘယ် လောက်နဲ့ဖြတ်လဲဆိုတာတော့ မသိ သေးဘူး။ ၄၀၀ ကျော်လောက် က တော့ ပုံမှန်ပဲ။ မနှစ်က စစ်ကိုင်း တိုင်းပညာရေးကောလိပ်က ၄၂၂ မှတ် နဲ့ဝင်ခွင့်ပေးတယ်''ဟု ပညာရေး ကောလိပ်တစ်ခုမှ ကျောင်းအုပ် တစ်ဦးက ပြောသည်။

လုပ်ငန်းခွင်အကြို ဆရာအ တတ်သင်တန်းကို တိုင်းဒေသကြီး ပြည် နယ်အလိုက်၊ ခရိုင်အလိုက် သင် တန်းသားရွေးချယ်ရာတွင် ဒေသခံ တိုင်းရင်းသားများကို ဦးစားပေးရွေး ချယ်လေ့ရှိကြောင်းသိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေးကောလိပ်ပေါင်း ၂၀ ခု ရှိပြီး တစ်နှစ်လျှင် သင်တန်းသား၊ သင်တန်းသူ ၉၀၀၀ ဝန်းကျင် မွေး ထုတ်ပေးနေကြောင်း သိရသည်။

ATK
‎Democracytoday‬

No comments:

Post a Comment