Wednesday 22 July 2015

အဖေ့ခြေရာ၊ အမေ့ခြေရာခံယူပွဲ ကျင်းပမည်

စစ်ကိုင်းမြို့နယ်၊ နန်းတည်နှစ် (၇၀၀) ပြည့် အထိမ်းအမှတ်အဖြစ် အဖေ့ခြေရာ၊ အမေ့ခြေရာ ခံယူပွဲ ကျင်းပမည်ဖြစ်သည်။

အဆိုပါပွဲကို ဓမ္မဒူတ ဒေါက်တာအရှင် ဆေကိန္နက ဦးစီး၍ စစ်ကိုင်းမြို့တည် နန်းတည်နှစ် (၇၀၀) ပြည့် ပွဲတော်ကြီး ကျင်းပမည့်ရက် (၂၆၊ ၂၇၊ ၂၈) ရက်တို့တွင် စစ်ကိုင်းမြို့၊  ပါရမီ ရပ်ကွက်အတွင်းရှိ အနှစ် (၇၀၀) ပြည့် အားကစားကွင်းကြီးအတွင်း ကျင်းပသွားမည် ဖြစ်သည်။

“ကျွန်တော်တို့ ဗုဒ္ဓဘာသာလို တွက်မယ်ဆိုရင် ကိုယ့်အဖေနဲ့ အမေခြေရာကို ဘုရားလို ကိုးကွယ်တယ်ဆိုတဲ့ သဘောမျိုးလေးနဲ့ အဲဒီရည်ရွယ်ချက်နဲ့ လုပ်ပြီး၊ ဘုရားစင်ပေါ်မှာ အဖေ၊ အမေ ခြေရာပါတဲ့ ပိတ်စလေးကို မှန်ဘောင်နဲ့ဖြစ်စေ၊ မှန်ကာနဲ့ ဖြစ်စေ တင်ပြီး၊ ဘုရားရှိခိုးတိုင်း ကိုယ့်အဖေနဲ့ အမေကို သတိရအောက်မေ့မှုဖြင့် ကုသိုလ် ပြုလုပ်ချင်တဲ့ သူတွေကို ကျွန်တော်တို့အဖွဲ့က ဒါနပြုလုပ်ပေးတာပါ”ဟု အဖေ့ခြေရာ၊ အမေ့ခြေရာ ခံယူပွဲ ဖြစ်မြောက်ရေးအဖွဲ့မှ ဦးဝင်းမြင့်က ပြောသည်။

အဖေ့ခြေရာ၊ အမေ့ခြေရာ ခံယူလိုသော မိသားစုများ အနေဖြင့် (၀၉-၄၀၀၄၅၆၃၆၄) ဦးအောင်မြင့်ခိုင် (၀၉-၂၀၃၄၂၅၉) ဦးတင့်လွင် (၀၉-၅၁၀၇၉၈၇) တို့ထံတွင် ဆက်သွယ်စာရင်းပေး နိုင်သည်။

Messenger News Journal​ 

No comments:

Post a Comment