Wednesday 22 July 2015

ရေကူးအသံလွှင့်စက်ရုံဝင်းတွင် မီဒီယာနှင့်ပတ်သက်သည့် အဆောက်အအုံ များဆောက်လုပ်ခြင်းနှင့် လက်ရှိအသံလွှင့်စက်ပစ္စည်းများပြောင်းရွှေ့ တည်ဆောက်ရေးနှင့်ပတ်သက်ပြီး တင်ဒါခေါ်ယူခဲ့ရာ တင်ဒါအောင်မြင် သူမရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနထုတ်ပြန်

မရမ်းကုန်းမြို့နယ် ရေကူးအသံလွှင့်စက်ရုံဝင်းနေရာတွင် မီဒီယာနှင့်ပတ်သက်သည့် အဆောက် အအုံများဆောက် လုပ်ခြင်းနှင့် လက် ရှိအသံလွှင့်စက်ပစ္စည်းများ ပြောင်းရွှေ့ တည်ဆောက်ရေးနှင့် ပတ်သက်ပြီး တင်ဒါခေါ် ယူခဲ့ရာ တင်ဒါအောင်မြင် သူမရှိကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန အဆောက်အအုံများဆောက် လုပ်ခြင်း၊ ရောင်း ချခြင်း၊ ငှားရမ်းခြင်း လုပ်ငန်းကော်မတီမှ ဇူလိုင် ၂၀ ရက် က တရားဝင်သတင်း ထုတ်ပြန်လိုက် ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန် မာ့အသံနှင့်ရုပ်မြင်သံကြား၊ ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ ရေကူးအသံလွှင့် စက်ရုံဝင်းနေရာ တွင် စက်ရုံဧရိယာအတွင်း အိမ်ရာ များ၊ ရုံးခန်းများ၊ ဆိုင်ခန်းများနှင့် မြေ များအား အခြားသူတစ်ဦးဦးသို့ရောင်း ချခြင်း၊ ငှားရမ်းခြင်းမပြုဘဲ မီဒီယာနှင့် ပတ်သက်ဆက်စပ်သည့် အဆောက် အအုံများဆောက်လုပ်ခြင်း လုပ်ငန်း ဆောင် ရွက် ရန်နှင့် လက်ရှိအသံလွှင့် စက်ပစ္စည်းများကို သင့်လျော် သည့်နေ ရာသို့ ပြောင်းရွှေ့တည်ဆောက်ရန် တင်ဒါခေါ်ယူခဲ့ရာ တင်ဒါပိတ် သိမ်း သည့် ဇွန် ၁၉ ရက်နေ့အထိ ကုမ္ပဏီ ခြောက်ခုမှ တင်ဒါပုံစံများ လာရောက် ဝယ်ယူခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ဆောင် ရွက် ရမည့်လုပ်ငန်းများမှာ လုပ်ငန်း ပမာဏကြီးမားသည့်အတွက် တင် ဒါဝယ်ယူသူများအနေဖြင့် တင်ဒါစည်း ကမ်းချက်ပါအဆိုပြုလွှာတွင် ပါဝင်ရ မည့် အချက်အလက်များကို ပြည့်စုံ စွာပြုစုခြင်း၊ ဆောင်ရွက်မည့်လုပ်ငန်း အလိုက် ဒီဇိုင်းပုံစံများအပါအ ဝင်အ သေးစိတ် စီမံချက်ကို ရေးဆွဲတင်ပြရ မည်ဖြစ်သဖြင့် အချိန်လုံလောက် စွာ ရရှိစေရန်အတွက် အဆိုပြုလွှာတင် သွင်းရမည့်ရက်ကို ယခုနှစ် ဇွန် ၁၉ ရက်အစား ဇူလိုင် ၁ရ ရက်နေ့သို့ တစ်လတိုးမြှင့်သတ်မှတ်ပေးခဲ့သည်။
ယခုအခါ တင်ဒါပိတ်သိမ်းရန် သတ်မှတ်ထားသည့် ဇူလိုင် ၁၇ ရက် အထိ ကုမ္ပဏီနှစ်ခုမှ အဆိုပြုလွှာတင် သွင်းခဲ့ကြောင်း ဇူလိုင် ၂၁ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြ ချက်အရသိရသည်။

အဆိုပါကုမ္ပဏီနှစ်ခု၏ တင် သွင်းလာသောအဆိုပြု လွှာများကို ပဏာမလေ့ လာ ဆန်းစစ်ချက်များ အရ ပြန်ကြားရေးဝန်ကြီးဌာနမှ သတ် မှတ်ထားသည့် အခြေခံလိုအပ်ချက် များနှင့် ကိုက်ညီမှုမရှိသည့် အတွက် ရေကူးစက် ရုံဝင်းနေရာတွင် မီဒီယာ နှင့်ပတ်သက် သည့်အဆောက် အအုံ များဆောက် လုပ်ခြင်းနှင့် လက်ရှိအ သံလွှင့်စက်ပစ္စည်းများကို သင့်လျော် သည့်နေရာ သို့ ပြောင်းရွှေ့ တည် ဆောက်ရေးနှင့်ပတ်သက်သည့် တင် ဒါအောင်မြင်သူ မရှိကြောင်း ပြန်ကြား ရေးဝန်ကြီးဌာန၊ အဆောက်အအုံများ ဆောက် လုပ်ခြင်း၊ ရောင်းချခြင်း၊ ငှား ရမ်းခြင်း လုပ်ငန်းကော်မတီက သတင်း ထုတ်ပြန်ခဲ့ သည်။

KMZ
Democracytoday‬

No comments:

Post a Comment