Wednesday 22 July 2015

စစ်ကိုင်း ငလျင်ပြတ်ရွေ့ပေါ်တွင် အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ် သွားခြင်းကြောင့် ဒေသ ခံများသတိရှိနေသင့်

စစ်ကိုင်းငလျင် ပြတ်ရွေ့ပေါ်ရှိ ဖြူးအပိုင်းတွင် အင် အားရစ်ခ်ျတာစကေး ၄ ဒသမ ရ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ် သွား ခြင်းကြောင့် ဒေသခံများအနေဖြင့် သတိထားနေထိုင်သင့်ကြောင်း မြန် မာနိုင်ငံ မြေငလျင်ကော်မတီမှ အ တွင်းရေး မှူး ဦးသူရအောင်က ပြော သည်။

အဆိုပါမြေငလျင် သည် ယနေ့ နံနက် ၈ နာရီအချိန်နီးပါးက ကမ္ဘာ အေးမြေ ငလျင် စခန်းမှ မြောက် ဘက် မိုင် ၁၆၀ ခန့် ရေတာရှည်မြို့ ၏ အနောက်တောင် ဘက်ခြောက်မိုင် အကွာ ဗဟိုပြုလှုပ်ခတ် ခဲ့ခြင်းဖြစ် ကြောင်း သိ ရသည်။

ဦးသူရဇော် က ''မလှုပ်တာကြာ တော့ သတိထားရမယ့်အပိုင်းပါ ။အင်အား မကြီးပေ မယ့်လဲ သတိထား သင့်ပါတယ်။ မလှုပ်တာက နှစ်တော် တော် ကိုကြာခဲ့ပြီး ကျွန်တော်တို့အ နေနဲ့ကတော့ စောင့်ကြည့်နေပါတယ်'' ဟု ပြောသည်။

ကမ္ဘာမြေကြီးအောက်ရှိ ရုတ်တ ရက်ကျိုးပြတ် ရွေ့လျားမှုကြောင့်ဖြစ် ပေါ် လာသောမြေသားများ ပြင်းထန် စွာတုန်ခါခြင်း ကို မြေငလျင် လှုပ်ခြင်း ဟုခေါ်ဆိုပြီး မြေငလျင်လှုပ်ရခြင်း အကြောင်းများမှာ မြေအောက် ကျောက် လွှာ များ လှုပ်ရှားမှု (အဖြစ် အများဆုံး၊ အပြင်းထန်ဆုံး၊ ပျက်စီး ဆုံးရှုံးမှုအများ ဆုံး)၊ မီးတောင်ပေါက် ကွဲခြင်းကြောင့် ကမ္ဘာ့မြေထုချပ်ကြီး များ တစ်ခုနှင့် တစ်ခု တွန်းကန်မှု (သို့) ကျွံကျနိမ့်ဆင်းသွားမှု (ပျက်စီးအား ပြင်း ထန်လေ့ မရှိ)၊ လူတို့၏လုပ်ဆောင် မှုများဖြစ်သည့် ဖောက် ခွဲမှုကဲ့ သို့သော ပေါက် ကွဲအား ပြင်းထန် သည့်အရာ များကြောင့်ဖြစ်သည်။

၁၉၃ဝပြည့်နှစ် ဒီဇင်ဘာ ၃ရက် တွင် ပြင်းအား RM ၇ ဒသမ ၃ လှုပ် ခတ်ခဲ့ပြီး ဖြူးမြို့တွင် အဆောက်အ အုံအချို့ပျက်စီးခဲ့ပြီး လူ ၃၀ သေ ဆုံးခဲ့ကြောင်း သိရသည်။

AA
‎Democracytoday‬

No comments:

Post a Comment